Saturday, 23 April 2011

ရှမ်းမုန့်တီအရည်

လိုအပ်တာက ခရမ်းချဉ်သီး ပဲပုပ်ချပ် မကျည်းသီး ငရုတ်သီးခြောက်
 ရှမ်းငရုတ်ကောင်း နံနံပင် ရှမ်းနံနံနဲ့ မုန့်ဖတ်



ရှမ်းငရုတ်ကောင်းကိုမွှေးနေအောင်လှော်ထား



ဒါကတော့ ပဲပုပ်မီးကင်ရယ် ငရုတ်သီးခြောက်လှော်နဲ့ ရှမ်းငရုတ်ကောင်းလှော်ကို ညက်နေအောင်ထောင်းထားတဲ့ အမှုန့်



ကဲရပါပြီ...ရှမ်းမုန့်တီအရည်....


ပန်းကန်ထဲကို မုန့်ဖတ်ထည့် မကျည်းသီးနဲ့ခရမ်းချဉ်သီးပြုတ်ထားတဲ့အရည်ဆမ်း သုံးမျိုးစပ်ထောင်းထားတဲ့ အမှုန့်ကိုထည့် နံနံပင်နဲ့ ရှမ်းနံနံဖြူး ဆား အချိုမှုန့်ခပ်ပြီးရင် သောက်လို့ရပြီ...။ ချဉ်စပ်လေးနဲ့ ပဲပုပ်နဲ့ ရှမ်းငရုတ်ကောင်းနံ့မွှေးတေးတေးနဲ့ သောက်လို့ကောင်းတယ်ဗျ...။


မိုးငွေ့

3 comments:

စံပယ်ချို said...

ရှမ်းပြည်ကလာပြီးခုမှစမ်းချက်စားဖြစ်တယ်
ကျေးကျေးနော်

Mon Petit Avatar said...

တခါမှမစားဖူးပေမည့် စားချင်စရာပါလားနော်

phyu said...

Hi..Moe

visiting your post, from which shan state???

with best wishes

Nang Myint