Friday, 8 April 2011

သရက်သီးသုပ်

မချစ်စုသရက်သီးကိုခြစ်ထားတာ



ခြစ်ထားတဲ့ သရက်သီးထဲကို ငံပြာရည် ငရုတ်သီးမှုန့် သကြား ဆားနဲ့ ငါးပိမီးဖုတ်ထားတာနည်းနည်း
သရေတောင်ယိုလာပြီ... ကဲ... အားရပါးရ နယ်ဖို့ အဆင်သင့်ပဲ....



အမလေး.......ကောင်းလိုက်တာနော် ဆွေမျိုးမေ့လောက်တယ်.....



တစ်နေ့က ဂျင်းဂျင်း(အင်ကြင်းသန့်)က မျက်နှာစာအုပ်မှာ သရက်သီးစားချင်ကြောင်း ရေးထားတာ တွေ့လိုက်တယ်..။ သူရေးထားတာကိုဖတ်ပြီး ကိုယ်လဲစားချင်လာတာနဲ့ ညဈေးရောက်တုန်း မချစ်စုကို တစ်ထောင်ဖိုး ငါးလုံးဝယ်လာလိုက်တယ်...။ အဟဲ...အရမ်းကိုစားချင်နေလို့ ညစာထမင်းစားပြီးတာနဲ့ သရက်သီးနှစ်လုံးကိုချက်ချင်းခွာပြီး သုပ်လိုက်တာ...။ ကျမသရက်သီးသုပ်က ထမင်းနဲ့စားတဲ့ ကြက်သွန် ဆီချက်ပါတဲ့ အသုပ်မျိုးမဟုတ်ဘူး....။ အအီပြေ သရေစာသဘောမျိုးသုပ်ထားတာ ... ရှူးရှဲ ရှူးရှဲနဲ့ စားကြည့် သိပ်ကောင်းတယ်....။ အဟီးး နောက်နေ့ သွားကျိန်းပြီး ထမင်းမစားနိုင်ရင် တာဝန်မယူဘူးနော်...။


မိုးငွေ့

4 comments:

Angelhlaing(May everybody be happy and healthy! said...

စားချင်လိုက်တာနော်.... သားရေတောင် ကျလာပြိ. ချလွတ်..ချလွတ်...:P:P:P
မမရေ ကောင်းသောနေ့လေး ဖြစ်ပါစေ.။

rose of sharon said...

အရမ်းကြိုက်တယ်...အဲလိုဆီမပါဘဲသုတ်တာလေး...

အင်ကြင်းသန့် said...

အားပါးပါး.....မမိုးနော်...လူတွေကို အားကြီးနှိပ်စက်တယ်.... :)))

ဒါနဲ့ ဂျင်းဂျင်း(အင်ဂျင်းသန့်)ဆိုတာ ဘယ်သူပါလိမ့်....(((အမ်))) :D :D

Cameron said...

အဟိ... ဂျင်းနာမည်ကို စလုံးပေါင်းတာ ရောယောင်သွားလို့ ဘွာတေး ဘွာတေး...ဟ ဟ..