ကျမ ကြက်သားခုတ်တာ တော်တော်ညံ့သေးတယ်လို့ ၀န်ခံပါတယ်....
ခြောက်ဆယ်သားလောက်(CPကြက်ထက် မြန်မာကြက်ကိုသုံးရင် ပိုကောင်းပါတယ်) ကြက်နုနုတစ်ကောင်ကို ရေစင်စင်ဆေးပြီး ဆားခတ်ထားတဲ့ ရေနွေးဆူဆူထဲကို ဆယ့်ငါးမိနစ်ထည့်ပြုတ်....။ ပြီးရင် ကြက်သားကိုဆယ်ပြီးအဆေးခံထားတဲ့အချိန်မှာ ကြက်သားပေါ် လောင်းထည့်မယ့်ဆော့ကိုလုပ်မယ်....။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို ဓါးပြားရိုက် နုပ်နုပ်စင်းထား ဂျင်းကိုအချောင်းလေးတွေ ပါးပါးလှီး နံနံပင်လှီးပြီး ပန်းကန်ထဲထည့်ထား ...။ အဲဒီထဲကို ပဲပိစပ်ငံပြာရည်အကြည်ရယ် ပဲဆီသန့်သန့်အနည်းငယ်နဲ့ သံပုရာသီးတစ်စိပ်ညှစ်ထည့် မွှေထားလိုက်...။ ကဲ ခုလောက်ဆို ကြက်သားလဲ အေးလောက်ပြီ ..။ ကြက်ကောင်လုံးပြုတ်ကို စဉ်းတုံးခပ်ကျယ်ကျယ်မှာ အသားခုတ်တဲ့ ဓါးမနဲ့ အတုံးလှလှလေးတွေခုတ်ထစ်ပြီး ပန်းကန်ပြားထဲစီထည့် စောစောကလုပ်ထားတဲ့ ဆော့စ်ကိုအပေါ်ကဆမ်းလိုက်....အရသာက အဲဒီဆော့စ်မှာ အဓိကပဲ....။ ဆော့စ်ကောင်းမှ ကြက်သားလဲစားကောင်းမယ်...။
မိုးငွေ့
5 comments:
ကြက်ခုတ်တာ ဘာပဲပြောပြော တို့ထက်တော့သာပါတယ်လေ
ဟုတ်တယ်...ကြက်သားတုံးလှလှခုတ်တတ်အောင် ကြက်ကင်ဆိုင်မှာ training သွားဆင်းရမယ်နဲ့တူပါတယ်...း)
ကြက်သားပြုတ်တောင် စားကောင်းအောင်လုပ်တတ်တဲ့ မမိုး
သွားရေကျချင်စရာနော်
chicken rice တော့ ညီးလှပြီ မမိုးရေ...၊စားစရာမရှိ....ဒါပဲ
ဝယ်စားနေရလို့....:(((
ကြက်သားခုတ်နည်း လာသင်ဦးမှ...
Post a Comment