ရုံးမှာတစ်ခါမှ ဒါမျိုးမလုပ်စားဖူးဘူး သင်္ကြန်ဆို...။ အရင်က ရုံးမှာ မိန်ကလေးနည်းတော့ ရုံးပိတ်ခါနီး ဘဲကင်လေး ဘီယာလေးနဲ့ပဲပြီးတတ်တယ်....။ ဒီနှစ်တော့ မိန်ကလေးအင်အားကလည်းတောင့် ကိုရွှေယောကျာင်္းတွေက နယ်ပြန်သူပြန်ဆိုတော့ ရုံးမှာ နှစ်ကူးအကြိုမုန့်လေးလုပ်စားဖို့ ကျမကပဲ ဦးဆောင်လိုက်တယ်...။ တခြားရုံးက အမတွေကိုလဲ ဖိတ်ကျွေးသေးတယ်...။ သူများရုံးက ရွှေရင်အေးတော့ သွားမသောက်ဖြစ်ဘူး....။ အဝေးရောက် အစ်ကိုတွေ မောင်တွေ အစ်မတွေ ညီမတွေအတွက် အလွမ်းပြေအတာသင်္ကြန်ရဲ့ မုန့်လုံးရေပေါ်လေးကို တင်ပေးလိုက်ပါတယ်....။ နှစ်သစ်မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာရှိကြပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်...။
မိုးငွေ့
9 comments:
မုန့်လုံးရေပေါ် စားချင်နေတာ ညီမမိုးရဲ့....မနှစ်က အိမ်မှာ လုပ်စားတယ် ဒီနှစ်တော့ ပျင်းနေတာနဲ့ပဲ....
စကားမစပ် ဆံပင်တွေ ညှပ်လိုက်တယ်ဟုတ် :))
ဟုတ်ပါ့...မုန့်လုံးရေပေါ်စားချင်လိုက်တာ...၊ခုမှသတိရ
တယ်...၊ဒီက သင်္ကြန်ပွဲမှာ မုန့်လုံးရေပေါ်မတွေ့လိုက်မိ
ဘူး...:((
သုံးယောက်စလုံး လက်ကောဆေးကြရဲ့လား.. :P
မုန့်လုံးရေပေါ်လေးကိုစားချင်တယ်။
စားချင်လိုက်တာနော်... သူများတွေများ ပျော်စရာကြိး...:):)
မမိုး.........
ပိုချော...
ပိုနုလာတယ်....
ချစ်လိုက်တာ ...ဟိ
ညီမ ရေ
ကြာဇံဟင်း လေးသောက်ချင်တယ်
အမရွှေစင်
နောက်တစ်ပတ် ပြန်လာမှာနော် ...
မုန့်လုံးရေပေါ်လုပ်ကြွေးရမယ် ...
ခုတော့ သရေပဲယိုသွားတယ် ... :P
ပိုလို့တောင်လှလာသလိုဘဲ အမြဲကွန်မက်မရေးဖြစ်ပေမဲ့အမြဲလိုလိုဖတ်ဖြစ်တယ် ကြိုက်လိုက်ပါနော်။ လာရေးသွားတယ်လို့သဘောထားပြီး
Post a Comment