Tuesday, 15 October 2013

ချိုမြိန်တနင်္ဂနွေ.....




တနင်္ဂနွေမိုးသည်းသည်းနေ့လည်ခင်းတစ်ခုမှာ မိုးအေးအေးနဲ့သီချင်းလေးကို နားကျပ်တပ်ပြီး တစ်ယောက်တည်း လက်ဖက်ရည်တစ်ခွက်နဲ့ငြိမ့်နေတုန်း…. ကိုယ့်ရှေ့မှာ ဘာတွေလာပြောနေမှန်းမသိတဲ့ ပိန်ပိန်ရှည်ရှည် အသက်နှစ်ဆယ်အရွယ်ကောင်လေးတစ်ယောက်…။ သူဘာပြောမှန်းမကြားရလို့ နားထဲက နားကျပ်ကိုဖြုတ်လိုက်တယ်…။

“ဘာပြောတာလဲ မောင်လေး…”


“အော် ဆော်ရီး အစ်မသီချင်းနားထောင်နေတာထင်တယ်…”


“ရပါတယ် ဘာပြောချင်လို့လဲ…”


ကောင်လေးက ဝတ်ထားတဲ့ ပုဆိုးခပ်တိုတိုကို တစ်ချက်ဆွဲစေ့ရင်း…


“အစ်မက အိန်ဂျယ်အကြောင်းစာရေးတဲ့အစ်မ မဟုတ်လား” တဲ့…။ 
ကိုယ်သဘောကျစွာ သူ့ကိုမဖြေသေးဘဲ တစ်ချက်အသံထွက်ရယ်လိုက်မိသွားတယ်…။ ကိုယ့်ကို ကိုယ့်နာမည်ထက် အိန်ဂျယ်နဲ့တွဲမှတ်နေတတ်ကြတာဟာ အိန်ဂျယ်ရဲ့အောင်မြင်မှုလို့ခေါ်မလား…။

“မင်းက ကိုယ့်စာတွေတော်တော်ဖတ်ဖူးလို့လား…”


“ဟုတ်..အစ်မရေးသမျှအက်ဆေးတွေအကုန်ဖတ်တယ် အဓိကကတော့ မကုန်ဆုံးနိုင်တဲ့ အိန်ဂျယ် အက်ဆေးတွဲကို အကြိုက်ဆုံးပဲ…. ဘယ်လိုပြောမလဲဗျာ… အစ်မအရေးအသားတွေက ဘာမှ ဟဲဗီးမပါဘူး ပေါ့ပေါ့ပါးပါးငြိမ့်ငြိမ့်ညောင်းညောင်းလေးလို့ ဖတ်ပြီးရင် ခံစားမိတယ်…ပြီးတော့ တစ်ပုဒ်ဖတ်ပြီးတိုင်းလည်း နောက်အက်ဆေးတွေမှာဘာတွေထပ်ရေးဦးမလဲလို့လဲ မျှော်လင့်ချက်တွေနဲ့ စွဲလန်းမှုကိုပေးတယ်ဗျ…”

အမယ်… သူက ကိုယ့်အက်ဆေးတွေကို အဲလောက်ထိဝေဖန်တတ်နေတာ သူတော်တော်လေး ဖတ်ထားပုံရပါတယ်…။ မကုန်ဆုံးနိုင်တဲ့ အိန်ဂျယ်အက်ဆေးတွဲတဲ့ အဲစကားကိုတော့ ကြိုက်တယ်…။ ဟုတ်တယ်…။ ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းတစ်ခုကို ကိုယ်အသက်ရှင်သရွေ့ ရေးနေ ဦးမှာပဲလေ...။

“အစ်မ စာအုပ်ထုတ်ဖို့အစီစဉ်မရှိဘူးလား… ကျွန်တော်တို့သူငယ်ချင်းတွေ အားပေးနေပါတယ်… စာအုပ်မထုတ်ဖြစ်သေးလည်းကိစ္စမရှိပါဘူး လောလောဆယ် ကျွန်တော်ဝယ်ခဲ့တဲ့ အစ်မလို ဘလော့ဂါတွေစုပြီးထုတ်တဲ့ “သက်တံဆယ်စင်း”စာအုပ်လေးမှာတော့ အစ်မလက်မှတ်လေး အမှတ်တရလိုချင်ပါတယ်…”…။


ဟာဟ… လုပ်ကြပါဦး…။ ကိုယ့်လက်မှတ်ကိုလိုချင်တာတဲ့…။ ကိုယ့်ဘာသာ ကိုယ်တောင်  ကော်လံ ထောင်ချင်သွားတယ်…။ ဒါပေမယ့် ကိုယ်ပါဝင်ရေးသားထားခြင်း မဟုတ်ပေမယ့် ကိုယ့်စီနီယာ အစ်ကိုအစ်မတွေ မောင်ညီမတွေရေးထားတဲ့ စာအုပ်လေးမှာ သူတို့ရဲ့ အရေးအသားခံစားမှုကို ဦးညွှတ်တဲ့ အနေနဲ့ ဒီစာအုပ်လေးမှာ သူတို့ကိုယ်စား လက်မှတ်ထိုးပေးရတယ် ဆိုတာ ဂုဏ်ယူစရာပါ..။

ကိုယ်မဆိုင်းမတွပဲ သူထုတ်ပေးတဲ့ စာအုပ်ရဲ့ ပထမစာမျက်နှာလွတ်မှာ ထုံးစံအတိုင်း အမှတ်တရများစွာဖြင့် ဆိုပြီး စာမျက်နှာရဲ့ သုံးပုံတစ်ပုံလောက်ရှိတဲ့ ကိုယ့်လက်မှတ် ကြီးကြီးအောက်မှာ နေ့စွဲလေးပါ ထည့်ပေးလိုက်တယ်..။ 

“ကျေးဇူးအစ်မ..”

“မဟုတ်တာ… ကိုယ့်ကကျေးဇူးတင်ရမှာ ကိုယ့်စာတွေကိုခုလိုအားပေးတဲ့အတွက်ရော အတိုင်းမသိဘဲ ဝမ်းသာမိပါတယ်…ကိုယ့်ကို နာမည်နဲ့ ဖုန်းနံပါတ်လေးပေးထားခဲ့ပါလား.. စာအုပ်ထုတ်ဖြစ်ဖို့မရှိသေးပေမယ့် တချိန်ချိန်မှာ ထုတ်ဖြစ်ခဲ့သည်ရှိသော် မောင်လေးကို လက်ဆောင်ပို့ပေးချင်လို့ပါ…”

ကိုယ့်ဖုန်းမှာ သူ့နေရပ်လိပ်စာ ဖုန်းနံပါတ်နဲ့ နံမည်ကို ထည့်ထားလိုက်တယ်…။

ကောင်လေးသူ့ဝိုင်းကိုပြန်ထသွားတော့ အေးစက်နေပြီဖြစ်တဲ့ လက်ဖက်ရည်တစ်ဝက်ကို တွန်းဖယ်ရင်း ပေါ့ဆိမ့်နောက်တစ်ခွက်ကိုထပ်မှာလိုက်မိတော့တယ်….။ 

...........................................................................................................
အိန်ဂျယ့်အတွက် High light တချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
............................................................................................................



အိန်ဂျယ်ရေ… မင်းကိုမတွေ့ချင်တော့ဘူးဆိုတာ ကိုယ်ညာပြောခဲ့တာလို့ မင်းမထင်ဘူးလား….။(အိပ်မက်နတ်ဆိုး)

ကိုယ်သိပ်ကို စိတ်ကူးယဉ်သွားပြီလို့ မင်း ဒီအက်ဆေးလေးကိုဖတ်ရင်း ရယ်(ရီ)နေမလားပဲနော်...။ ကိုယ့်မျက်ရည်တွေနဲ့သီထားခဲ့တဲ့ စကားလုံးတွေ မင်းနှုတ်ခမ်းထက် အပြုံးတစ်ပွင့်ဖြစ်သွားခဲ့လည်း ကိုယ်ကျေနပ်တယ် အိန်ဂျယ်.....။(အိပ်မက်နတ်ဆိုး)
သိပ်လှတဲပ တနင်္ဂနွေမိုးသည်းတစ်ခု ကော်ဖီရနံ့မွှေးမြတဲ့ မိုးသည်းသည်းနေ့တစ်ခု စတဲ့ စတဲ့ မိုးနေ့ရက်တွေကို ကိုယ့်အတွက် မင်းဖန်တီးပေးခဲ့ဖူးတယ်....။(မိုးရာသီလက်ဆောင်)
လသာဆောင်ကနေမျှော်ကြည့်တော့… တိမ်ညိုတွေက အုပ်အုပ်ဆိုင်းဆိုင်း….။ ကိုယ့်ကိုအမြဲပြုံးပြနေကျ လမင်းကြီးမရှိ… လင်းလက်မှိတ်တုတ်နေတဲ့ ကြယ်ကလေးတွေမရှိ….။ ငွေကြယ်စင်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိ….။( Dream Lover )

ခုဆို... ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးရောင် ခပ်မှိုင်းမှိုင်းတွေ အုပ်ဆိုင်းလို့... ကိုယ်သိပ်နှစ်သက်တဲ့ အရောင်အောက်မှာ မိုးအေးအေးနဲ့ ကိုယ့်ချစ်တဲ့မင်းနဲ့အတူ ကော်ဖီသောက်ခွင့်ရချင်သေးတယ်....။(အကြည့်)
ကိုယ်ဆိုတဲ့ မိန်းမဟာ….မင်းအတွက် ဘာသာပြန်ရခက်ခဲတဲ့ စာမျက်နှာတစ်ခုတဲ့လား အိန်ဂျယ်……။(အဖြူရောင်ချစ်ခြင်းတရား)
တည်ငြိမ်တဲ့ကန်ရေပြင်ကျယ်ကြီးဟာ ကိုယ့်ကို ကိုယ်စားပြုတယ်ဆိုရင် ရေပြင်ကြီးကို ဘောင်ဘင်ရိုက်ခတ်သွားနိုင်အောင်စွမ်းတဲ့ မိုးစက်မိုးပေါက်ရိုင်းလေးတွေက မင်းပေါ့ ဟုတ်လား အိန်ဂျယ်..။ (မိုးထဲလေထဲ)

သနပ်ခါးရေကျဲခပ်ပါးပါးလေးလိမ်းနေရင်းနဲ့ “မမ သနပ်ခါးလိမ်းတာ ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး”လို့ ပြောခဲ့တဲ့ မင်းကို သတိရသွားတယ်…။ ခုချိန်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကိုယ့်ကိုမြင်တွေ့ခွင့်ရရင်… “မမပါးပြင်က သနပ်ခါးလေးနမ်းမွှေးကြည့်စမ်းချင်ရဲ့”လို့ မင်းပြောလေမလား အိန်ဂျယ်… ဟင်…။ (မိုးစက်အောက်ကပန်းတစ်ပွင့်)
မိုးဦးရဲ့ မိုးစက်ပေါက်အေးတွေအောက်မှာ… ယိမ်းနွဲ့နေတဲ့ ပန်းကလေးတွေ မင်းဆီကို ရနံ့တချို့ သယ်ဆောင်လာလိမ့်မယ်…. မိုးကိုမြင်လို့ မင်းသာ ကိုယ့်ကို သတိရလွမ်းဆွတ်ခဲ့ရင်ပေါ့..အိန်ဂျယ် …..။(မိုးစက်အောက်ကပန်းတစ်ပွင့်)
တခါတခါ အဝေးတနေရာက မင်းကို တိတ်ဆိတ်စွာလွမ်းနေတတ်သော မိန်းမတစ်ယောက်ကို စက္ကန့်ပိုင်းကလေးဖြစ်ဖြစ် မင်းသတိရနေတတ်သလား………….? (လွင့်မျောပန်းတပွင့်ရဲ့ ရာဇဝင်)
တချို့လူတွေက မေးနေကြတယ်…အိန်ဂျယ့်ကိုအပြင်မှာမြင်ဖူးချင်လိုက်တာတဲ့….။ စိတ်မကောင်းပါဘူး… ကိုယ်ကိုယ်တိုင်တောင်မင်းကို မမြင်နိုင်တာ သူတို့ကို မင်းဟာ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိတယ်ဆိုတာ ဘယ်လိုပြရမလဲ…..။ တကယ်တော့ မင်းကို လူသိများအောင် ကိုယ်ဖန်တီးနေတာမဟုတ်သလို… အိန်ဂျယ်ဆိုတာ ဘယ်လိုလူတစ်ယောက်လည်းလို့ စိတ်ဝင်စားအောင် ဆွဲဆောင်နေတာလည်း မဟုတ်ပါဘူး…။ မင်းဟာ… ကိုယ့်ရဲ့ အိန်ဂျယ်တစ်ယောက်လို့ သတ်မှတ်ခံရတဲ့ လူသားတစ်ယောက်လို့ပဲ သိထားစေချင်ပါတယ်…။ မပြီးဆုံးနိုင်သော အိန်ဂျယ်စီးရီးရှည်ကြီး ဘယ်တော့အဆုံးသတ်မလဲလို့ တချို့ကလည်း စိတ်ဝင်စားကြပြန်ပါသေးတယ်…။ ဟင့်အင်း… ကိုယ်ပြောခဲ့ပြီးပါပြီ… အိန်ဂျယ်ကိုယ်နဲ့ လိုက်ပါနေသရွေ့ အိန်ဂျယ့်အကြောင်းကို ကိုယ်ဆက်ရေးနေမိဦးမှာပဲ…..။ ကမ္ဘာဆုံးတဲ့နေ့အထိ အိန်ဂျယ်ရှိနေမှာပါ….။(ကွန်) 
ဒီညမှာတော့ “ကျွန်တော်တို့ မီးပုံပွဲကိုလာခဲ့နော် အစ်မ”လို့ လာခေါ်မယ့် အသားခပ်ဖြူဖြူနဲ့ သီချင်းအဆိုကောင်းတဲ့ ကိုယ့်ရဲ့ အိန်ဂျယ်ဖြစ်လာမယ့် မင်းလဲမရှိတော့ဘူး….။ ကိုယ့်အနားမှာ တရုတ်စကားပန်းဖြူဖြူတစ်ပွင့်မရှိတော့ဘူး…။ လင်းလင်းလက်လက်ကြယ်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိတော့ဘူး….။ တိုးတိတ်ညင်သာတဲ့ သီချင်းသံစဉ်တစ်ခုမရှိတော့ဘူး….။  ဒီလိုတွေးမိသွားတော့ ရင်ထဲပိုပြီးနာကျင်စူးနစ်သွားရတယ်….။ (စိတ်ကူးထဲမှာတောင် ကမ်းခြေရဲ့ညက လှတယ် အိန်ဂျယ်)

ဟုတ်တယ်…..ကိုယ်မင်းကို သတိရတယ်…လွမ်းတယ်…တမ်းတမ်းမက်နဲ့ကို လွမ်းဆွတ်ပါတယ်… ဒါပေမယ့် မင်းဆီကိုဖုန်းစခေါ်ဖို့တောင် ကိုယ့်ရဲ့ ဦးနှောက်တွေက နှလုံးသားကို အလွှာပါးပါးလေးတွေနဲ့ ခြားထားခဲ့တယ်…….။ အဲဒါဟာ မာနမဟုတ်ပါဘူး… ကန့်သတ်မှုတစ်ခုပါ…..။(ဘုရားသခင်ပေးတဲ့ပန်းသီး)
 
ဘာပဲဖြစ်ဖြစ်…. ကန့်သတ်ချက်တွေပြည့်နှက်နေခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံဆည်းမှုုဟာ မှားယွင်းမှုတစ်ခုမဟုတ်ပါဘူး…။(ဘုရားသခင်ပေးတဲ့ပန်းသီး)
  
ကိုယ်မသိလိုက်ပေမယ့် တိတ်တဆိတ်လေး ကိုယ့်နွေဦးဆီကို ကမ်းခြေရဲ့သဲမွမွသောင်ပြင်မှာလို ခြေရာလေးခပ်ဖွဖွချန်ထားခဲ့ပါ အိန်ဂျယ်……..။ (နွေဦး၃)

အိန်ဂျယ်ဆိုတာ ရုပ်ရည်ချောမောစရာမလိုပါဘူး လိမ္မာစရာမလိုပါဘူး အသက်အရွယ်ကွာခြားလွန်းတာကိုလည်း ဂရုစိုက်စရာမလိုပါဘူး…. ။ အိန်ဂျယ်လို့သတ်မှတ်ဖို့လောက်ထိ ကိုယ့်ကိုဆွဲဆောင်နိုင်တဲ့သူဖြစ်ဖို့သာလိုတာပါ…။(Angel Smile)

လက်ခံပေးပါအိန်ဂျယ်…..။ မိန်းမတစ်ယောက်အတွက် မင်းဟာ အဖြူရောင်တောင်ပံတစ်စုံကိုပိုင်ဆိုင်အုပ်မိုးခွင့်ရခဲ့ဖူးတဲ့ အိန်ဂျယ်တစ်ယောက်ဖြစ်ဖူးခဲ့တယ်ဆိုတာ မင်းသမိုင်းမှာတွင်စေခဲ့ချင်သေးတယ်…။ မင်းနဲ့ပတ်သက်ပြီး အဆုံးအစမဲ့ ရူးသွပ်မှုတွေနဲ့ပြည့်နှက်နေတဲ့ မိန်းမတစ်ယောက်….။ အိပ်မက်ကလန့်နိုးမှာကို သေမလောက်ကြောက်နေတဲ့ မိန်းမတစ်ယောက်…..။
မင်းကို ပန်းပွင့်လေးတွေလို သီကုံးနေတတ်တဲ့ မိန်းမတစ်ယောက်…။ မင်းအတောင်ပံဖြူဖြူတွေကို ကြွေကျပျက်စီးသွားမှာစိုးလို့ ခပ်ဖွဖွလေးတောင် တို့ထိမကြည့်ဖူးတဲ့ မိန်းမတစ်ယောက်…….။
ကိုယ့်အဖြစ်က စိတ္တဇဆန်လွန်းနေပြီလား…..။ ရုပ်ရှင်လည်းဆန်နေမယ်လို့ကိုယ်ထင်တယ်….။ ရုပ်ရှင်ဆန်လွန်းတော့လဲ တချိန်ချိန်မှာ စာတန်းထိုးလို့ရပ်သွားမှာစိုးရတယ်….။(စိတ္တဇရုပ်ရှင်)
 
ချစ်သောအိန်ဂျယ်…ကိုယ်သာမင်းဘဝမှာ သေဆုံးပျောက်ကွယ်သွားသူဖြစ်ချင်ဖြစ်မယ်….မင်းကတော့ ကိုယ့်ဘဝမှာ ဘယ်တော့မှသေဆုံးမသွားမယ့် ကိုယ့်အနားမှာထာဝရရစ်ဝဲနေမယ့် အဖြူရောင်အငွေ့ပါးပါးလေးတစ်ခုပါ…..။(လိမ္မော်ရောင်ညနေ)
 
အဲဒါ….ယောကျာၤးမာယာတဲ့…. အဲဒီစကားလုံးနဲ့ ကိုယ်သိပ်မကျွမ်းဝင်ဘူး…..။ ကိုယ်မသိဖူး မကျွမ်းဝင်ဖူးပေမယ့်လည်း မင်းမိတ်ဆက်ပေးလို့….. မာယာဆိုတာကိုလဲကိုယ်ချစ်တတ်ခဲ့ပြီ…။(မာယာ)

တခါတခါကျရင် ကိုယ်ဟာ အချစ်ကျိန်စာသင့်နေတာများလားလို့တောင် ကိုယ့်ကိုယ်ကိုသံသယဖြစ်မိတယ်.....။  (မိန်းကလေးတစ်ယောက်အသည်းကွဲနေသည်) 

ကိုယ်တကယ်စိတ်မကောင်းဘူး…အဲဒီညက ကိုယ့်ကိုအမုန်းများစွာနဲ့ ကျောခိုင်းထွက်သွားတဲ့ မင်းကျောပြင်ကို ကိုယ့်တစ်သက်ဘယ်တော့မှမေ့မယ်မထင်ဘူး….။ ပြီးတော့ ကိုယ့်ဖုန်းကိုဆက်ပြီး အကြာကြီးစကားလုံးတွေနဲ့ ပစ်ဖေါက်ခွဲသွားခဲ့တဲ့ မင်းအသံတွေ….။ ကိုယ်ဘာမှပြန်မပြောနိုင်ခဲ့ဘူး…။ ကိုယ်တောင်းပန်ပါတယ် အိန်ဂျယ်…ကိုယ်တကယ်တောင်းပန်ပါတယ်…. ကိုယ့်ကို အဲလိုထားမသွားပါနဲ့…..။ မင်းမရှိရင် ကိုယ့်ကမ္ဘာအမှောင်ကျသွားလိမ့်မယ်….။ ကိုယ့်စကားလုံးတွေအားလုံးသေဆုံးသွားလိမ့်မယ်……။ ကိုယ့်မျက်ရည်တွေ ချောင်းစီးကုန်လိမ့်မယ်..။(နိုဝင်ဘာ၁၄)

မင်းဟာ လတစ်စင်းဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဟာ မင်းဘေးနားက ကြယ်မှုန်မွှားလေးတစ်ပွင့်ပဲဖြစ်မှာပါ…….(လမင်းနဲ့ကြယ်စင်)

မင်းဟာ ကိုယ့်အတွက် အိန်ဂျယ်မဖြစ်နိုင်ဘူးဆိုရင်တောင်မှ မင်းအမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် အရာရာကိုဖန်ဆင်းပေးမယ့်ကိုယ်...မင်းရဲ့ အိန်ဂျယ်တော့ဖြစ်ချင်ပါတယ်...။(ရင်ဖွင့်ဖော်)

အရင်လို ကိုယ့်ကိုအားအင်တွေပေးပါလား......
အရင်လို အတောင်ပံတစ်စုံနဲ့ နွေးထွေးမှုတွေပေးပါလား...
အရင်လို သံစဉ်လှလှတေးတွားလေးတွေ ညည်းဆိုပါဦးလား.........အိန်ဂျယ်(အမှောင်ထဲကရှိုက်သံ)

စက်တင်ဘာဝတ်ရုံကိုခြုံလို့ ကမ္ဘာဆုံးထိတိုင် မင်းကိုလွမ်းတတ်တဲ့
မှော်ဆရာမတစ်ယောက်ရှိနေသေးတယ်ဆိုတာ သတိရပေးပါ.....။(စက်တင်ဘာဝတ်ရုံ)

မိုးညမှမဟုတ်ပါဘူး....အရင်တုန်းကဆို ညတွေတိုင်းမှာ မင်းက ကိုယ့်အတွက်လေပြေလေးဖြစ်ခဲ့ဖူးတာပါ...။
အိပ်မက်တွေတောင်...ကိုယ့်ဆီရောက်မလာတတ်တော့ဘူး....အဲလောက်ထိ မင်းစိမ်းပြတ်တာ...။
အလွမ်းတွေဟာ...ကိုယ့်ရဲ့ ကောင်းကင်စက်ဝန်းမှာ တိမ်ညိုတွေပမာပိန်းပိတ်နေသလိုပဲ...
အုံမှိုင်းပြီး ရွာချဖို့ခက်ခဲနေလေရဲ့...။(မိုးညလေပြေ)
 
 
ဇွန်လရဲ့ မိုးသက်လေမှာ စကားပန်းတွေက ထုံအီမွှေးပျံ့လို့…။
ကောင်းကင်ကြီးတစ်ခုလုံးလဲ ခဲသားရောင်တိမ်အုပ်တွေနဲ့ပြည့်နှက်လို့...။
မင်းပုံပြောတာ ကိုယ်တခါမှနားမထောင်ဖူးဘူး…။ မင်းက သီချင်းဆိုကောင်းသလို စကားပြောတော့လဲ ပျိုမျစ်နုနယ်ပြီး တော်တော်နူးညံ့ဝါညက်တယ်…။ မင်းမျက်လုံးတွေကလည်း ကောင်းကင်ပေါ်ကကျလာတဲ့ မိုးစက်တွေလိုပဲ လင်းလင်းလက်လက်နဲ့.....။
ပုံပြင်ပြောနေတဲ့ မင်းအသံထဲမှာ အချစ်ကို ကိုယ်ခံစားမိလိုက်ရလို့ အံ့သြသွားမိတယ်...ပြီးတော့ ရမ်းရော်မှန်းဆမှုတွေ လွမ်းဆွတ်အောက်မေ့မှုတွေပါဝင်နေတယ်...။ အဲဒီကတည်းက မင်းပုံပြင်လေးဟာ အလွမ်းနဲ့ဇာတ်သိမ်းလိမ့်မယ်လို့ ကိုယ်သိပြီးသား.....။ (မိုးထဲ)

အိန်ဂျယ်ရေ....... မင်းဘယ်မှာ ပုန်းနေလဲ...ကိုယ့်မှာ မင်းလိုကိုယ်ယောင်ဖျောက်သူကိုမြင်နိုင်စွမ်းတဲ့ တန်ခိုးပိုင်ဆိုင်ချင်လိုက်တာ...။ မိုးပေါက်တစ်စက် ကော်ဖီတစ်ခွက်နဲ့ အဖော်ပြု ... အလွမ်းတွေကိုဖျော်သောက်ကြည့်မိတယ်...ကော်ဖီခါးခါးထက် အလွမ်းတွေက ပိုခါးတယ်..။ (မိုးရာသီအလွမ်း)

မိုးသက်လေကင်းတဲ့အခါ ပြာလွင်တဲ့ကောင်းကင်...တခါတလေ လိမ္မော်ရောင်တောက်တဲ့ တိမ်တွေကြောင့် အရောင်အဆင်းတွေပြောင်းလဲတဲ့ကောင်းကင်....ကိုယ်ကတော့ မီးခိုးရောင်တွေမှိုင်းညို့နေတတ်တဲ့ မိုးရာသီရဲ့ ကောင်းကင်ကို ပိုနှစ်သက်မိတယ်.......။ အဲခါမျိုးမှာ ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကို သိမ်းနှုတ်ယူငင်သွားသလိုလဲ ခံစားရတတ်တယ်....။ အဲဒါမကောင်းဘူးလေ နာကျင်ရတယ်.....။ ဒါပေမယ့် အိန်ဂျယ် ကိုယ်အဲဒီဝေဒနာတွေနဲ့အသားကျနေတတ်ခဲ့ပြီ......။(Sky)

တကယ်ဆို ကိုယ်တို့နှစ်ယောက်က တူညီတဲ့ ကောင်းကင်တစ်ခုတည်းရဲ့ အောက်မှာအတူရှိနေကြတာပါ...။(လမင်းလှေငယ်)

ညက ကြယ်ကလေးတွေကို ဝှက်ထားသလို မင်းကိုလဲ ဝှက်ထားသလား အိန်ဂျယ်....။
ဒါကြောင့်မင်းကို ညထဲမှာ ကိုယ်လာရှာတာ....။ (ကြယ်တွေဝှက်ထားတဲ့ည)

အဝါရောင်လိပ်ပြာငယ်လေးတစ်ကောင် ကိုယ့်နားရစ်သီရစ်သီနဲ့ ဝဲလာတယ်.......
ကိုယ်ဖမ်းလိုက်ရမလား အိန်ဂျယ်........
လက်ဖဝါးလေးကို ဆန့်ထုတ်လိုက်ပြီးမှ..... လိပ်ပြာလေးတွေရဲ့ အတောင်ပံက သွေးကြောမျှင်လေးတွေဟာ တို့ထိရက်စရာမရှိ နုဖတ်လွန်းလို့ ကိုယ်လက်ပြန်ရုတ်လိုက်မိတယ်..။
လိပ်ပြာကလေး သူ့ဘာသာသူလွတ်လွတ်လပ်လပ်ပျံသန်းပါစေ........
ဟိုးးး အဝေးဆုံးအထိ........
မိုးကုတ်စက်ဝိုင်းအထိ........ (နွေရာသီအလွမ်း)

သိပ်လှတဲ့ နွေဦးရဲ့ နေဝင်ချိန်ညနေခင်းလေး.........။ အဲလိုညနေခင်းမျိုးကို ဘယ်ချိန်ရောက်မှကိုယ်ထပ်မြင်ခွင့်ရမလဲ...။ ထပ်မြင်ခွင့်ရရင်တောင် မင်းမရှိတဲ့ ကမ်းခြေအလှဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး အိန်ဂျယ်.......။ (နွေဦး၂)

ဒီနှစ်ဆောင်းကပိုအေးတယ်နော်......။
မင်းလဲ အလာကျဲသွားတယ်.......။ ဆောင်လေအမြူးမှာ ပျောက်ကွယ်သွားပြန်တယ်.......။ ခုလိုချမ်းချမ်းစီးစီးမှာ ကိုယ့်အတွက်အနွေး ဓါတ်ဖြည့်ဖို့ မင်းဆီက ကော်ဖီပူပူတစ်ခွက်လောက်သောက်ရရင် သိပ်ကောင်းမှာပဲ.....။ (စောင့်နေမယ်နှင်း)

မြို့လေးက မှုန်မှိုင်းပြာဝေနေတဲ့ မြူနှင်းတွေနဲ့ အုပ်ဆိုင်းနေတဲ့ တောင်တန်းပြာတွေပတ်လည်ဝိုင်းထားတော့.... ခုလိုရာသီလေးမှာ အပေါ်ဝတ်အနွေးထည်လေးလွှမ်းခြုံထားပြီး အိန္ဒြေရနေတဲ့ မိန်းမပျိုတစ်ယောက်လိုပါပဲ...။(ဖျားနေသောမြို့)

မိုးရေထဲမှာကြာနေပြီဖြစ်လို့ ပြာနှမ်းအေးစက်နေတဲ့ ကိုယ့်နှုတ်ခမ်းတစ်စုံပေါ် အိထွေးတဲ့ နွေးခနဲအသိနဲ့...။
“ကျနော်တို့ ကော်ဖီပူပူလေးသောက်ဖို့လိုနေပြီ...” ဆိုပြီး ကိုယ့်လက်တစ်ဖက်ကို တင်းတင်းဆုတ်ကိုင်ပြီး လှည့်ထွက်လာခဲ့တယ်....။  (စူးနစ်မိုး)


မိုးငွေ့

Monday, 14 October 2013

ကျွန်မချက်သောဆွမ်းဟင်းများ.....

ကြာသပတေးဆွမ်းဟင်း ကြက်အချင်းနဲ့ဥပင်စိမ်းချက်+ပန်းဂေါ်ဖီကြော်+ဗူးညွှန့်ဟင်းခါး
+တောင်ကြီးပဲပုပ်+နဂါးမောက်သီး+ငှက်ပျောသီး+ဂန္ဓမာပန်း






ကြက်အချင်းနဲ့ဥက တစ်ထောင်ဈေးတဲ့...။ အဲဒါအစိတ်သားဝယ်ခဲ့တယ် ၁၅၀၀ကျပ်ဖိုး...။ အချင်းကိုသေချာသန့်စင်အောင်ဆေးပြီး ရေဆူဆူမှာ ဖျောလိုက်တယ်...။ အချင်းတွေကို လက်တစ်ဆစ်အရွယ်ဖြတ်လိုက်ပြီး ဆားဆနွင်းနယ်ထားလိုက်တယ်...။ အနှစ်အတွက် စပါးလင်းတစ်ခု ကြက်သွန်ဖြူ သုံးမွှား အနီနှစ်လုံး ဂျင်းလက်တစ်ဆစ်ကို ဆုံမှာထောင်းလိုက်တယ်...။ ဆီဟင်းခတ်ဇွန်းကြီးနှစ်ဇွန်းကိုအပူပေးပြီးရင် အနှစ်တွေကိုဆီထည့်သတ် သစ်ဂျပို ကရဝေး ဇီယာ မုံညင်း နံနံစေ့ နနွင်း လေးညှင်း စတဲ့ ဟင်းခတ်အမျိုးစုံပါတဲ့ မဆလာမုန့်ကို ကြက်သွန်တွေနွမ်းလာရင် တစ်ဇွန်းလောက်ထည့်မွှေပေးပါ...။ အနှစ်လေးမွှေးရင် ကြက်အချင်းနဲ့ဥကိုထည့်လိုက်ပါ...။ ဆီပြန်လာရင် ရေနွေးလေးထည့်ပြီး နှပ်ထားပါ...။ ရေကုန်တာနဲ့ ပင်စိမ်းလက်တစ်ဆုပ်စာ အုပ်ပြီးနဲနဲမွှေပေးတာနဲ့ အိုးချလို့ရပါပြီ...။ ပင်စိမ်းနဲ့စပါးနံ့လေးမွှေးနေတဲ့ ကြက်အချင်းတိုင်ဆီပြန်လေး တစ်ခွက်ရပါပြီရှင့်...း)



 ကြာသပတေးဆွမ်းဟင်း ကြက်စင်းကောပင်စိမ်းအုပ်+မျှစ်ကြော်+ဗူးသီးကာလသားအရည်သောက် +ဂျူးမြစ်ကြော်+ဘေဘီလိမ္မော်+ဂန္ဓာပန်း






ကြက်ကြိတ်သား ၂၀၀ ဂရမ်ကို ဟင်းခတ်မှုန့် ဆား ငရုတ်ကောင်း ပြောင်းမှုန့်နယ်ထားပါ...။ ကြက်သွန်နီတစ်ဥပါးပါးလှီး ကြက်သွန်ဖြူနှစ်မွှာနုတ်နုတ်စင်း ဂျင်းလက်တစ်ဆစ် နုတ်နုတ်စင်းထားတာကို ဆီပူထဲထည့်ကြော် နွမ်းလာရင် ကြက်သားထည့်ကြော် သကြားတစ်ဇွန်းထည့် ပဲငံပြာရည်အကြည်ထည့် အသားခြောက်ပြီးမွှေးလာရင် ငရုတ်တောင့်ပွတစ်တောင့် ခပ်စောင်းစောင်းလှီးထားနဲ့ ပင်စိမ်းရွတ်အုပ် နှစ်ခါ သုံးခါလောက်မွှေပြီးရင် ရပြီ...။ ဗူးသီးကတော့ ကြက်သားမပါဘဲ ကြက်ကာလသားချက်နည်းလေး အတိုင်းကို စပါးလင်နဲ့အရည်သောက်လေးချက်ထားတာပါ..။


မိုးငွေ့

Thursday, 10 October 2013

မိုးညဆောင်းလေပြေ.....







စာအုပ်တိုက်က သူမအတွက် ပေးတဲ့ စာအုပ် အုပ်နှစ်ဆယ်တစ်ထုပ်ကို နေ့လည် အချိန်လေးရတုန်း သွားယူထားလိုက်တယ်…။ အမြဲတစေ စလင်းဘက်တစ်လုံးနဲ့ဘယ်တော့မှမလုံလောက် အထုပ်တစ်ထုပ် လက်ဆွဲအပိုကပါမြဲပဲ…။ တစ်ခါတစ်လေလောက်များ အိတ်ကလေးတစ်လုံးနဲ့ ပဲလေးနဲ့ပြန်ရတယ်ကိုမရှိပါဘူး..။ အရင်ဘဝက ဘယ်လိုဆုတောင်းခဲ့လို့များပါလိမ့်လို့ သူမဘာသာ တွေးရင်း တစ်ယောက်တည်း သဘောကျစွာပြုံးမိတတ်သေး…။ 

အစကတော့ ဒီအထုပ်ရဲ့အလေးချိန်နဲ့ဆို အငှားကားလေးနဲ့ပြန်မှ အဆင်ပြေလိမ့်မယ်လို့တွေးထားခဲ့ပေမယ့် တက်စီဂိတ်မှာ သူမစီးနေကျကားကိုမတွေ့တာနဲ့ အထုပ်လေးကို ခပ်ဆဆမကြည့်ရင်း ဒီလောက်နဲ့တော့ ဘတ်စ်စီးပြန်လည်းဖြစ်ပါတယ်လေ…နေရာလေးဘာလေးရမှာပါလေလို့တွေးရင်း အချိန်တစ်ဆယ် နီးပါးလောက်ရှိတဲ့ သေချာချည်ထားတဲ့ ပိတ်လက်ဆွဲအိတ်လေးဆွဲရင်း အနည်းငယ်လှမ်းတဲ့ ကားဂိတ်လေးဆီကို သူမလျှောက်လာခဲ့လိုက်တယ်…။ ကားဂိတ်ရောက်တော့ ငါးမိနစ်လောက်ကားစောင့်ရသေးတယ်…။ ကားရောက်လာတော့ ကားချောင်ပါတယ်ဆိုပြီး တက်စီးလိုက်ပါတယ်…။ ကားပေါ်ရောက်တော့ ခုံနေရာတွေက နှစ်ယောက်ခွဲခုံမှာ ယောက်ျားနှစ်ယောက်ထိုင်နေတယ် သူမဝင်ထိုင်မယ်ဆို တခြမ်းတော့ ထိုင်ရမယ်…။ သူဘေးလွယ်အိတ်တစ်လုံးနဲ့ စာအုပ်ထုပ်အလေးချိန်နဲ့ ထိန်းပြီးတခြမ်းထိုင်ဖို့ကိစ္စကို လက်လျှော့လိုက်ပါတော့တယ်..။ မတ်တပ်ရပ်နေတာကမှဟုတ်ဦးမယ်လေ…။ အထုပ်ကိုအောက်ချလိုက်ရ ကောင်းမလားလို့ ကြမ်းပြင်ကိုကြည့်တော့ သူမ အထုပ်ကို အလေးခံပြီးဆက်ဆွဲထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်…။ ကားက စီးရမှာ ငါးမှတ်တိုင်ထဲရယ်…။ မီးပွိုင့်တွေအကြာကြီးမိရင်တော့ သေပြီပဲ…။

သူမဆင်းရမယ့်မှတ်တိုင်မရောက်ခင်တစ်ခုမှာ နေရာရသွားတယ်…။ စောစောက တတိယမှတ်တိုင်ကနေတက်လာတဲ့ အသားခပ်ဖြူဖြူ ကောင်လေးက ဝင်ထိုင်ပါတယ်..။ သူက အထဲကိုတိုးထိုင်ရင်းသူမကိုလှမ်းကြည့်တယ်…။ ဒါကို သူမက မျက်လုံးဒေါင့်ကနေမြင်လိုက်တာပါ…။ ရှေ့မီးပွိုင့်ကျရင်တော့ တော်တော်ကြာဦးမှာပဲဆိုပြီး သူမဝင်ထိုင်လိုက်တယ်…။ သူမသေချာလှည့်မကြည့်မိပေမယ့် ရောင်စုံကန့်လန့်စင်းလေးတွေပါတဲ့ အဖြူရောင်အောက်ခံ စပို့ရှပ်လေးဝတ်ထားတဲ့ ကောင်လေးက ပေါင်ပေါ်တင်ထားတဲ့ သူ့လွယ်အိတ်လေးကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ အရှေ့ထိုင်ခံလက်တန်းကို ခေါက်နေပါတယ်…။ စပယ်ယာက ဆင်းမယ့်သူတွေ အပေါက်ဝနားထွက်တော့ဆိုတော့ သူမအပေါက်ဝနားက လက်ကိုင်တန်းကို ကိုင်ပြီးရပ်နေလိုက်တယ်…။ သူမဘေးနားက ကောင်လေးကလည်းထလာပြီး သူမဘေးမှာပဲရပ်တယ်…။ စပယ်ယာပိုက်ဆံကောက်တုန်းက သူဆင်းရမယ့်မှတ်တိုင်နာမည်ပြောတော့ သူမနဲ့အတူတူပဲဆိုတာကို မှတ်မိလိုက်တယ်…။ မီးပွိုင့်မိပါတယ် ဘယ်လောက်ကြာလဲတော့မသိ စိတ်ထဲမတော့ တော်တော်ကြီး ကြာနေတာပါပဲ…။ လက်မောင်းတစ်ဖက်က တော်တော်ညောင်းကိုက်ပြီးနာနေပြီ…။ မှတ်တိုင်ရောက်လို့ ဆင်းပြီး ခြေလှမ်း လေးငါးလှမ်းပဲရှိသေးတယ်.. သူမလက်ထဲက အထုပ်ကို ဆတ်ခနဲဆွဲယူသွားတာခံလိုက်ရတယ်…။ သူမလန့်ဖျတ်ပြီးလှည့်ကြည့်တော့…စောစောက ကားပေါ်ကကောင်လေး…။ 

“ မ ကျွန်တော့်ကို တကယ်မမှတ်မိဘူးလား…”

လမ်းမီးတိုင်အရောင်ဝါဝါအောက်မှာ သူမသူ့ကိုသေချာကြည့်လိုက်မိတယ်…။ ပြီးတော့ သူက စပို့ရှပ်အကျီၤထဲက တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်တယ်…။ ဆွဲကြိုးလေးနဲ့ပါလာတဲ့ တစ်ခုခုကိုသူကလက်နဲ့ဆုတ်ကိုင်ထားလို့ ဘာလဲဆိုတာ သူမ မမြင်ရပါဘူး…။ လမ်းမီးရောင်အောက်မှာ လက်ခနဲဖြစ်သွားတဲ့ ဘော်ငွေရောင်ကြိုးလေးတွေနဲ့ ယှက်ထားတဲ့  အခေါင်းပွ ကြယ်ပုံစံ လော့ကက်လေးပါ…..။

“မောင်မောင်….”

“မှတ်မိပြီလား…. ခုအိမ်ပြန်မှာမဟုတ်လား…ကျွန်တော်လိုက်ပို့မယ်…မ”အထုပ်က လေးလိုက်တာ ဘာတွေလဲ ဒီလောက်လေးတဲ့အထုပ်နဲ့များ ကားငှားစီးလိုက်ပါတော့လားဗျာ…”

“အင်း အစကတော့ ကားငှားပြန်မလို့စိတ်ကူးရှိတာပါပဲ… ကဲထားပါတော့ မင်းက ဘယ်တုန်းကပြန်ရောက်နေတာလဲ… ဟို နိုင်ငံမှာ အလုပ်မလုပ်ဖြစ်တော့ဘူးလား..”

ကားဂိတ်နဲ့ သူမတိုက်ခန်းက အတော်လေးကိုလှမ်းပါသေးတယ်….။ လူပြတ်တဲ့ကားဂိတ်ခုံတန်းမှာ မှောင်ရိပ်ခိုတဲ့ စုံတွဲတွေလည်းရှိသေးတယ်…။ လမ်းမဟိုဖက်ကူးဖို့ လူကူးမျဉ်းရှိရာဆီကိုတောင်မှ အတော်လေးလျှောက်ရပါတယ်…။

“ဒီမနက်ပဲ ကိုနိုင်နဲ့ ဖုန်းစကားပြောဖြစ်သေးတာ… ရဲရဲပြန်ရောက်နေတယ်တဲ့… အဲဒါမောင်မောင်လဲလိုက်ပြန်လာတယ်လို့ သူကြားတယ်တဲ့ အစ်မနဲ့အဆက်သွယ်မလုပ်ဘူးလားလို့ သူမေးသေးတယ်… ကိုယ်လည်း မင်းတကယ်မှမဆက်သွယ်တာ မသိဘူးပဲပြောလိုက်တာပေါ့ အဆက်အသွယ်လည်း မလုပ်ပါဘူး… ဖုန်းနံပါတ်တွေဘာတွေများပျောက်သွားလားမပြောတတ်ဘူးကို ပြောတော့ ကိုနိုင်က… ဖုန်းနံပါတ်ပျောက်လည်း အစ်မရယ် ဖဘမှာ လာမေးလို့ရသားပဲတဲ့… အင်းအဲဒါလည်းဟုတ်တာပဲလို့တော့ ကိုယ်လည်းတွေးမိလိုက်သားပဲ… ဒါနဲ့ ကိုနိုင့်ကိုပြန်ပြောလိုက်သေးတယ်.. ပြေးတဲ့သူပြေးတာ ပြေးပါစေလေလို့….”

“ဟား ဟား… မဟုတ်ပါဘူး မ”ရယ်… ပြန်ရောက်ကတည်းက ကိုယ့်ကိစ္စနဲ့ကိုယ်ရှုပ်နေတာ…အားလုံးပြတ်မှပဲ ကိုယ်တွေ့ချင်တဲ့သူတွေလိုက်တွေ့မယ်လို့ စဉ်းစားထားတာပဲ… မ”ကို ကျွန်တော်ကားပေါ်တက်လာ ကတည်းက တွေ့သားပဲ မ”များမှတ်မိမလားလို့ကြည့်နေသေးတယ်..။ ဘယ်သူ့မှမကြည့်ဘဲ မျက်နှာကြီးတည်ပြီး တင်းနေတော့ ကျွန်တော်မနှုတ်ဆက်ရဲတာ…ခုံနေရာဖယ်ပေးတော့လည်း မ”လှည့်ကြည့်လာရင် နှုတ်ဆက်မလို့ပဲ မ”ကနဲနဲကလေးတောင်လှည့်မကြည့်ဘ ူးလေ…”

“ကိုယ့်အကြောင်းကို မင်းသိလျက်သားနဲ့…”

“ဟုတ်တယ်  မ”က အရင်ပုံစံအတိုင်းပဲ ဘာမှမပြောင်းလဲဘူး… မြန်မာဝတ်စုံလေးကို ချစ်မက်ခုံမင်စွာ ဝတ်နေတာကအစလေ….”

လူကူးမျဉ်းကျားနားရောက်တော့ ကားတစ်စီးမရောက်လာခင် သူက သူမလက်ကိုဆွဲပြီး ကူးလိုက်တယ်….။ နွေးထွေးကြမ်းရှတဲ့ သူ့လက်ဖဝါးတွေက ဟိုအရင်ကလိုပဲ သူမကို လှိုက်ခနဲနွေထွေးရင်ခုန်မှုကို ပေးတုန်းပဲ…။

“မင်းဘာစားပြီးပြီလဲ… ကိုယ်တော့ဗိုက်တော်တော်ဆာနေပြီ ကိုယ်တို့အိမ်နားက တောင်ကြီးဖက်ထုပ်ကြော် စားရအောင်လေ… အဲဒီမှာ ထောပတ်သီးဖျော်ရည်လည်းရတယ်…”

တကယ်တော့ သူတည်းတဲ့နေရာကို မပြန်ခင် သူမနဲ့သူ တစ်ခါတုန်းက အတူထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်ကလေးဆီကိုလမ်းလျှောက်သွားရင်း ကားမှတ်တိုင်နားကအဖြတ် သူမကို လှမ်းမြင်လိုက်လို့ ကားပေါ်တက်လိုက်တာပါ…။ သူမဆင်းရမယ့် မှတ်တိုင်ကို သူအလွတ်ရနေလို့တော်သေးတယ် ကားစပယ်ယာမေးတော့ သူရှောရှောရှူရှူပဲဖြေနိုင်လိုက်တယ်..။ 

“ မ” နေ့တိုင်းပဲ ဒီလမ်းမှောင်မှောင်ကြီးကိုဖြတ်ပြီး အိမ်ပြန်တာပဲလား… အန္တရာယ်များပါတယ်… ရုံးကဖယ်ရီမလုပ်ပေးဘူးလား…”

“မင်းက ကိုယ့်ကို စိတ်ပူလို့လား…  ဒီလမ်းက ကိုယ်လျှောက်နေကျ ဘာမှမဖြစ်ဘူး မပူနဲ့…ဒီညက လူနဲနဲပြတ်လို့ ခါတိုင်းဆို လူသွားလာတွေအများကြီး..”

သူမတို့ စကားတပြောပြောနဲ့လျှောက်လာရင်း သူမပြောတဲ့ အအေးဆိုင်လေးနားကိုရောက်လာပါတယ်…။
အပြင်ဖက်က ခုံလေးမှာပဲ သူမတို့ထိုင်လိုက်ကြတယ်…။ တောင်ကြီးဖက်ထုပ်ကြော်တစ်ပွဲ သံပုရာရည်ချဉ်ချဉ်တစ်ခွက်နဲ့ သူ့အတွက်တော့ ထောပတ်သီးလက်ဖျော်တစ်ခွက်မှာလိုက်တယ်…။ သူမမှာနေတဲ့အချိန်မှာ သူက အိတ်ထဲက စာရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်းထုတ်ပြီး စားပွဲပေါ်မှာ သူမမမြင်အောင် တစ်ခုခုရေးနေတယ်…။ ပြီးတော့ စက္ကူရွက်လေးကိုခေါက်ပြီး သူမကို ကမ်းပေးလိုက်တယ်…။

“အိမ်ရောက်မှဖတ်ကြည့်…ရော့”

“ဘာလဲ အရင်တစ်ခါလိုပဲ magic ink နဲ့ရေးထားတာပဲလား…. ဒီတစ်ခါလည်း မီးမှိုင်းတိုက်ပြီးဖတ်ရမှာပဲလား..”

“နိုးး… ဒီတစ်ခါတော့ ဒီထဲကနေဖတ်ကြည့်မှမြင်ရမှာ” တဲ့…။ သူက သူ့ဘယ်ဖက်ရင်ဘတ်ကို လက်ညိုးထိုးပြတယ်…။ သူ့ပုံစံလေးကို သဘောကျလို့ သူမ သွားစွယ်လေးတွေပေါ်အောင် ပြုံးလိုက်မိတယ်…။

“မင်းက ဆံပင်ပုံပြောင်းသွားလို့ထင်တယ် ကိုယ်မင်းကို ကားပေါ်မှာ တကယ်မမှတ်မိဘူးသိလား…”

သူမက ဖုန်းထဲကပုံလေးတစ်ပုံကိုရှာပြီး သူ့ကိုပြလိုက်တယ်……။

သူပေးထားတဲ့ အရုပ်ကလေးပုံကိုကြည့်ပြီး “ကျေးဇူး” လို့ သူခပ်တိုးတိုးဆိုလိုက်တယ်..။

“ဘာအတွက်လဲ….”

စားပွဲထိုးကောင်လေးလာချပေးတဲ့ သူ့အတွက်ထောပတ်သီးဖျော်ရည်ကို သူမယူပြီးမွှေပေးရင်း မေးလိုက်တာ…။

“ကျွန်တော်ပေးတဲ့အရုပ်ကိုခုထိသိမ်းထားသေးလို့လေ…”

“ဒါဆို မင်းကိုလဲ ကိုယ်ကျေးဇူးတင်တယ်….”

 “ဘာလို့လဲ..”

သူက သူမကို မျက်ခုံလေးပင့်ကြည့်ရင်းမေးလိုက်တယ်…။

“ကိုယ်ပေးတဲ့ ကြယ်ကလေးကို ဆွဲထားတုန်းမို့ပေါ့…”

မိုးညတွေ ကုန်ဆုံးခါနီး ဆောင်းလေအေးက မသိမသာခပ်သော့သော့လေး သူနဲ့ သူမကြားတိုးဝှေ့လိုက်တယ်…။
တခါဖူးမျှ… “ချစ်တယ်”ဆိုတဲ့ စကားလုံးကို အပြင်မှာတွေ့ဆုံတိုင်းမသုံးနှုန်း မဖော်ပြခဲ့ဖူးတဲ့ သူနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံပုံလေးက အင်မတန်ရိုးစင်းညှင်းသွဲ့လွန်းတယ်လို့ ထင်မှတ်စရာ မကောင်းဘူးလား…..:)


မိုးငွေ့

Tuesday, 8 October 2013

အစားသောက်နှင့်ကင်ဆာ......


ညီမ မဒမ်ကိုး ဒီတဂ်ပို့စ်လေးရေးခိုင်းတာကြာပြီ...။ ဒီလို ဆေးပညာပေးစာမျိုးက ရေးနေကျမဟုတ်တော့ အခက်တွေ့နေတာပေါ့...။ ဒါကြောင့် မီးဖိုချောင်နဲ့ပတ်သက်တဲ့ပို့်စ်တွေ ရေးနေတဲ့ ကျွန်မအတွက် အစားအသောက်ပုံလေးနဲ့ ဆောင်းပါးအကိုးအကားလေးနဲ့ပဲ ရေးတတ် သလိုမျိုး ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...။

အရင်ဦးဆုံး ကင်ဆာဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်...။ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာပါတဲ့ ဓါတ်ရောင်ခြည်ဆေးကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ပါမောက္ခဦးစိုးမောင် ရေးသားဖော်ပြထားတဲ့ “ကင်ဆာအကြောင်းသိကောင်းစရာ” ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်ဖော်ပြချင်တာပါ..။ 

ကင်ဆာဆိုသည်မှာ အဘယ်နည်း-

ခန္ဓာကိုယ်အတွင်းရှိဆဲလ်များ ထိန်းချုပ်မှုကင်းမဲ့စွာ ကြီးထွားလာခြင်း အကြောင်းအရင်းများစွာ၏ အကျိုးတရားတစ်ခုဖြစ်ပြီး တစ်နေရာတွင် စတင်ဖြစ်ပွားကာ ခန္ဓာကိုယ်အရပ်ရပ်သို့ ပျ့ံ့နှံ့ရောက်ရှိနိုင်သည်။ အရပ်အခေါ် မြစ်ပွားနာဟုခေါ်သည်။
ကင်ဆာဖြစ်ရသည့်အကြောင်းအရင်းများ
မျိုးရိုးဗီဇ
နေရာင်ခြည်နှင့်အခြားဓာတ်ရောင်ခြည်များ
ဓာတုဗေဒပစ္စည်းများ
ရောဂါဖြစ်စေသော ပိုးမွှားများ
ဟော်မုန်းဓာတ်ဆေးဝါးများ
နေထိုင်မှုအကျင့်စရိုက်များဖြစ်သော ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင့်နှင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

မျိုးရိုးဗီဇကြောင့်ဖြစ်ပွားလေ့ရှိသော ကင်ဆာများမှာ

ရင်သားကင်ဆာ
အူမကြီးကင်ဆာ
ဆီးကျိတ်ကင်ဆာနှင့်
ကလေးများတွင်ဖြစ်သော မျက်လုံးကင်ဆာတို့ဖြစ်သည်။

ရောင်ခြည်နှင့် အခြားဓာတ်ရောင်ခြည်များကြောင့်ဖြစ်သော ကင်ဆာများမှာ

အရေပြားကင်ဆာများဖြစ်ပြီး ပြင်းထန်သော နေရောင်ခြည်ကြောင့်ဖြစ်ပွားနိုင်သည်။ အရေးပြားကင်ဆာသည် အနောက်နိုင်ငံများတွင် ပိုမိုဖြစ်ပွားသည်။ စောစီးစွာသိရှိပါက ခွဲစိတ်ကုသမှုတစ်ခုတည်းဖြင့် ပျောက်ကင်းအောင်ကုသနိုင်သည်။

ကင်ဆာဖြစ်စေသောဓာတုဗေဒပစ္စည်းများမှာ
အစားအသောက်များတွင် ပါဝင်သော ဆိုဆေးများ
မီးကင်ကြပ်တင်ထားသောအစားအစာများ
ကြာရှည်ခံအောင် ဆားဖြင့်စီမံထားသော အစားအစာများ
ယမ်းစိမ်းဖြင့် ပြုပြင်ထားသော အစားအစာများ 
မှိုတက်နေသော အစားအစာများဖြစ်သည်။

ပိုးမွှားများကြောင့်ဖြစ်သော ကင်ဆာများမှာ
အသည်းရောင်ဘီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် အသည်းကင်ဆာ
EBV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော နှာခေါင်းနောက်ကင်ဆာ
ခုခံအားကျဆင်းမှုဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ပြန်ရည်ကျိတ်ကင်ဆာ
HPV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် သားအိမ်ခေါင်းကင်ဆာတို့ဖြစ်သည်။

ဟော်မုန်းဓာတ်ဆေးဝါးများကြောင့်ဖြစ်သော ကင်ဆာများမှာ
ဆီးကျိတ်ကင်ဆာ
ရင်သားကင်ဆာ
သားအိမ်ကင်ဆာ

နေထိုင်မှုပုံစံများကြောင့်ဖြစ်သောကင်ဆာများ
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ
ကွမ်းစားခြင့်၊ ဆေးရွက်ကြီးငုံခြင်း၊ အရက်သောက်ခြင်းကြောင့် ခံတွင်းနှင့် အစာမျိုပြွန်ဆိုင်ရာကင်ဆာရောဂါများ
ဆိုးဆေးများ၊ ယမ်းစိမ်းများ၊ ဓာတုဗေဒပစ္စည်းများပါဝင်သော အစားအစာများ စားသုံးခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာများဖြစ်နိုင်ပါသည်။

ကင်ဆာမဖြစ်အောင်ကာကွယ်၍ ရနိုင်ပါသလား

ကာကွယ်၍ ရနိုင်ပါသည်၊ မျိုးရိုးဗီဇကြောင့် ဖြစ်သော ကင်ဆာများသည် ကင်ဆာအားလုံး၏ သုံးပုံတစ်ပုံသာဖြစ်သည်။ ကျန်သုံးပုံနှစ်ပုံမှာ နေထိုင်မှုအကျင့်စရိုက်ကြောင့် ဖြစ်သောကင်ဆာများဖြစ်ပါသည်..။ 

ကင်ဆာကိုဘယ်လိုကာကွယ်မလဲ

ကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းများကို ရှောင်ကြဉ်ခြင်းသည် ကင်ဆာရောဂါကို ကာကွယ်ခြင်းဖြစ်ပါသည်။

ဆေးလိပ် ဆေးရွက်ကြီး အရက် ကွမ်းစားခြင်းမှရှောင်ကြဉ်ခြင်း
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ အဝလွန်ခြင်းမှရှောင်ကြဉ်ခြင်း
ဆားဖြင့်စီမံထားသော အစာများ ကြပ်တင်ထားသောအစာများ ယမ်းစိမ်းဖြင့်ပြုပြင်ထားသော အစားများနှင့် အချဉ် သနှပ်များ အလွန်အကျွံစားခြင်းမှ ရှောင်ကြဉ်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားသုံးခြင်း
ပြင်းထန်သောနေရောင်ခြည်ကို ကြာရှည်စွာထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း
တစ်လင်တစ်မယာစနစ် ကျင့်သုံးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်ခြင်းတို့ဖြစ်ပြီး ကင်ဆာရောဂါလဏ္ခာများကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကိုပြုလုပ်ပါ..။

ကင်ဆာရောဂါဖြစ်ပွားနိုင်သည်ဟု ယူဆရသော လက္ခဏာများ

အချိန်အခါမဟုတ်ဘဲ သွေးဆင်းခြင်း အဖြူဆင်းခြင်း။
လည်ပင်း၊ ချိုင်း၊ သားမြတ်၊ ပေါင်ရင်း စသည်တို့တွင် အလုံးအကျိတ်အခဲတွေ့ရှိခြင်း။
ပျောက်သင့်သည့် အချိန်ကျော်၍ မပျောက်သောအနာများ။
ဝမ်းဖြစ်စေ ဆီးဖြစ်စေသွားလေ့သွားထ ပြောင်းလဲလာခြင်း။
အမြဲအသံဝင်လာခြင်း၊ အမြဲမပြတ် ချောင်းဆိုးလာခြင်း။
အစာမျိုရတာ ခက်ခဲခြင်း အစာမကြေသလို မစားချင်သလို မကြာခဏဖြစ်ပေါ်လာခြင်း။
ကိုယ်ပေါ်ရှိမဲ့ှ(သို့မဟုတ်) ကြွက်နို့၊ မွေးရာပါ အမှတ်များ ကြီးထွားလာခြင်း၊ သွေးထွက်ခြင်း၊ အရောင်ပြောင်းခြင်း။ 

ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသ၍ ရနိုင်ပါသလား

အချို့ ကင်ဆာရောဂါများကို စောစီးစွာ သိရှိ၍ အချိန်မီ ထိရောက်စွာ ကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါသည်။ ရောဂါအဆင့်လွန်မှကုသလျှင် ပျောက်ကင်းရန်မလွယ်ပါသဖြင့် မသိနားမလည်သူများ၏ ပြောစကားကို နားယောင်၍ ဆေးမြီးတိုများနှင့် မကုသင့်ပါ။ ရောဂါမလွန်သင့်ဘဲ လွန်စေတတ်ပြီး အသက်ဆုံးရှုံးရသည့်အဖြစ်ရောက်တတ်ပါသည်။ 

ကင်ဆာရောဂါ မည်သို့ကုသနိုင်ပါသလဲ

ကင်ဆာရောဂါကုသမှုများ၏ အဓိကရည်ရွယ်ချက်များမှာ
ပျောက်ကင်းနိုင်သည့် ကင်ဆာရောဂါများကို အမြစ်ပြတ်ပျောက်ကင်းစေရန်
မပျောက်ကင်းနိုင်သည့် အဆင့်ရှိ ကင်ဆာရောဂါသည်များအား သက်တမ်းပိုမိုကြာရှည်စွာနေထိုင်နိုင်ရန်
ကင်ဆာရောဂါလူနားများခံစားနေရသော ရောဂါဝေဒနာများ သက်သာစေရန်တို့ဖြစ်သည်..။

ဒီဆောင်းပါးလေးက အပြီးသတ်မဟုတ်သေးပါဘူး...။ နောက်နေ့တွေမှာဆက်လက်ဖော်ပြပါမယ်လို့ ရေးသားထားပါတယ်..။ ဒါလောက်နဲ့ဆို ကျွန်မတို့ နေ့စဉ်နေထိုင်မှုစနစ်ကို ကိုယ့်ဘာသာကို စနစ်တကျနေထို်င်စားသောက် သွားမယ်ဆို ကင်ဆာဆိုတဲ့ ရောဂါကနေ ကင်းဝေးသွားမှာပါ...။




အသီးစိမ်းစိမ်းကလေးတွေက ခရမ်းကဆော့သီး ယိုးဒယားအုန်းနို့ဟင်းတွေမှာ အများအားဖြင့် ထည့်သုံးကြပါတယ်...။ အုန်းနို့ဟင်းမို့လို့ သူ့နဲ့တွဲစားရင်အကြောမတက်ပါဘူး...။ အရှေ့က ဒူးရင်းပေါက်လေးနဲ့တူတဲ့အသီးက ခွဲလိုက်ရင် ကင်းမုံသီးနဲ့တူပါတယ် သူ့ကိုတော့ငါးပိချက်ချက်သလိုပဲ ချက်စားရတာပါ အသီးနာမည်ကို မေးခဲ့တာ မေ့သွားလို့...။ ဟင်းခပေါင်သီးတဲ့ ဖဘမှာ Daw Q T ကျေးဇူးကြောင့်သိလိုက်ရလို့ ပြန်လာရေးပေးတာပါ...။



 
ပန်းဂေါ်ဖီစိမ်း ကင်ဆာမဖြစ်ဖို့ ကာကွယ်တဲ့ အစားစာမှာ ထိပ်ဆုံးကပါတာပေါ့...။ ဒါပေမယ့် ဈေးထဲမှာတော့ တရုတ်ပန်းစိမ်းနဲ့ ယိုးဒယားပန်းစိမ်းနှစ်မျိုးလာတယ်...။ ခုပုံမှာပြထားတာကတော့ ယိုးဒယားကလာတာပါ သူကပိုစိမ်းပြီး အပွင့်လေးက ပွပွမွမွလေးရှိတယ်..။ တရုတ်ပန်းကတော့ အရောင်နဲနဲမှိုင်းတယ် တရုတ်ကလာရင်တော့ စားရမှာကြောက်ကြမှာပါ...ဘာဆေးတွေများဖျန်းထားသလဲ ပန်းအစစ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယပေါင်းများစွာနဲ့ စားရမှာမဟုတ်လား...။


တန်အိုးလို့ခေါ်တဲ့ ရှမ်းပြည်ကလာတဲ့ ဖတ်ချီဝိုး ဟော့ပေါ့မှာ အများဆုံးသုံးပါတယ်...
အိမ်မှာဆိုရင် အရိုးပြုတ်ရည်လေးမှာ ခပ်သောက်ရတဲ့ အရွက်မျိုးပါ....


 မုန်ညင်းစောလုပ်တဲ့ မုန်ညင်းပါ အရသာခါးသက်သက်ရှိတယ်....





ရွှေပဲညွှန့်... ရှမ်းခေါက်ဆွဲ တိုဟူးနွေးတွေမှာ ထည့်စားလေ့ရှိတဲ့ အညွှန့်လေးတွေကိုသာ စားသုံးရတာပါ...။ တောင်ကြီးမှာတော့ ရှမ်းထမင်းဆိုင်တွေမှာ မြေပဲလှော်ထောင်း ဆီချက်တို့နဲ့သုပ်တဲ့ ဟင်းပွဲမျိုးအပြင် ရွှေပဲညွန့် ဟင်းရည်လည်းရှိပါတယ်...။ ကျွန်မတို့အရှေ့ပိုင်းရှမ်းပြည်မှာတော့ ခေါက်ဆွဲတို့ တိုဟူးနွေးတို့ထဲကို ရေနွေးမဖျောပဲ အစိမ်းတိုင်းလည်းထည့်စားတတ်ကြပါတယ်..။


 မုန်ညင်းချဉ်လုပ်တဲ့မုန်ညင်းထုပ် အရိုးပြုတ်ရည်ထဲခပ်သောက်လည်းသိပ်ကောင်းတယ် 
အရသာခါးသက်သက်ရှိတယ်


 စမုံစပါးရွက် ကြက်ဥနဲ့ခလောက်ပြီးကြော်စားရတယ်... 
အနံ့နဲနဲပြင်းလို့ အန့ံ့ပြင်းမကြိုက်တဲ့သူတွေ အတွက်တော့ စားနိုင်ကြမှာမဟုတ်ပါဘူး...


သရက်ချဉ်... တာရှည်အချဉ်တည်ထားတဲ့ အငံများတဲ့ ဒီလိုအစားအစာမျိုးကိုတော့ မစားသုံးသင့်ပါဘူး..
စားချင်ရင်တောင်မှ ကိုယ့်ဘာသာကိုယ်အိမ်မှာ သန့်သန့်ရှင်းရှင်းနဲ့
အချဉ်တည်(အငံလျှော့ထားတဲ့) တာမျိုးကိုပဲအားပေးပါတယ်...



 ဒီမုန်လာဥနီက သဘာဝအတိုင်းစိုက်ပျိုးထားတာမဟုတ်ပါဘူး... လှလှပပနဲ့ အလုံးအထည်အရောင်အဆင်းကြီးအောင်လှအောင်ဆေးသုံးထားတာမို့ သဘာအတိုင်း မုန်လာဥနီအသေးလေးတွေကိုပဲ
ရွေးချယ်စားသုံးစေလိုပါတယ်...





ဝါးပိုး...။ ကျွန်မဆို့ ရှမ်းပြည်ဖက်မှာဆိုရင်တော့ ဝါးဆစ်ကလေးနဲ့ငှက်ပျောဖက်အဝမှာ စို့ပြီးလာရောင်းတတ်ပါတယ်...။ အရှင်တွေပါ လှှုပ်လှုပ်ရွရွနဲ့မို့ အသည်းတော့ယားစရာပါ...။ ကြော်ရင်လဲ ဆူပူအိုးထဲအရှင်လိုက်ကြီးထည့်ကြော်ရပါတယ်...။ အရသာဆိမ့်တယ်...။ ခုပုံမှာပြထားတဲ့ ဝါးပိုးကတော့ ရေခဲရိုက်ထားတဲ့အသေတွေပါ...။ အသီးအရွက်တွေဓါတ်ပုံလိုက်ရိုက်ရင်း ယူနန်စာတွေရောင်းတဲ့ တရုတ်ဆိုင်မှာတွေ့လို့ရိုက်လာခဲ့တာပါ..။


ဂျပန်သခွား


 ခရမ်းသီးတမျိုးပဲ


ငရုတ်ပွ
 

  ဂျင်းနု




မုန်ညင်းချဉ်ထုပ် ရှမ်းပြည်မှာ ဆန်တိုဖူးထဲထည့်စားလေ့ရှိတဲ့ မုန်ညှင်းချဉ်ပါ...။ ဆန်ဆေးရည်နဲ့လုပ်တဲ့ မုန်ညင်းချဉ်ဆိုရင်တော့ စားရတာ အန္တရာယ်မရှိပေမယ့် ယမ်းစိမ်းတွေ တခြား အချဉ်မြန်အောင်ထည့်တဲ့ ဓါတုဗေဒဆေးတွေပါမပါ စစ်ဆေးနိုင်မှာမဟုတ်တဲ့အတွက် အိမ်လုပ်(ကိုယ်တိုင်လုပ်)မုန်ညင်းချဉ်ကိုသာ စားသုံးစေချင်ပါတယ်..။





ညှီစော်နံမြစ်တဲ့...။ ကင်ဆာဖြစ်နေတဲ့သူတွေ သူ့ကိုထောင်းပြီး အရည်သောက်ရတယ်ပြောတယ်...။ နံမည်နဲ့လိုက်အောင် နမ်းကြည့်တော့ တော်တော်ကို ညှီစော်နံပါတယ်..။ ကြေးနံမြစ်(ကြေးနီမြစ်) သုပ်စားလို့လည်းရတယ် ပဲပုပ်နဲ့လည်းထောင်းစားလို့ရတယ်လို့ Daw Q T လေးက ဖဘမှာကော်မန့် သွားပါတယ်..။







 ဒီအရွက်နာမည်တွေကိုမေ့နေတယ်









ဘိန်းစေ့အရည်လို့ခေါ်တယ် ...။ ဘယ်လိုလုပ်သောက်ရသလဲဆိုတော့ ရောင်းတဲ့သူက မသိဘူးတဲ့..။ ဒီနေ့မှာတဲ့ကုန်ထဲမှာပါလာလို့ရောင်းရတာရယ်တဲ့လေ...။ ကြည့်တော့ နွားနို့လိုလိုဘာလိုလိုပဲ...။ ဘိန်းစေ့အရည်ကို ခေါက်ဆွဲရေခဲတုံး သခွားသီးနဲ့ စိမ်ပြီး နွေရာသီမှာသောက်ရတယ်တဲ့ ကျိုပြီး တိုဟူးလို့ခဲပြီးတော့လဲ စားလို့ရပါသတဲ့...။ ဒါလဲ ဒေါ်ကျူတီလေး ဖဘမှာပြောပြလိုက်လို့ သိရတာပါ...။ ကျေးဇူးအကြီးကြီးပါ ညီမလေး...။



ကြိမ်ဖူး.... ဟင်းချက်စားရတာပဲ...
ငယ်ငယ်တုန်းကတော့ ရှမ်းဟင်းတွေမှာချက်တာတွေ့ဖူးတယ်..
စားလည်းစားဖူးတယ်..မျှစ်နဲ့နဲနဲဆင်တယ်...




ဒညင်းသီး...။ အဆိပ်သီး ...မစားသင့်ပါဘူး...။ ကျွန်မကိုယ်တိုင်တော်တော်ကြိုက်ပါတယ်...။ ဒီပို့စ်ကိုတဂ်တဲ့ တင်သိန်းအေး ...အဲ မဒမ်ကိုးလည်းသိပ်ကြိုက်ပါတယ်...။ မကောင်းဘူးဆိုတဲ့အစာမှ လူတွေကသိပ်ကြိုက်တတ်တာမဟုတ်လား...။ ငယ်ငယ်တုန်းက ရွာမှာ တစ်ခါပြုတ်ရင် အလုံးတစ်ရာနှစ်ရာ အဲလိုစားကြတာ...။ စာကလေးဒညင်းတဲ့ လုံးလုံးသေးသေးနဲ့ စေးပြီးချိုနေရော...ပြုတ်အိုးထဲကချတာနဲ့ ခွာလိုက် ပါးစပ်ထဲကောက်ထည့်လိုက် အဲလိုစားခဲ့တာ...။ ခုပုံမှာပြထားတဲ့အသည်က 18လမ်းဈေးက အဒေါ်ကြီး သူ့ဒညင်းတွေသိပ်ကောင်းတယ် စေးနေရောပဲ...မြစ်ကြီးနားဒညင်းလို့ပြောတယ်...။


ခြံထွက် ဟင်းသီးဟင်းရွက်စစ်စစ်တွေပါ




ပဲတောင့်ရှည် ဂေါ်ရခါးသီး ဗူးသီး ခရမ်းကဆော့သီး ဆူးပုပ် ကင်မွန်းချဉ် ဒီလိုစိမ်းစိမ်းစိုစို အသီးအရွက်များ များများစားပေးပါ...။ ခုခေတ်က ဆေးဖျန်းတတ်ကြလွန်းလို့ အသီးအရွက်များမစားမီ ရေကိုစင်စင်ဆေးပေးပါ...။ စိတ်မချရင် ဆားရည်နဲ့ဆေးပါ...။ ကျွန်မကတော့ အိမ်မှာ ကိုက်လန်တို့ မုန်ညင်းတို့ကို ဆားရည်နဲ့ဆေးပြီးတဲ့အပြင် ရေဆူဆူမှာ ခနဖျောပြီးမှသာ ပြန်ကြော်စားပါတယ်...။




ဒီပုံလေးက သံဈေး 17လမ်းဈေးထဲက အဒေါ်ကြီးတစ်ယောက်ရောင်းတဲ့မျှစ်ပါ ...။ လတ်ဆတ်သန့်ရှင်းတယ် ဆိုးဆေးမပါဘူး..။ ကျွန်မဝယ်နေကျအသည်လေးပါ...။ မျှစ်ဝါဝါလေးတွေ သဘာဝအရောင်အတိုင်းလေး နုဖတ်ပြီး ကြော်စား တို့စရာလုပ်လည်းသိပ်ကောင်းပါတယ် ...။ မျှစ်ကို အရောင်လှအောင် အနီရောင် အဝါရောင်ဆိုးပြီးရောင်းတတ်ကြပါတယ်...။ အစာအိမ်နဲ့အူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေမယ့် အပေါစားဆိုးဆေးတွေသုံးထားတဲ့အစားအစာများကို မစားသုံးသင့်ပါဘူး...။



ခရမ်းပြုတ်သီး ခရမ်းကြွပ်သီးတို့စရာတွေ




ဒီအဖိုးက စောစောက မျှစ်သည်နားမှာ ဖက်တို့ ငှက်ပျောပင်တို့ ဆွမ်းမွှေးရွက်တို့ရောင်းပါတယ်...။ ဖက်က ပုံမှာပါတဲ့တစ်စည်ကို နှစ်ရာကျပ်နဲ့ရောင်းပါတယ်...။ စေတနာသိပ်ကောင်းတဲ့အဖိုးတစ်ယောက်ပါ...။ ပိုက်ဆံပိုပေးလည်းမယူပါဘူး...။ ဖက်ကိုလည်း အတိုအပျက်တွေ မပါအောင်သေချာရွေးပေးပြီး ရောင်းပါတယ်...။ အိမ်မှာ မုန့်ဖက်ထုပ် ငါးပေါင်းထုပ် အသားဟင်းထုပ်တို့ လုပ်စားရင် ဒီအဖိုးဆီကပဲဖက်ဝယ်တယ်...။ ခုခေတ်က ဘာဝယ်ဝယ် စားစရာတွေကို ကြွပ်ကြွပ်အိတ်တွေ ပလပ်စတစ်အိပ်တွေ ဖေါ့ဗူးတွေနဲ့သာထည့်သုံးလေ့ရှိကြတာ အမှန်တော့ အပူတွေထည့်ရင် ကျန်းမာရေးနဲ့ဘယ်လိုမှမညီညွတ်ပါဘူး...။ ကျွန်မတို့ငယ်ငယ်တုန်းကလို ကောက်ညှင်းပေါင်း ငှက်ပျောသီးမုန့်တွေကို ဖက်နဲ့ထုပ်ပေးတာ မျိုးလေး ပြန်ဖြစ်စေချင်ပါတယ်...။ ကုန်ခြောက်တွေကိုလည်း ပလတ်စတ် ကြွပ်ကြွပ်အိတ်အစား စက္ကူအိတ်လေးပြန်သုံးကြရင်သိပ်ကောင်းမယ်...။


 ငါးစင်ရိုင်းနဲ့လုပ်တဲ့ငါးပိ


ယူရီးယားအကြောင်းတော့ ကိုညီလင်းအသေးစိတ်ရေးပြသွားလို့ တော်တော်ပြည့်စုံပြီး ပညာလဲရ ဗဟုသုတလည်းရပါတယ်...။ ကိုညီလင်းရဲ့ဆောင်းပါးကိုမဖတ်ခင်မှာ ကျွန်မကိုယ်တိုင်တောင်မှ ယူရီးယားကို ဘာမှန်းမသိပါဘူး...။ ငါးပိထဲကိုအရောင်လှအောင် ဘိလပ်မြေထည့်တယ်ပဲ ကြားကြားနေရတာ...။ အမှန်တော့ ယူရီးယားဓါတ်မြေသြဇာထည့်တာကိုပြောတာကိုး...။


ငါးပြေမနဲ့လုပ်တဲ့ငါးပိ




မှိုပါတဲ့အစားအစာတွေဟာ ကင်ဆာဖြစ်စေပါတယ်...။ ကျွန်မတို့နေ့စဉ်စားသောက်နေကြတာ ငရုတ်သီးနဲ့မလွတ်ပါဘူး...။ ချက်တဲ့ဟင်းမှာငရုတ်သီးအရောင်မှုန့်ကိုသုံးရတယ်မဟုတ်လား..။ ဆိုင်က ကြိတ်ပြီးသားငရုတ်သီးတွေမှာ ဖုန်မှုန့်တွေ မှိုတွေက လုံးဝကိုမလွယ်မသွေပါပါတယ်...။ ကြည့်တော့ ငရုတ်သီးခြောက်တွေက အရောင်အဆင်းလှပနေရောတွေ့လား...။ ငရုတ်သီးခြောက်လက်တစ်ဆုပ်စာ ယူပြီး ငရုတ်သီးခြောက်ကြွပ်လှော်စားဖို့လုပ်တာ...။ တတောင့်ခြင်းဆီတစ်ရှူးနဲ့သုပ်တာ ဖုန်တွေမှမည်းနေရော ကပ်ကြေးနဲ့သေချာအညှာကိုညှပ် ခွဲကြည့်တော့ မှိုပါတဲ့ငရုတ်သီးက တစ်ဝက်လောက်ရှိတယ်...။ အဲလို ကိုယ်တိုင်သေချာစမ်းစစ်ပြီးမှာ ငရုတ်သီးတွေကို အိမ်မှာ သန့်စင်ပြီးမှ စားသုံးသင့်ပါတယ်...။



 cp နဲ့ ဗမာကြက်ဆိုပြီးရောရောင်းနေတဲ့ စပ်ကြက်တွေ


 ခြေဆစ်တွေကို သေချာကြည့်ပါ ကြီးပြီးတုတ်နေတာတွေ့လိမ့်မယ်


အပေါ်ပုံက cp ကြက်နဲ့ ဗမာအိမ်ကြက်အတုတွေပါ...။ ဗမာကြက်ဆိုပြီး ဈေးထဲမှာ ရောရောင်း တတ်ကြပါတယ်...။ ခွဲခြားရတာ လွယ်ကူပါတယ် ကြက်ရဲ့ဒူးဆစ်တွေက ဗမာကြက်အစစ်ထက် တုတ်ပါတယ်...။ ချက်စားရင်လည်း အနူးလွယ်တယ် အသားမမာဘူး...။ ဈေးထဲမှာတော့ အဲဒီကြက်ကို စပ်ကြက်(စက်ကြက်) လို့ခေါ်တယ်...။ ဗမာနဲ့ စီပီစပ်ထားလို့ အဲလိုခေါ်တာလည်းဖြစ်နိုင်တယ်...။ ဒါကြောင့် ဗမာကြက်စစ်စစ်စားချင်သူများ လွယ်ကူစွာရွေးချယ် ဝယ်ယူစားသုံးနိုင်ဖို့ ဗဟုသုတအဖြင့်ပုံလေး ရိုက်လာခဲ့တာပါ...။



ဒီပုံက ဗမာကြက်(အိမ်ကြက်)စစ်စစ်ပါ အကောင်းသေးသွယ်တယ်
 ခြေထောင်တွေ ဒူးဆစ်တွေသေးတယ်ချက်ရင် ကြာကြာချက်ရတယ် ...



ငါးပုဏ္ဏား...အရောင်ဝါဝါလေးနဲ့ လှအောင်လို့ ဆေးဆိုးရောင်းတတ်ကြပါတယ်...
 ပုံမှာပါတဲ့ ငါးက အရောင်နဲနဲပါတယ်... ငါးကိုကိုင်ကြည့်လို့ လက်မှာ အဝါရောင်စွန်းသွားရင် ဆိုးဆေးသုံးထားတဲ့ငါးမို့ ဝယ်မစားသင့်ပါဘူး...


ငါးနုတန်း...ငရုတ်သီးစပ်စပ် စပါးလင်လေးနဲ့ အိုးကပ်ချက်စားတာကောင်းတယ်...


ငါးသလဲထိုးလေးလတ်တယ်... တချို့အသည်တွေဆို အရှင်တွေတောင်ရောင်းတယ်...


ကသပေါင်းငါးတဲ့... ရေချိုချက်စားရတယ် .. အသားလေးနုပြီးချိုတယ်ပြောတယ် ..
ကျွန်မတော့ တစ်ခါမှချက်မစားဖူးသေးဘူး...


ခုရာသီစာက ဖါးသားပဲ... ဈေးကတော့မသေးဘူး တစ်သောင်းဈေး... 
သုံးကောင်ဆို တစ်ပိဿာလောက်ရှိတယ်...တခါတည်းအရည်ခွံစုတ်ပေးတယ်...
အူတွေကများတော့ အူမှာတင် အလေးကစီးနေပြီ...။ အကြွပ်ကြော်စား ချက်စား အသားလေးက နူးညံ့တယ်...တစ်ခါ နှစ်ခါတော့စားဖူးတယ်...
သားကြီးငါးကြီးတွေ အထူးအဆန်းတွေစားရတာ တော့ကြောက်တယ်...


ငါးကျည်း ငါးခူတွေကလည်း ဈေးကောင်းတယ် ခုနှစ်ထောင် ရှစ်ထောင်ဈေး...
ငါးကျည်းကတော့ အကြွပ်ကြော်နှပ် အိမ်လုပ်မုန့်ဟင်းခါးအတွက်ကောင်းတယ်...


ငါးနှပ်လို့ခေါ်တဲ့ အာပြဲခြောက်လုပ်တဲ့ငါးအစို... မွန်တွေက အဲဒီငါးကို မရမ်းခြောက်နဲ့ချက်စားတတ်ကြတယ်... ဘေးကအညိုရောင်နဲ့ငါးက ကျောက်ငါး... သူကလတ်မှကောင်းတာ အသားနူူးညံ့ပြီးချိုတယ် ပေါင်းစားလို့သိပ်ကောင်းပါတယ်... ပင်လယ်ကမ်းခြေသွားလည်ဖူးတဲ့ သူတွေဆို ကျောက်ငါးအစိမ်းကိုစားဖူးကြမှာပါ...


ကင်မွန် (ပြည်ကြီးငါး) ရေနွေးဖျောပြီး အသီးရွက်စုံနဲ့ပဲကြော်ကြော် အသား ကောက်ညှင်းအစာသွပ်ပဲလုပ်လုပ်စားကောင်းပါ၏။



အရောင်ဆိုးဆေးလုံးဝမပါတဲ့ ပုစွန်ချဉ်ထုပ်ပါ...။ အချဉ်တည်တာတွေ ဆားများတဲ့အစာတွေ မစားသင့်ဘူးဆိုပေမယ့် ပုစွန်ချဉ်သုပ်ကိုတော့ကြိုက်ကြတာ စားချင်ကြတာပဲမဟုတ်လား...။ ဒါကြောင့် စားမယ်ဆိုရင်တောင်မှ ခုလိုဆိုးဆေးကင်းတဲ့ သဘာဝအရောင်တိုင်း ပန်းနုရောင်လေးဖြစ်နေတဲ့ ပုစွန်ချဉ်ထုပ်ကို ရွေးချယ်ဝယ်ယူစားသုံးကြပါလို့..။

အားလုံးပဲ သန့်ရှင်းလတ်ဆတ် ရောဂါအန္တရာယ်ကင်းသော အစားအစာများကို မှန်ကန်စွာ ရွေးချယ်စားသောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။


မိုးငွေ့