Monday, 17 December 2012
အကျွန်ုပ်၏မနက်စာများ.....
ပေါင်မုန့်ကြမ်းမီးကင်ထောပတ်သုတ်၊ ကြက်ဥကြော်၊ ဘေကွန် နဲ့ ကော်ဖီ 
ပင်လယ်စာပါစတာ..
 Feta Cheese နဲ့ အာလူး ဘရိုကိုလီ သံလွင်ဆီသုပ်
 ဖီကြမ်းငှက်ပျောသီးမှည့်ကြော်
 ကော်ဖီဂျယ်လီနို့ဆမ်း
ဤကား တစ်နေ့သောအကျွန်ုပ်၏ မနက်စာများဖြစ်တော့သည်...။ ဘိုမ မဟုတ်ပေမင့်... မတားစီးနိုင်သောအချက်အပြုတ်ဝါသနာကြောင့် စာအုပ်များမှ မှီငြမ်းရမ်းတုတ် အဲလေ စမ်းသပ်ချက်ပြုတ်ထားသော ဟင်းခွက်များဖြစ်ဘာဂျောင်းးးး....။
မိုးငွေ့
Friday, 14 December 2012
ချစ်သောမာယာ…..
မထင်မှတ်ဘဲ….အဲဒီနေ့က မြည်လာခဲ့တဲ့ဖုန်းက…မင်းဆီကတဲ့….. ကိုယ်ပျော်သွားခဲ့သလား…. ဖုန်းကိုမကိုင်ခင်အထိ ကိုယ်မပျော်ရဲသေးဘူး…။ “မမဆီကိုဘယ်တော့မှ ဖုန်းမဆက်တော့ဘူး…. မမဆီကိုဘယ်တော့မှလည်းမလာတော့ဘူး…”လို့ဒေါသသံနဲ့မင်းပေါက်ကွဲခဲ့တာကို ကိုယ်ဘယ်တော့မှမမေ့ဘူး….။ ဘာမှမဟုတ်ပါဘူး….မင်းကိုယ့်ဆီဖုန်းဆက်တာ စမ်းသပ်မှုတစ်ခုလဲဖြစ်နိုင်တာပဲလေ…။
အဲဒါ….ယောကျာင်္းမာယာတဲ့…. အဲဒီစကားလုံးနဲ့ ကိုယ်သိပ်မကျွမ်းဝင်ဘူး…..။ ကိုယ်မသိဖူး မကျွမ်းဝင်ဖူးပေမယ့်လည်း မင်းမိတ်ဆက်ပေးလို့….. မာယာဆိုတာကိုလဲကိုယ်ချစ်တတ်ခဲ့ပြီ…။
ဘယ်လိုပဲဖြစ်ဖြစ်…ဘယ်တော့မှ မကြားရတော့ဘူးလို့မှတ်ယူထားခဲ့တဲ့ အသံကလေးတစ်သံကိုပြန်ကြားလိုက်ရတာ… ဘာနဲ့မှမတူတဲ့ပီတိဖြစ်မှုတွေက နှလုံးသားထဲမှာ နွေးခနဲ…တိုးတိုးတိတ်တိတ် ရိပ်ရိပ်ကလေး ထင်ကျန်နေခဲ့တယ်….။
မင်း..စိတ်ညစ်နေသေးလား အိန်ဂျယ်……ကိုယ်နဲ့ဝေးနေလို့ မင်းပျော်ချင်ပျော်နေမှာပေါ့နော်……
ကိုယ်မင်းကို ခဏကလေးမေ့ထားဖို့ ခုတလော သီချင်းတွေ လျှောက်နားထောင်ကြည့်တယ်….။ ဒါပေမယ့်လဲ မင်းဆီကဖုန်းမလာခင် တစ်ရက်အလိုကပဲ သီချင်းတွေနားထောင်နေရင်းနဲ့ မင်းကိုသည်းသည်းထန်ထန် သတိရလွမ်းဆွတ်နေမိတာ….။ မင်းရော…ကိုယ့်လိုပဲ ကိုယ့်ကို လွမ်းလို့ ဖုန်းဆက်လိုက်တာလား…ဟင်…။
မင်းက ခရီးသွားမှာတဲ့……ခုကိုယ်စာရေးနေတဲ့အချိန်မှာ….မင်းက…. ကိုယ်ချစ်တဲ့ ကြယ်တွေစုံတဲ့ မိုးကောင်းကင်ကြီးနဲ့ အနီးစပ်ဆုံးနေရာကို ရောက်နေရောပေါ့……။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ…
နှင်းငွေ့တွေ မြူခိုးတိုက်တွေကြားမှာ ကိုယ့်အလွမ်းငွေ့တွေလည်းရောပါ ယှက်သန်းနေမှာပါ…။
ကိုယ်လည်း…. ကမ်းခြေကိုသွားဖြစ်မလားမသိဘူး…..။ မင်းနဲ့ကိုယ်တို့ စဆုံခဲ့ကြတဲ့ ပင်လယ်အနားသတ်ဆီကို ကိုယ်ပြန်သွားရမှာကြိုပြီး ရင်ခုန်နေမိသေးတယ်….။ ဒါပေမယ့်… မိုးကုတ်စက်ဝိုင်းကြီးကို ငေးမော လှိုင်းလုံးဖွေးရိုက်ခတ်သံတွေကို နားထောင် ပြန်လာရရုံမှအပ ကိုယ့်အတွက် ကမ်းခြေက ဘာမှပိုပြီးမစွမ်းဆောင်ပေးနိုင်လောက်ဘူး…မင်းမပါဘဲနဲ့လေ…။
မာယာ..ရေ….. ကိုယ့်အိန်ဂျယ်ကို ကိုယ်ဆီ နောက်တစ်ကြိမ်ထပ်ခေါ်ဆောင်ခဲ့ပါဦးလို့…ရူးရူးမိုက်မိုက် ဆုတောင်းမိနေလေရဲ့….။
မိုးငွေ့
Wednesday, 12 December 2012
ကြင်နာသူကမ်းမယ့်လက်.....
နေ့တိုင်းနားထောင်ဖြစ်နေတဲ့အထဲမှာ ဒီသီချင်းလဲပါတယ်....။ အရင်တုန်းက နားထောင်ဖူးပေမယ့် အခုကိုယ်နဲ့တိုက်ဆိုင်သွားလို့လားမသိဘူး ပိုအဓိပ္ပါယ်ရှိနေသလိုပဲ...။ ရှင်ဖုန်းသီချင်းကို တစ်ကိုယ်တော်စီးရီးထွက်တော့ နားမထောင်ဖြစ်ဘူး... သူ့သီချင်းတွေကို စုပေါင်းစီးရီးတွေထဲက ဟိုတစ်ပုဒ် ဒီတစ်ပုဒ် ကောင်းတာလေးတွေပဲရွေးနားထောင်ဖြစ်ခဲ့တာ...။ ခုဒီတစ်ပုဒ်ကိုကြိုက်လို့ သယ်ရင်းတို့ကိုလည်း နားထောင်ကြည့်စေချင်လို့....။
သွားခွင့်ပြုပါတယ် မင်းလေးသွားချင်လည်း တားခွင့်မှမရှိဘဲ တိတ်တိတ်ကလေးငိုမယ် အမှောင်ထဲမှာ ကြေကွဲစွာ တစ်ယောက်တည်းပါ...ကိုယ်ဘယ်လိုဖြေသိမ့်ရမလဲ...     
မိုးငွေ့
Tuesday, 11 December 2012
မလွမ်းချင်ဘူး…..
နှုတ်ကသာ “မလွမ်းလောက်ပါဘူး….”လို့ စိုင်းစိုင်းသီချင်းကိုလိုက်ရွတ်နေမိပေမယ့်…. မင်းကို ကိုယ်ဘယ်လောက်ထိတောင် သေမလောက်လွမ်းနေသလဲ မင်းသိလား……။ ပြောပြန်ရင်လဲ ခံစားမှုကို မချဲ့ကားပါနဲ့လို့ အပြစ်ဆိုကြဦးမယ်….။ ကိုယ့်ခံစားချက်ကိုသာ ချဲ့ကားရေးရမယ်ဆိုရင် ရေးစရာနေရာတောင်မလောက်ပါဘူး…။ 
အဝေးတစ်နေရာကနေ မင်းမဲ့ပြုံးပြုံးပါ……။ ဘယ်လိုပဲပြုံးပြုံး မင်းအပြုံးတွေက အမြဲတမ်းကိုယ့်အတွက် အဖြူရောင်ပဲ…အိန်ဂျယ်…..။ ခုချိန်မှာ နှင်းတွေဘယ်လောက်ဝေေ၀….ပန်းတွေဘယ်လောက်ပွင့်ပွင့် ကိုယ့်အတွက် ဘာမှအဓိပ္ပါယ်မရှိတော့ဘူး….။ သီချင်းတွေလိုက်နားထောင်ကြည့်တယ်….တစ်ပုဒ်ပြီးတစ်ပုဒ်…. တစ်ပုဒ်ပြီးတော့ တစ်ပုဒ်….. ။ ကိုယ်နားထောင်ဖြစ်နေတဲ့ သီချင်းတွေက ဘာကြောင့်အလွမ်းသီချင်းတွေ အသည်းကွဲသီချင်းတွေချည်းဖြစ်နေရတာလဲ……။ အလွမ်းတွေကို ခုံမင်မက်မောလှချည်ရဲ့ဆို….ခုတော့ လွမ်းရမှာ သိပ်ကြောက်နေမိတယ်တဲ့…..။ သိပ်ကြောက်နေလဲ…အတွေးတွေကတော့ အလွမ်းတွေဆီ….အတောင်ပံဖြန့်ကျက်လို့ရယ်…..။
ဒီဇင်ဘာ...
ဒီဇင်ဘာ…..တဲ့....
ဆောင်းငွေ့ပါးပါးတွေက
ငါ့အလွမ်းထူထူတွေကို
နွေးထွေးအောင်
မလွှမ်းခြုံပေးနိုင်ကြဘူး......
“ဟို…အရင်ချိန်တွေ တမ်းတမက်မော….” လို့ ဒွေးဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ကို သတိရသွားတယ်…..။ ဟုတ်တယ် အရင်တုန်းကဆို ဒီလိုညဖက် ကိုယ်စာတွေရေးနေတတ်တဲ့အချိန်တွေမှာ မင်းကိုယ်နဲ့စကားလာပြောတတ်တယ်…။ ကိုယ်တို့ ကော်ဖီအတူသောက်ကြတယ်….။ ဟိုအကြောင်းဒီအကြောင်းတွေပြောရင်း… တခါတခါစကားကြောတွေမတည့်ကြဘဲ… သုံးလေးရက်တစ်ပတ်လောက်စကားမပြောဖြစ်ကြပြန်ဘူး…တိတ်တိတ်ကလေးစိတ်ကောက်ကြတယ်…။ အဲလိုအချိန်မျိုးကို… ကိုယ်ဘယ်တော့မှ…ပြန်မရနိုင်တော့ဘူးတဲ့…..။
မိုးငွေ့
Monday, 10 December 2012
မလွမ်းလောက်ပါဘူး.....
စိုင်းစိုင်း+မိုးမိုး သီဆိုထားတဲ့ မလွမ်းလောက်ပါဘူး... အရမ်းကြိုက်တယ်...သံစဉ်ကိုရော စာသားတွေကိုရော...။ ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တယ်လို့တော့မဟုတ်ပါဘူး....။ စိုင်းစိုင်းရဲ့ စကားအလုံးအနုအရွတွေကိုခိုက်လို့.....။
သီချင်းအင်ထရိုအ၀င်မှာရွတ်လိုက်တာ...တကယ်ဆို အချစ်ဆိုတာ မကောင်းဆိုးဝါးလိုပဲ ကံနိမ့်တဲ့ကောင်မှတွေ့ရတာတဲ့ ... အချစ်ကို စိတ်နာနာနဲ့ ခိုင်းနှိုင်းထားပုံလဲကြည့်ဦး.....
 နဖူးစာရွာလည်လို့ ကံတရားရဲ့ဆန်းကြယ်မှု တယ်လီဖုန်းထဲ နှုတ်ဆက်လို့နမ်းခဲ့ဖူး ဂွတ်နိုက် ပုံပြင်တွေနဲ့ချော့သိပ်ဖူး  အဲဒီစာသားလေးနားထောင်မိတော့ ဘာရယ်မဟုတ်ဘူး မင်းရဲ့ Fly Kiss ကို သတိရသွားတယ်....း)
သူ့ rapping စာသားတွေထဲက နောက်ဆုံးအပိုဒ်မှာဆိုတဲ့ကာရံလေးတွေနဲ့ကိုအရမ်းကြိုက်တယ်..
သုံးထားတဲ့စကားလုံးတွေလဲ အရမ်းနူးညံ့တယ်လေ...။
အိပ်ယာကမနိုးထခင်မှာ ငါက အိပ်မက်သူ
           ဣစ္ဆာသယမင်းက ငါ့အချစ်ကို စိတ်ပျက်သူ
           အိမ်ရာမဲ့ငါ့ဘ၀ ရင်မောလို့ ပင့်သက်ရှူ
           ဣနြေ္ဒရှင်မင်းက ကောင်းကင်ထက်က ဆင်းသက်သူ
အိုကေ...ဆောင်းနှင်းလေငွေ့အေးအေးတွေတိုက်ခတ်လာပြီ...ဒီသီချင်းလေးနားထောင်ပြီး..
အေးငြိမ်းချမ်းသာမှုလေး ရရှိနိုင်ကြပါစေလို့...း)
မိုးငွေ့
Saturday, 8 December 2012
ဖက်ထုပ်ပေါင်းနဲ့ မြေဇာဥသကြားညို.....
ဝက်သားဖက်ထုပ်ပေါင်း
ပုစွန်ဖက်ထုပ်ပေါင်းနဲ့အကြမ်းရည်ပူပူလေး
နိုင်လွန်ပုစွန်ဖက်ထုပ်လုပ်ဖို့ကျတော့ ဂျုံမုန့်သားကို ရေနွေးနဲ့နယ်ရပါတယ်..
 ဒါကြောင့်ပေါင်းလိုက်တော့ အခွံလေးကကြည်ကြည်လေးဖြစ်နေတာ...
ရေအေးနဲ့နှပ်ထားတဲ့ဂျုံမုန့်သား
အ၀တ်စိုနဲ့အုပ်ထားဂျုံမုန့်သား၊ ၀က်သား နဲ့ ဖက်ထပ်ပုံဖော်တဲ့ခွက်အကြီးအသေး၊ မုန့်လှိမ့်တံ
 ဖက်ထုပ်ရွက်လေးလုပ်ပြီးပြီ
  ဖက်ထုပ်ပုံဖော်တဲ့ခွက်နဲ့အသားထည့်ပြီးသားဖက်ထုပ်ပေါင်းလို့ရပါပြီ
 ဖက်ထုပ်ပေါင်းနဲ့စားဖို့ဂျင်းနဲ့ဂျပန်ပဲငံပြာရည်
ဆီသုတ်ထားတဲ့ပါင်းအိုးထဲစည်ထည့်ထားတဲ့ ဖက်ထုပ်တွေ
 သကြားညိုနဲ့နှပ်ထားတဲ့ မြေဇာဥအချိုပွဲလေးပါရှင့်
မိုးငွေ့
Thursday, 6 December 2012
ရင်မှာအရင်တိုင်း.....
ဒီသီချင်းက...လူတိုင်းနားထောင်ဖြစ်ပြီး ကြိုက်မယ့်သီချင်းလေးတစ်ပုဒ်ပါ...။ ဘယ်ခါနားထောင်နားထောင် ရိုးအီမသွားမယ့် သီချင်းလေးလို့ထင်ပါတယ်...။ ခုလိုအချိန်မျိုးမှာ ပြန်နားထောင်ရတာပိုပြီး ခံစားသက်ဝင်လို့ကောင်းနေတယ်...ဒါကြောင့် အားလုံးကိုပြန်မျှဝေတာပါ...။ ပြီးတော့ အစ္စဏီရဲ့ ခပ်အီအီချွဲချွဲဆိုတဲ့ အသံလေးက တကယ်ဟတ်ထိတယ် ပြန်နားထောင်ကြည့်ကြည့်........။
တေးဆို-အစ္စဏီ
Melody ***** ငါ့ရင်မှာအရင်တိုင်းမင်းကရှင်သန်နေမှာပဲ….တကယ်လို့အိပ်မက်ဖြစ်နေလည်း မနိုးထလိုက်ပါနဲ့ တို့ဝေးနေစဉ်ခဏပဲ ဒီအလွမ်းတော့ရှိမှာပဲ….သံသယစကားတို့နဲ့ နင်လာပြီးးးး
Raping *****  မင်းနဲ့ငါ တစ်ယောက်နဲ့တစ်ယောက်အထင်တွေလွဲမှားထားခဲ့ကြ လမ်းမခွဲကြေး ကတိစကားပြတ်ပြယ်စပြုချိန်မှာ ရင်ခွင်မှာမီးတောက်နေလို့…အဓိကပြသနာက သံသယမျက်လုံးတွေကြောင့်မို့  သေချာတဲ့ စွပ်စွဲချက်ကြောင့်မင်းငါ့ကိုလမ်းခွဲဖို့ မကြိုးစားနဲ့ ငါချစ်တာမင်းတစ်ယောက်တည်း ဝေးနေရတဲ့ချိန်မှာ ငါတို့ကနီးဖို့ပဲ မင်းထင်သလိုမတွေးပါနဲ့ မင်းနဲ့ငါတို့ဝေးအောင်လို့ သံသယတွေဖျောက်ဖျက်ပြီး ငါ့ရင်ထဲကိုပြန်လာခဲ့ဦး…..Baby….
Chorus …… မင်းသိသလိုမထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့ ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး.. ငါမင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ်….။မထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့… ယိုင်နဲ့သွားမယ့် အချစ်မဟုတ်ဘူး ငါ့မင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ့်သူ…။
Rapping ***** အရာရာကိုဆုံးဖြတ်ဖို့အတွက် အသိတရားတွေလိုအပ်တယ်…သေချာစဉ်းစားကြည့် နှလုံးသားနှစ်ခုပေါင်းစပ်ဖို့လည်း နားလည်မှုတွေလိုသေးတယ် ဒီတော့ မင်းးစိတ်ထင်ရာတွေလျှောက်လုပ်မိရင် အမှားကြီးမှားမယ်…ခဏနေဦး ငါ့ရင်ကိုခွဲသွားပြီးတော့ ရင်ခွင်သစ်ကိုသွားချင်လည်း…မင်းသိထားဖို့က ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်းရှိတယ် ပြန်လာခဲ့ပါ ဒီရင်ဟာ မင်းအတွက် နွေးထွေးစွာကြိုဆိုဆဲပါ….။
Melody ***** ငါ့ရင်မှာအရင်တိုင်းမင်းကရှင်သန်နေမှာပဲ….တကယ်လို့အိပ်မက်ဖြစ်ခဲ့လည်း မနိုးထလိုက်ပါနဲ့….တို့ဝေးနေစဉ်ခဏပဲ ဒီအလွမ်းတော့ရှိမှာပဲ….သံသယစကားတို့နဲ့ နင်လာပြီးးးး
Chorus……. မင်းသိသလိုမထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့ ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..ငါမင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ်…. မထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့…ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး ငါ့မင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ့်သူ…။
Rapping ***** ချစ်နေတုန်းပဲလို့ ရင်ထဲကပြောချင်ပေမယ့် ငါ့စိတ်တုန်လှုပ်ခဲ့လို့ ခေါင်းငုံ့ကာဆောက်တည်ရာမဲ့…ဟိုဒီဒီရောက်လေရာလည်း မင်းပုံရိပ်ကိုမြင်နေရဆဲ တခါတရံအလွမ်းနေ့များမှာ မင်းမရှိလည်း မင်းရဲ့အနားမှာ အတိတ်တွေတွေးရင်းအလွမ်းဖြေခဲ့တာ ငါ့အချစ်ကအရင်လိုပါပဲ…ပိုင်ဆိုင်ခွင့်မရတော့ရင်လည်း မင်းရှေ့မှာငါပြုံးနေမြဲ စိတ်ဓါတ်တွေအောက်ဆုံးထိကိုကျဆုံးနေခဲ့ မင်းမြင်တဲ့ငါ့ရင်ထဲ မင်းတွေ့သလို မင်းတွေ့သလိုမထင်ပါနဲ့
Chorus ….မင်းတွေးသလိုမထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့ ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး..ငါမင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ်….မထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့…ယိုင်နဲ့သွားမယ့်အချစ်မဟုတ်ဘူး ငါ့မင်းရဲ့အချစ်နဲ့အသက်ဆက်ရှင်မယ့်သူ…
Repeat Chorus……
မိုးငွေ့