
စာတွေ.... ကဗျာတွေ ရူးသွပ်ခဲ့ဖူးပေမယ့် ကိုယ့်ဘဝမှာ ကိုယ်ပိုင် ကဗျာဆရာတစ်ယောက်ရှိလာလိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးဘူး.......။ ပျော်လိုက်တာ....:) ခုခေတ်ပိုင်း မောဒယ်လ်တွေ မင်းသမီးတွေ ကိုယ်ပိုင်ဒီဇိုင်နာတွေထားကြသလိုပေ့ါ..... ကိုယ်လဲ အားကျမခံ ကိုယ်ပိုင်ကဗျာဆရာထားတယ်...။ကိုယ့်ခံစားမှုတိုင်း ကိုယ့်လှုပ်ရှားမှုတိုင်းဟာ သူ့ရဲ့ ကဗျာတွေဖြစ်ဖြစ်လို့သွားတယ်......။ ကိုယ့်ရဲ့ ဝမ်းနည်းမှု ကိုယ့်ရဲ့ မျက်ရည်စက်တွေဟာလည်း ကိုယ့်ရဲ့ ကဗျာဆရာက ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်....။ အလွမ်းတွေလည်း ကဗျာဖြစ်ကုန်တယ်....။ ကျမကဗျာဆရာရဲ့ကိုယ်ပိုင်ဥယျာဉ်လေးထဲမှာ အလွမ်းကဗျာပန်းခင်းတွေလည်း ဝေနေခဲ့ဖူးတယ်......။
ကိုယ်တို့စဆုံဖြစ်တုန်းက ကဗျာတစ်ပုဒ်နဲ့ကတောက်ကဆဖြစ်ရင်းနဲ့ပါ........။ ကဗျာတစ်ပုဒ်အတွက် စတင်ဆုံးဆည်းတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကို နူးညံ့ညင်သာစွာ ချင်းနင်းဝင်ရောက်လာလိမ့်မယ်လို့ ဘယ်လိုထင်ထားမိမလဲ....။
နေ့စဉ်နှင့်အမျှ သူရေးစပ်တဲ့ ကဗျာလေးတွဟာ နူးညံ့သိမ်မွေ့လို့ လူတကာစိတ်ဝင်စားလေ့ရှိတယ်.....။ ဒါကြောင့် သူ့ကဗျာထဲပျော်ဝင်ခံစားသွားတာကိုယ့်အပြစ်မဟုတ်ပါဘူးနော်...။ ကိုယ်တို့ဆုံဖြစ်ကြတဲ့အချိန်ဆို သူနဲ့ကိုယ် ကဗျာတွေစာတွေအပြန်အလှန်ဖလှယ်ကြတယ်.......။ တခါတလေ ရေးတဲ့အချိန်တွေတောင်တူတဲ့အပြင် အကြောင်းအရာ စကားလုံးကအစ တိုက်တိုက်ဆိုင်ဆိုင်တူနေတတ်သေးတယ်.......။ ဒါဟာ...တကယ်တော့ ဝါသနာတူ ရင်ခုန်သံချင်းတူ ခံစားချက်ချင်းတူလို့ဖြစ်လာတာပါ....။
ကိုယ့်ရဲ့ ကဗျာဆရာဟာ တစ်သက်လုံး ကိုယ့်အတွက် ကဗျာဆရာဖြစ်နိုင်ပါ့မလားလို့ တခါတခါအတွေးခေါင်မိတယ်။... တကယ်တော့ အဲဒီအတွေးဟာ အဖြူရောင်အတ္တပါ....။ လောကမှာ ပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိပါဘူး........။ ပိုင်ဆိုင်မှုဆိုတာ သတ်မှတ်ချက်သက်သက်ပါ........။ ဘယ်ချိန်ဘယ်ခါမှာ ကိုယ့်နားက ပျောက်ကွယ်သွားမလဲမသိပေမယ့်.....လောလောဆယ်တော့ ကိုယ်ပိုင်ကဗျာဆရာတစ်ယောက်ရထားတဲ့အတွက် ကြည်နူးပီတိဖြစ်နေမိတော့တယ်......။
မိုးငွေ့




