"ရန်ကုန်" ဆိုတဲ့ သီချင်းက ၂၀၁၃ မှာ ထွက်ခဲ့တဲ့ ကိုမျိုးကျော့ရဲ့ "ပစ္စုပ္ပန်" အယ်လ်ဘမ်ထဲက အဲလက်စ်နဲ့တွဲဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်တယ်...။ နောက်ပိုင်းထွက်တဲ့ ကိုမျိုးကျော့သီချင်းတွေက အီလက်ထရိုပေါ့တွေ ဒန့်စ်တွေဖက်နွယ်တယ် မြူးမြူးကြွကြွလေးတွေပေါ့....တစ်မျိုးမိုက်တယ်....။
"ရန်ကုန်" ဆိုတာ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်သလို ကမ္ဘာမှာလည်း အထင်ကရဖြစ်တဲ့မြို့တစ်မြို့ပါ....။ ကျနော် စရောက်ဖူးတုန်းက "ရန်ကုန်"နဲ့ အခုခေတ်"ရန်ကုန်"က အနေအထားတော်တော်လေးကွာခြားသွားပါတယ်....။ တိုးတက်ပြောင်းလဲလာပါတယ် တိုက်တာလမ်းပန်း ဉယျာဉ်ပန်းခြံ ဘာညာကောင်းလာပါတယ် ဒါပေသိ ကျနော်စရောက်တုန်းက "ရန်ကုန်"ဟာ လမ်းတွေပေါ် ကားရှင်းတယ် အမှိုက်သရိုက်တွေမပေါသေးဘူး လူဦးရေများပြားရှုပ်ထွေးမှုမရှိသေးဘူး ရန်ကုန်ဟာလတ်ဆတ်လန်းဆန်းတက်ကြွနေတဲ့ လူကြီးလူကောင်းဆန်ဆန်...ခုတော့ လူဦးရေတွေက ဆယ်ဆလောက်များလာ အရှင်းဆုံးပြောရရင် နာဂစ်နောက်ပိုင်း အသိတရား လူ့ကျင့်ဝတ်သေသေချာချာနားမလည် စည်းကမ်းမရှိဉာဏ်ပညာအားနည်းတဲ့ တာဇံတွေတက်လာနေကတည်းက ရန်ကုန်မြို့ကြီးဟာ ယိုယွင်းပျက်စီးစပြုလာတော့တာပဲ စည်းမရှိကမ်းမရှိ အမှိုက်တွေပစ်လာကြတယ် ကွမ်းယာရောင်းသူများလာ ကွမ်းစားသူများလာတယ် မြို့တော်ကြီးဟာ အဲကတည်းက ဖျားနာလာတော့တာပဲ....။ အရင် ရန်ကုန်သူ ရန်ကုန်သားစစ်စစ်တွေ နေထိုင်စဉ်ကလို ရန်ကုန်ဟာ မလန်းတော့ပါဘူး ဖယိုဖရဲနဲ့ ခုနိုင်ငံရေးအခြေနေမှာ ပိုလို့တောင်ဆိုးသေး....။
အရင်က ရန်ကုန်သူ ရန်ကုန်သားဆိုရင် လူလည်ကျတဲ့သူတွေလို့ ပြောတတ်ကြတယ် ခုခေတ်တော့ ရန်ကုန်သူ/သားတွေက ငတုံးငအတွေများလာပြီး နယ်ကတက်လာတဲ့ လူလည်ကျစ်ကျတာဇံများရဲ့စိုးမိုးအနိုင်ယူချင်းကိုခံနေရရှာတယ်...။ ကျနော်တို့ ရန်ကုန်ကို အမြန်ဆုံးဆေးကုဖို့လိုနေပြီဗျ......။
ရန်ကုန်ရေ !!!!
အသက်ရှည်ရှည်ရှူပါ .......
ရေများများသောက်ပါ ......
အလကားရနေတဲ့ အောက်စီဂျင်ကို တန်ဖိုးရှိရှိ ရှူရှိုက်အသုံးပြုအသက်ဆက်ပါ.....
အလောင်းမင်းတရားဦအောင်ဇေယျ ဒဂုံကနေ နာမည်ပြောင်းခဲ့တဲ့ ရန်ကုန်....
🎵 🎵 🎵
လူတော်တွေများတဲ့ ရန်ကုန်....
တည်ငြိမ်စွာရှိတဲ့ ရန်ကုန်....
ကမ္ဘာကိုကိုင်လှုပ်မယ့် ရန်ကုန်.... 🎵 🎵 🎵
ကိုမျိုးကျော့မြိုင်ထွက်ရှိခဲ့သော တေးစီးရီး အယ်လ်ဘမ်များ
- မိုးတွေရွာနေချိန်ခဏ (၁၉၉၂)
- ကမ္ဘာကြီးအပြင်ဘက် (၁၉၉၃)
- Virus 3 [ Rap `N´ Roll ] (၁၉၉၄)
- Virus 3 (ဒုတိယစီးရီးနှင့်တတိယစီးရီးများမှကောင်းနိုးရာရာသီချင်းများကိုပြန်လည်ရွေးထုတ်ခြင်း) (၁၉၉၅)
- အပိုင်းအစ တစ် (၁၉၉၅)
- အပိုင်းအစ တစ် နှစ်ပိုင်းတစ်ပိုင်း (၁၉၉၆)
- ပေါင်းစပ်ခြင်း(ဆောင်းဦးလှိုင်၊ သီရိဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉၉၆)
- မျိုးကျော့မြိုင်(၂)Virus (၁၉၉၇)
- အဟောင်းဆုံးတေးများ (၁၉၉၈)
- သက္ကရာဇ် ၂၀၀၀ Remix (၂၀၀၀)
- သတိရရင်ပြီးတာပဲ(ကဗျာဘွဲ့မှူး နှင့် တွဲဖက်၍) (၂၀၀၀)
- ကျွန်တော့်နာမည်မျိုးကျော့မြိုင် (၂၀၀၁)
- အကောင်းဆုံးတေးများ (၂၀၀၁)
- မျိုးကျော့မြိုင်.Com (၂၀၀၂)
- စားသုံးကြည့်(ဒိုးလုံး နှင့် တွဲဖက်၍) (၂၀၀၂)
- လူဖြစ်ရတဲ့ဒုက္ခ (၂၀၀၃)
- တကယ်မချစ်ဘဲနဲ့(ထွန်းအိန္ဒြာဗို နှင့် တွဲဖက်၍) (၂၀၁၀)
- ပစ္စုပ္ပန် (၂၀၁၃)
- တဘက်စွန်းဂီတ [ Mini Album ] (၂၀၁၄)
- Into The Acoustic (၂၀၁၇)
- A Night With Myo Kyawt Myaing (၂၀၁၈)
- လူငယ်တွေ Sorry ပါ (၂၀၁၉)
No comments:
Post a Comment