ခုတလော ကိုယ့်ပတ်ဝန်းကျင် မိတ်ဆွေတွေထဲမှာ မေးလိုက်ရင် နေမကောင်းဖြစ်နေတဲ့သူတွေများနေတယ်...။ ခါးကြောညှပ်တဲ့သူ ပေါင်ကြောညှပ်တဲ့သူ ဆီးကျိတ်ဖြစ်နေတဲ့သူ အသက်ငယ်ငယ်နဲ့ Memory lost ဖြစ်ချင်နေတဲ့သူ အရွယ်မတိုင်ခင် အင်ဇိုင်းမားဖြစ်ချင်နေတဲ့သူ ခုနောက်ဆုံးဆို သူငယ်ချင်းထဲကပဲ လည်ပင်းမှာ အလုံးအကျိတ်ဖြစ်နေတာ စောစောစီးစီးမကုဘဲ ထားလိုက်တာ အခုစစ်ကြည့်တော့ဆရာဝန်က ချက်ချင်းခွဲစိပ်ရမယ်ဆိုတာနဲ့ ဆေးရုံတက် မတက်ခင်မှာ စစ်စရာရှိတာတွေအကုန်စစ်ရတာ ခုခေတ်ကုန်ကျစရိတ်နဲ့ဆိုတွက်သာကြည့် အရင် ကုန်ကျစရိတ်နဲ့ နှစ်ဆ မဟုတ်ရင် သုံးဆပဲ...။ ခုခွဲထုတ်လိုက်တော့ အလုံးက 9cm လိမ္မော်သီးလုံးလောက်ရှိတဲ့အပြင် ဘေးနားမယ်လဲ အသေးတွေကထပ်ဖြစ်နေပြီ အသားစစစ်ကြည့်တော့ CA ကင်ဆာလို့အဖြေထွက်တယ်...။ အစက ကုန်ကျမှာစိုးလို့ မကုပဲထားလိုက်တာ အခုတော့ ကင်ဆာဖြစ်သွားပြီ အဲအပြင် စရိတ်ကလဲ နှစ်ဆတက်သွားတဲ့အချိန် ပိုဆိုးတာက ဘဏ်တွေကို ဆန်ရှင်လုပ်ထားခံရတော့ နိုင်ငံခြားဆေးတွေမသွင်းနိုင်ကြတော့ဘူး (နိုင်ငံရေးဂယက်ကဘယ်လောက်ကြောက်ဖို့ကောင်းလည်း ဒီတိုင်းပြည်မှာနေထိုင်နေတဲ့ ပြည်သူတစ်ဦးချင်းဆီကိုသက်ရောက်တာ ဘယ်သူတွေလည်းလမ်းလွှဲအာရုံပြောင်းချင်တာနဲ့ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့မဆိုင်ဘူးလို့)...။ အခုသောက်ရမယ့်ကင်ဆာဆေးက သိန်းရှစ်ဆယ်လောက်ကျမယ် ဒါက တစ်ခါသောက်တဲ့နှုန်းပဲရှိသေးတာ ဆရာဝန်က ဘယ်နှစ်ကြိမ်လည်းမသတ်မှတ်ရသေးဘူး CA က အဆင့်တစ်လို့ပြောတယ်...။ အဆင့်တစ်ပဲဆိုပြီးလည်း မပေါ့စေချင်ဘူး အဲအဆင့်မှာပဲ အပွားအမြန်ဆုံးလို့ကြားဖူးတယ်..။ သူ့ဘာသူ ဘာအဆင့်ပဲရောက်ရောက် တစ်ခုခုဖြစ်လာရင် စိတ်ဓါတ်ကြံ့ခိုင်နိုင်ဖို့က အရေးကြီးဆုံးပဲ...။ အပြောလွယ်တယ် ကိုယ်တိုင်ခံစားရတဲ့သူက လုပ်ရတာခက်တယ် နားလည်တယ်...။ ဒါပေမယ့် ဖြစ်လာရင် ကိုယ်က သေမယ့်လမ်းကိုရွေးမလား ဆက်ကုမလား ဘာပဲဖြစ်နေနေ ငါအသက်ရှင်ရမယ်ဆိုပြီး စိတ်အားတင်းနိုင်မလား....။ ကင်ဆာဆဲလ်ကို အားပေးတဲ့ ပွားစေတဲ့အဓိကအချက်ကတော့ စိတ်ဖိစီးမှု နဲ့ လေကောင်းလေသန့် အောက်စီဂျင်ဝဝမရှူရတာပဲ....။ ပြီးတော့ သကြားလုံးဝဖြတ်ရမယ် ကင်ဆာဆဲလ်တွေအကြိုက်ဆုံးက သကြားပဲ CA လို့စသိရတာနဲ့ သူ့ကိုရှောင်ပစ်လိုက်တော့ပဲ...။
ကျန်းမာရေးတစ်ခုခုချို့တဲ့လာရင် လူတွေက အရင်ဦးဆုံး စိတ်ဓါတ်ကျတတ်ကြတယ်...။ စိတ်က ၅၀% လောက်အရေးပါပါတယ်...။ ရောဂါတစ်ခုခုဖြစ်လာရင် ကုသဖို့ စရိတ် လက်ထဲမှာ ငွေကြေးလုံလောက်နေဖို့ကလည်း အရေးကြီးတယ်...။ ဒါကြောင့် ကိုယ့်ခန္ဓာအမြဲသန်စွမ်းကျန်းမာဖို့ စိတ်ကိုလည်း ကျန်းမာအောင်ထားဖို့လိုပါတယ်....။ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အလုပ်ကို ပိုလုပ်စေချင်တယ်...။ အိပ်ရာကနိုးနိုးချင်း ကိုယ့်ကိုယ်ကို ခေါင်းစခြေဆုံးစစ်ဆေးဘာတွေဖြစ်နေလဲ ဘယ်နားမှာ နာကျင်နေလဲ ဘယ်နားမှာနေလို့မကောင်းနေလဲ စသဖြင့်ပေါ့ အားလုံးစစ်ပြီးပြီဆို ငါဒီနေ့ အသက်တစ်ရက်ဆက်ရှင်နေသေးတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပြီးမှ မျက်နှာသစ် ရေမိုးချိုးတာလုပ်....ပြီးရင် တစ်နေ့တာလုပ်ငန်းစဉ်ကိုလုပ် (ရေများများသောက်ဖို့လဲမမေ့နဲ့) ညနေဖက်ရေမချိုးခင် ကိုယ်လက်လေ့ကျင့်ခန်းလေး နာရီဝက်လောက်လုပ် ညဖက်ကိုအစားလျှော့စား မအိပ်ခင်ဘယ်နှစ်မိနစ်ရရ စိတ်တည်ငြိမ်အောင် အသက်ဝဝရှူဖြစ်အောင် မေတ္တာဓါတ်လေးနဲ့ တရားထိုင် စာအုပ်လေးနည်းနည်းပါးပါးဖတ် အိပ်ရေးဝဝအိပ်....။ အဲလောက်ပါပဲ ဒါကို ကိုယ့်ရဲ့အကျင့်တစ်ခုလို နေ့တိုင်းမမေ့မလျော့လုပ်သွားပါ....။ အသက်ရှည်ဖို့မရှည်ဖို့ထက် အို နာ သေ ဆိုတဲ့ သုံးခုထဲက နာကျင်ခြင်းဝေဒနာကိုတော့ သက်သာစေမယ်လို့ ယုံကြည်တယ်...။ ဆရာလုပ်ရလောက်အောင်လည်း ကိုယ်ကတတ်ကျွမ်းမနေပေမယ့် ကိုယ်ကတော့ ကိုယ်ချစ်ခင်သူတွေကို စိတ်ပူလို့ သိသလောက် တတ်သလောက် မှတ်သားကြားဖူးသလောက်လေးပြောပြရတာပဲ သတိပေးစကားပါးရတာပဲ ...။
ဒီနှစ်မိုးက ကိုးဗစ်ဘာညာသိပ်မဖြစ်ကြတော့ပေမယ့် တုတ်ကွေးဖျားနာတာကိုတော့ အများစု အလူးအလဲခံကြရတယ်...။ မိုးမိရင် ရေမိုးချိုးပစ်ပြီး နွေးနွေးထွေးထွေးနေပါ နေရောင်အထိအတွေ့နည်းတော့ ချွေးထွက်များအောင်လေ့ကျင့်ခန်းလုပ်ပါ...ပြောနေကျအတိုင်း ဗိုက်တာမင်စီစားပေးပါ အသီးအရွက်များများစားပါ ရေများများသောက်ပါ အားလပ်ချိန်မှာ သီချင်းနားထောင်ပါ စာဖတ်ပါ ကိုယ့်စိတ်အဆင်ပြေမယ့် ပျော်ရွှင်စေမယ့် အရာမျိုး တစ်နေ့တာမှာ အနည်းဆုံးတစ်ခုလုပ်ပေးပါ...။ ဒါဆို နေမပျော်မယ့်ကမ္ဘာကြီးမှာ တစ်ရက်တာပျော်ရွှင်မှုသေးသေးလေးနဲ့ဖြစ်ဖြစ် ကုန်ဆုံးသွားလိမ့်မယ်...။ နောက်ထပ်ရောက်လာမယ့်နေ့သစ်ကိုလည်း အဲလိုလေးလုပ်သွားပေးကြည့်ပါ....။ ဪ... ပြီးတော့ ကိုယ်တစ်နေ့တာ အိပ်စက်အနားယူမယ့် ကိုယ့်အိပ်ရာကိုလည်း သန့်သန့်ရှင်းရှင်းနဲ့ခြောက်သွေ့အောင်ထားပါ အနံ့အသက်ကင်းအောင်ထားပါ ကိုယ့်အခန်းထဲ မလိုအပ်တဲ့ပစ္စည်းတွေရှင်းပစ်ပါ ကိုယ့်မျက်စိရှေ့က အရာတွေရှင်းလင်းနေရင် ကိုယ့်စိတ်လည်း ရှင်းနေလိမ့်မယ် ဒါမှ ကျန်းမာတဲ့ စိတ်နှလုံးပိုင်ရှင်ဖြစ်နိုင်မယ်...။
ကိုယ့်ကိုယ်ကိုအတွက်ရော ချစ်ခင်သူတွေအတွက်ပါ Energy တွေများများစုဆောင်းနေပါတယ်...။ လူချင်းအားပေးစကားပဲဖြစ်ဖြစ် ပွေ့ဖက်ပြီးတော့ပဲဖြစ်ဖြစ် တတ်နိုင်တဲ့လမ်းကနေ စွမ်းအားတွေပေးနေပါတယ် ဒါမှမဟုတ်လည်း Wave ကနေတဆင့် ပို့ပေးနိုင်အောင် အမြဲကြိုးစားနေပါတယ်...။
အားလုံး စိတ်ခန္ဓာနှစ်ပါးလုံး ကျန်းမာပျော်ရွှင်ကြပါစေ....:)
Revolution will prevail
မိုးငွေ့
No comments:
Post a Comment