မခိုင်ကြီးရဲ့ အောရီဂျင်နယ် "မယုံနိုင်ဘူး"
မခိုင်ကြီးသီချင်းတွေထဲက ကျနော့်အကြိုက်ဆုံးသီချင်းတွေမှာ ဒီတစ်ပုဒ်လည်းပါတယ်...။ ဒီသီချင်းကို ပြန်နားထောင်ဖြစ်သွားတာက အေသင်ချိုဆွေရဲ့ ညီမ Food Blogger မေသင်ချိုဆွေ ပေ့ချ်ကိုသွားကြည့်ရင်းနဲ့ပါ..။ ချင်းမိုင်မှာ ကလေးတွေကိုအင်္ဂလိပ်စာသွားပြရင် အစားတွေစားပြနေတဲ့ မေသင်ချိုဆွေကိုကြည့်ရင်း သူ့အစ်မကိုသတိရသွားခဲ့တယ်...။ ကျနော် စမ်းချောင်းမှာနေနေတုန်း ဆောင်းမနက်တွေမှာ ရင်ပြည်ရှေ့ ထိုက်ကျိ နေ့တိုင်းသွားကစားဖြစ်တုန်းက အပြန်ဆို စမ်းချောင်းလမ်းထဲ လက်ဖက်ရည်သောက် မုန့်စားပြီးမှ အိမ်ပြန်တာ....။ အဲကျနော်တို့ထိုင်သောက်တဲ့ လက်ဖက်ရည်ဝိုင်းနံရံမှာ အေသင်ချိုဆွေရဲ့ ပထမဆုံးစီးရီး "ပေါက်တဲ့အိုး" ပိုစတာလေးကပ်ထားတယ်...။ အဆိုတော်နာမည်လေးကလည်း အဆန်း သီချင်းနာမည်လေးကလည်း သူများနဲ့မတူဘူးဆိုပြီး သတိထားမိတယ် သူ့သီချင်းတွေလည်း အဲကတည်းက နားထောင်ဖြစ်တယ်...။ နောက်တစ်ခွေကျတော့ နာမည်ကြီးအဆိုတော်တွေရဲ့ အကောင်းဆုံးသီချင်းတွေကို အေသင်ချိုဆွေပြန်ဆိုထားတာ ထပ်ထွက်တယ်...။ အဲထဲက မခိုင်ကြီးရဲ့ "မယုံနိုင်ဘူး" ကို သူ့စတိုင်လ်လေးနဲ့ဆိုသွားတာ ကြိုက်တယ်...။ အေသင်က..🎵သေချာတယ် မောင်မရှိတော့တဲ့နေ့ရက်တို့ ရင်မဆိုင်ရဲ🎵 ဆိုတဲ့အဆုံးသတ်လေးကို ရှည်ရှည်လေးဆွဲဆိုသွားတဲ့ပုံစံလေးတအားကြိုက်တယ်...။
မခိုင်ကြီး One Lady Show တုန်းက ဘရိတ်ကီနဲ့
အေသင်ချိုဆွေပြန်ဆိုထားတဲ့ "မယုံနိုင်ဘူး"
ဝိုင်းစုပြန်ဆိုပြီး စိုင်းစိုင်း Rapping လိုက်ထားတဲ့ "မယုံနိုင်ဘူး"
_______________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment