၂၀၁၀ ဝန်းကျင်လောက်က မခိုင်ကြီး နဲ့ ကိုမျိုးကျော့ တွဲထွက်ဖူးခဲ့တဲ့ တေးစီးရီးထဲက ကိုမျိုးကျော့ရေးပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ....။ အဲတုန်းက မခိုင်ကြီးရဲ့ One Lady Show မှာ တော်တော်ပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်တယ်....။ ဆယ်နှစ်ကျော်မှာ ဒီသီချင်းလေးကို Cover တွေပြန်ဆိုကြတာမှာ Jewel ပြန်ဆိုတာနဲ့ Snare နေဝင်းတို့ပြန်ဆိုထားတာလေး သဘောကျလို့ တင်ပေးထားပါတယ်...။ Jewel ကတော့ သူ့စတိုင်လ်အတိုင်း Pop ချိုချိုပုံလေးနဲ့ဆိုထားသလို နေဝင်းကလည်းသူ့ Rapping လေးညှပ်ပြီး ဆိုထားကြတာလေး တစ်မျိုးနားထောင်ကောင်းတာပဲ ....။ ကောင်းပြီးသား သီချင်းတစ်ပုဒ်ကို ပိုလှအောင် ကွန့်ပေးလိုက်ကြတာပါပဲ Cover Song ဆိုတာ....။
ခုလို မိုးရာသီ မိုးအေးအေး မိုးဖွဲဖွဲလေးရွာတဲ့အချိန်မှာ လွမ်းစရာကောင်းလောက်အောင် "မိုးလေးဖွဲတုန်း"ဟာ ဆွဲဆောင်နိုင်တဲ့ မိုးသီချင်းလေးတစ်ပုဒ်ပါပဲ......။
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment