Friday, 21 October 2022

အလွမ်းခါးခါး.....

 


ကျနော် နောက်ထပ် သိပ်ကြိုက်တဲ့
အဲလက်စ်သီချင်းက "အလွမ်းခါးခါး" ..... 99' လက်ဆောင်ဆိုတဲ့ စီးရီးခွေထဲက တစ်ပုဒ်...။ ဒီသီချင်းက အဲလက်စ်နဲ့ ဟိုရင်အချိန်က ကိုညီထွဋ်တို့ Empire Band မှာ Drum တီးတဲ့ ကိုဝေထွန်း(ခုတော့ နဝရတ်စတူဒီယိုဖွင့်ပြီး Empire Band ကနေအနားယူသွားတာကြာပါပြီ)ရဲ့ ညီမတွေဖြစ်တဲ့ မထရေစီတို့ ညီအစ်မတွေဖွဲ့ထားတဲ့ ဟာမိုနီအဖွဲ့ Kidz 4 Future နဲ့ ဆိုထားတာ...။ မထရေစီတို့စတိုလ်ကသိတယ်မလား အနောက်နိုင်ငံတွေရဲ့ သံစုံတီးဝိုင်းတွေနောက်မှာ ဘုရားကျောင်းတွေမှာ ဟာမိုနီလိုက်ပေးတဲ့ လူမဲမိန်းမဝဝကြီးတွေ အသံတွေကညီစီပြီး သိပ်နားထောင်ကောင်းတာ အဲလိုမျိုးလေ...။ ဟာမိုနီကို တနည်းအားဖြင့် second လိုက်တယ်လို့လဲခေါ်ကြတယ်...။ ကျောင်းတုန်းက ကျနော့်မှာ ခရစ်ယာန်သူငယ်ချင်းတွေရှိခဲ့ဖူးတော့ သူတို့နဲ့ ဘုရားကျောင်းလိုက်တာ သူတို့ပြောပြတာတွေကြားဖူးနေလို့ သိရတာ...။ လူတစ်ယောက်ဘဝမှာ လိုက်လျောညီထွေမှုနဲ့ နေထိုင်လို့ရအောင် ဟာမိုနီလိုသလိုပဲ သီချင်းကောင်းတစ်ပုဒ်မှာလဲ အဓိကအဆိုတော်ရဲ့ ဆိုသံနောက်မှာ လိုက်လျောညီထွေစွာ ညီညီစီစီအသံထွက်လာဖို့ ဟာမိုနီကလည်း သိပ်အရေးကြီးတာကိုသွားတွေ့ရတယ်....။ 





ကျနော့်စာရေးသက်တမ်းတစ်လျှောက်မှာ ခါးတာနဲ့ပတ်သက်ပြီး စကားလုံးနှစ်လုံးရှိခဲ့ဖူးတယ်....

    ကော်ဖီခါးခါး...

        ပြီးတော့...

            မိန်းမခါးခါး... 

တကယ်က ကျနော့်ကိုယ်ပိုင်စကားလုံးတော့မဟုတ်ဘူး လူတစ်ယောက် ကျနော်ကို တင်စားခဲ့ဖူးလို့ ကျနော့်အက်ဆေးမှာ တစ်ခါသုံးခဲ့ဖူးတာပါ...။ 

      ခုတော့....

           အလွမ်းခါးခါး

ခါးတာနဲ့ပတ်သက်ပြီး စကားလုံးတွေ ကျနော့်ဆီက ထပ်ထွက်လာဖို့ရှိဦးမှာပါ........


__________________
Revolution will prevail
မိုးငွေ့


No comments: