Acid အဖွဲ့မှာ ဟိန်းဇော်ဟန်(Acidic Acid)ဆုံးပါး(2000-2006)သွားပြီးနောက်ပိုင်း ကျန်တဲ့ အဖွဲ့ဝင်သုံးယောက်ဖြစ်တဲ့ အနဂ္ဃ(Smoke Acid), ဇေယျာသော်(Nitric Acid), ရန်ရန်းချန်း(Black Acid)တို့ နောက်ပိုင်း အဖွဲ့လိုက်သီချင်းသိပ်မထွက်ဖြစ်တော့ဘဲ တစ်ယောက်ဆီ Single နဲ့ စုပေါင်းတွေမှာ ကြိုကြားထွက်ဖြစ်နေတဲ့အထဲ ဇေယျာသော်ကတော့ လုံးဝ ဂီတလမ်းပေါ်ကနေထွက်သွားပြီး ရေကူးစတူဒီယိုမှာ နောက်ဆုံးလုပ်ဖြစ်တဲ့ FG Live Lounge ကျမှသာ Acid အဖွဲ့သားတွေ ပြန်ဆုံဖြစ်ကြတယ် ဒီပွဲဟာ သူတို့သုံးယောက်နောက်ဆုံး ဆုံဖြစ်တဲ့ပွဲလို့တောင်ပြောလို့ရတယ်...။ ဒီနေ့ထိ Acid အဖွဲ့ဝင်နှစ်ယောက်ထဲနဲ့ပဲ Active ဖြစ်နေတယ်လို့ပြောလို့ရပါတယ်(ဒီကာလကလွဲရင်ပေါ့)...။
ကျနော်ငယ်ငယ်က Cargo Pants နဲ့ ရော့ခ်ဆန်ဆန်ဖန်စီတွေ
ဝတ်ရတာအရမ်းကြိုက်ခဲ့တယ် ခုလဲကြုံရင်ဝတ်ဖြစ်သေးတယ်
"ရန်ကုန်မြို့ထဲမှာ" သီချင်းဟာ ရန်ရန်ချန်းရဲ့ လူသိနည်းသေးတဲ့ သီချင်းကောင်းတစ်ပုဒ်ပါ...။ ကျနော်ကတော့ အသေကြိုက်လို့ Song Cloud ရဲ့ Hip Hop ခေါင်းစဉ်အောက်မှာသိမ်းထားတယ်..။ ခုတလောလဲ နေ့တိုင်းနားထောင်ဖြစ်နေတဲ့ သီချင်း...။ ရန်ရန်ချန်းဆိုလို့ သူဒိုင်လုပ်ဖြစ်ခဲ့တဲ့ The Voice Myanmar အစီအစဉ်ကို သတိရမိပါရဲ့ ....။ နောက်အခြေအနေပြန်ကောင်းလာရင် ကျနော်တို့ နိုင်ငံတကာအစီအစဉ်ကောင်းတွေအများကြီး ပြန်ကြည့်ကြရမယ်လို့ မျှော်လင့်ပါတယ်...။
Hip Hop သီချင်းတွေကို နှစ်သက်တယ်ပြောပြီး ကျနော်တို့နိုင်ငံရဲ့ Hip Hop လောကကို စတည်ထောင်ခဲ့တယ်လို့ပြောလို့ရတဲ့ ဒီဘိုးတော်လေးယောက်သီချင်းတွေကို ကျနော် သိပ်မတင်ဖြစ်ခဲ့ဘူးဘဲ ... ဒီတစ်ပုဒ်က ဒုတိယမြှောက်...။
__________________
Revolution will prevail
မိုးငွေ့
မိုးငွေ့
No comments:
Post a Comment