Alex, အဲဒီကောင်ငယ်လေးကို ကျနော် တက္ကသိုလ်စတက်တုန်းကသိတော့ သူက ဆံပင်အလယ်ခွဲ စာအုပ်ကေလေးနဲ့ အချစ်သီချင်းချွဲချွဲတွေကို စဆိုနေပြီဖြစ်တဲ့ ဆယ်တန်းအောင်ခါစ ပေါက်စနကလေးပဲရှိသေးတာရယ်....။ မ' နဲ့ပတ်သက်တဲ့သီချင်းတွေကိုဆိုတာ သိပ်ကောင်းတဲ့ အဆိုတော်ပေါ့ အဲကတည်းက အဲလက်စ်က မအိနဲ့ရည်းစားစဖြစ်နေပြီ...။ ခံစားချက်အစစ်တွေကိုဆိုတော့ ပိုအသက်ဝင်တာလေ... ဒါကြောင့် သူ့သီချင်းတွေအကုန်လုံး လူငယ်တွေကြားထဲ တခဏချင်းပေါက်သွားခဲ့တာပဲ...။
အခု ကျနော် သီချင်းအဟောင်းတွေကို ပြန်ရှာတာ သူ့ကိုသွားသတိရတော့ You Tube မှာ ဘိုးတော်လေးက ကိုယ်ပိုင် Channel မှာ သီချင်းတွေအများကြီးတင်ထားတာတွေ့တော့ ပျော်ပြီလေ...။ Min Thura Aung sings Alex Cover Songs ကိုရှာကြည့်လို့ရပါတယ် ...။ ခင်ဗျားတို့လည်း ကြိုက်ရင် Like and Subscribed လေးသွားလုပ်ထားလိုက်ကြဦး ...။ ကျနော်ကတော့ ဘလော့အတွက်တော့ သီချင်းတွေထပ်တင်ဖို့တွေ့ပြီဆိုပြီးပျော်...။
Alex ဆီမှာ သီချင်းကောင်းတွေအများကြီးရှိနေတာကို မေ့နေခဲ့တာ နောက်ထပ် ကျနော်နားထောင်ပြီး စွဲမယ့်သီချင်းလေးတွေကိုလည်း မကြာမကြာတင်ဖြစ်ဦးမှာပါ...။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment