ချစ်သော.... အိန်ဂျယ်...,,
ဘာရယ်မဟုတ် ဒီလိုပဲ အာလူးဖုတ်ချင်လို့ရောက်လာတာပါလို့...မင်းကို ညာပြောမိပြန်ပြီ...။ တကယ်က ဒီနေရာရောက်လာတိုင်း ကိုယ့်မှာ ရင်ဖွင့်စရာ ဝမ်းနည်းစရာ နာကျင်စရာကလွဲပြီး မင်းကို ခုထိ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အကြောင်းရာမျိုး မပြောဖြစ်သေးဘူး...။
သိမ်းဆည်းမြိုသိပ်မထားချင်တဲ့ အကြောင်းရာတချို့ကို ဒီနေရာလေးမှာ ဖွင့်ဟခွင့်ရတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်...။ တကယ်တော့ ကိုယ်က အတိတ်ကိုတူးဆွပြီး ပြဿနာရှာတတ်တဲ့သူထဲမှာ မပါပါဘူး....။ ကိုယ့်ကိုလဲအဲလိုလုပ်တာ မကြိုက်ဘူး...။ ပစ္စုပ္ပန်တည့်တည့်ကိုပဲ အမြဲအားစိုက်ကြည့်သူပါ...။ အတွေးတစ်ခုကြောင့် ကိုယ့်မှာမေးခွန်းတစ်ခုပေါ်လာခဲ့တယ်...။ အဲဒီမေးခွန်းကိုအဖြေတိုက်ရိုက်မရပေမယ့် တွယ်ဝိုက်ပြီးနားလည်လိုက်တဲ့အခါမှာ တော်တော်လေးနာကျင်ခံစားလိုက်ရတယ်...။ ကိုယ်အဲလိုခံစားမှုမျိုးကိုမုန်းလိုက်တာ....။ နားလည်လက်ခံထားပြီးသား အကြောင်းအရာကို ကိုယ်ဘာလို့ထပ်သိချင်နေရတာလဲ...။ အခုခံစားနေရတဲ့ ကြေကွဲမှုဟာ မမြင်ရတဲ့အမျှင်တန်းတွေဆီက ဆင်းသက်လာတာလား....။ ဘာကိုမှ ဘယ်အရာကိုမှ မတွယ်တာမိဖို့ ကိုယ့်ကိုယ်ကို အထပ်ထပ်သတိပေးနေလျက်နဲ့ ခုလိုထပ်နာကျင်ရတာမျိုး...။
Hip Hop သီချင်းတွေ အသံကုန်ဖွင့်နားထောင်ရတာ ကိုယ့်အတွက် တဒင်္ဂတော့ ဝေဒနာတွေ ပျောက်ကင်းစေမယ်ထင်တယ်...။
ပြီးတော့ ကိုယ်နာရီအကြာကြီး အိပ်ပျော်သွားချင်တယ်.....
ခုရက်ပိုင်း နေရောင်မမြင်ရတာကြာပြီ...။ ကိုယ့်ကိုယ်ကိုလဲ နေရောင်ခြည်စွမ်းအင်တွေလိုနေတယ်လို့ခံစားရတယ်...။
ကိုယ်တောင်းတနေတဲ့ အိပ်စက်ခြင်းက အမှောင်ထဲမှာ ....
ကိုယ်လိုအပ်နေတဲ့ စွမ်းအင်ကတော့ အလင်းစက်မှာ.....
ဆန့်ကျင်ဖက်နှစ်ခုကို မျှချေညီဖို့ ကိုယ်လုပ်ရတော့မယ်....။
Still flying….
Still loving….
Revolution will prevail
မိုးငွေ့
No comments:
Post a Comment