အလွမ်းရဲ့ အရောင်ဟာ အဝါရောင်ဖြစ်လိမ့်မယ်လို့ ကျနော် အက်ဆေးတစ်ပုဒ်မှာရေးဖူးတယ်...။
ဒီပုံလေးကြည့်တော့ အဲဒီအက်ဆေးလေးသွားပြေးမြင်မိ....။
ကျနော့်ဘဝမှာ အများဆုံးရောက်ဖူးတဲ့ခရီးစဉ်က ပုဂံလို့ပြောရမှာပဲ ...။ မိသားစုနဲ့ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ အလုပ်ကိစ္စနဲ့ အကြိမ်ပေါင်းများစွာဘယ်နှစ်ကြိမ်မြှောက်လဲဆိုတာတောင် မမှတ်မိတော့ဘူး...။ ပုဂံနဲ့ ကျနော် ရေစက်ပါပုံရပါတယ်....။ ဒီအပေါ်ပုံနဲ့ အောက်က နှစ်ပုံက ကျနော့်ဖုန်းနဲ့ရိုက်ခဲ့တာ....။ ကျန်တဲ့ပုံတွေက ဆရာကျောင်းပေ့ချ်က ခွင့်ပြုချက်မယူဘဲ သွားမ'လာတာ...။ ရည်ရွယ်ချက်ကတော့ ပုဂံနဲ့ပတ်သက်တဲ့အမှတ်တရတွေ ရှုမျှော်ခင်းပုံတွေကို သိမ်းထားချင်ရုံသက်သက်ပါပဲ...။
ကျနော်က ပုဂံကိုဆောင်းရာသီမှာ အများဆုံးရောက်ဖူးနေကျ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာလိုအချိန်မျိုးပေါ့...။ နွေမှာလည်းရောက်ဖူးခဲ့ပေမယ့် မိုးရာသီကိုတော့ ဒီတစ်ခေါက်ပဲရောက်သွားခဲ့တာ စိမ်းစိမ်းစိုစို တကယ့် ကန္တာရရဲ့ အိုအေစစ်လေးပါပဲ..။
2016 ပုဂံခရီးစဉ်က ဒီပုံထဲက ကျနော့် Fuji လေးယူမသွားလိုက်ရဘူး....
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment