Tuesday, 15 November 2022

မယုံနိုင်ဘူး.....






တကယ်က ကျနော်က ကိုငဲကြီးအသံကို ကိုလေးထက်တောင်ပိုကြိုက်တာပါ...။ သူတို့ညီအစ်ကိုတွေက ဆိုသံဆိုပေါက်တော်တော်ဆင်တူတယ်ဆိုပေမယ့် မတူညီတာလေးတော့နဲနဲရှိတယ်...။ ကျတော်က အဲဒီမတူညီတာကိုကြိုက်တာ...။ ကိုငဲကြီးက သီချင်းဆိုတာထက် အရေးဖက်ကို ပိုသန်ပြီး သူများတကာတွေကိုလည်း သီချင်းကောင်းတွေ အများကြီးရေးပေးနိုင်ခဲ့တဲ့ တေးရေးဆရာကြီးလို့လဲပြောနိုင်တယ်...။ သူ့သီချင်းတွေ ကြိုက်တာအများကြီးပေမယ့် ဘာဖြစ်လို့လဲမသိ ကျနော်ကိုငဲသီချင်းကို တခါမှမတင်ဖူးခဲ့ဘူးထင်တာပဲ...။ ကျနော် တက္ကသိုလ်တက်ပြီး ကြားထဲ ကျောင်းတွေအထပ်ထပ်ပိတ်နေတဲ့ ကာလလောက်မှာပဲ ကိုငဲသီချင်းတွေကို အသေအကျေနားထောင်ဖြစ်တာပဲ "ညမီးအိမ်" တို့ "ဝေးပြီဘေဘီ"တို့...ဟုတ်တယ်...။







ဒီသီချင်းကို ကျနော်က တင်မယ့်သာမတင်ဖြစ်ခဲ့တာ ကျနော်ရေးခဲ့တဲ့ အိန်ဂျယ်စာစုတစ်ခုဖြစ်တဲ့ "တနင်္ဂနွေမိုးသည်း"မှာတော့ အိန်ဂျယ်ပို့စ်တွေကို ဖတ်ဖူးခဲ့သူတွေတော်တော်များများသိပါတယ် ဒီသီချင်းက အက်ဆေးလေးရဲ့ အဆုံးသတ်လေးမှာပါဝင်ခဲ့တာပဲ....။ 



__________________
Revolution will prevail
မိုးငွေ့

No comments: