1997-2000 ဝန်းကျင်လောက်က နားထောင်ခဲ့ဖူးတဲ့ သီချင်း.....။ အဲခေတ်က West Life နဲ့အပြိုင် Boy Band တွေ အများကြီးပဲ.... အကုန်လုံးလဲ ပေါက်ကြတယ်....။ တစ်ခေတ်ပဲ ပြီးတော့ ပျောက်သွားကြတယ်....။ သူတို့ ပျောက်သွားပေမယ့်လည်း သူတို့ သီချင်းတွေကတော့ လူတွေကြားထဲ ပျံ့လွင့်နေဆဲပါပဲ နှစ်ပေါင်းများစွာအထိ.....။
You Tuber, Thu Rayn Kyaw Moe ရဲ့ Together for 15 Years ဗီဒီယိုဖိုင်လေးမှာ Cry On My Shoulder သီချင်းလေးတစ်ပိုင်းတစ်စထည့်ထားတာကို နားထောင်မိရင်း ရှာကြည့်တော့ West Life နဲ့ Tony Braxton စုံတွဲပြန်ဆိုထားတဲ့ ဗားရှင်းအသစ်လေးဖြစ်နေတယ်....။ Tony Braxton ဆိုတာ တစ်ချိန်က MTV မှာအမြဲကြည့်ခဲ့ နားထောင်ဖူးခဲ့ ကြိုက်ခဲ့တဲ့ လူမည်းအမျိုးသမီးအဆိုတော်တစ်ယောက်...။ အဲတုန်းက ကျမက Tony Braxton ရဲ့ Breathe Again, Un-break My Heart စတဲ့သီချင်းတွေကို နှစ်သက်စွဲလန်းခဲ့ဖူးသူ....။
West Life နဲ့ Tony Braxton ပြန်ဆိုထားတဲ့ Version အသစ်က ပိုနားထောင်ကောင်းတယ် ...။နားထောင်နေကျ မဟုတ်တဲ့ နောက်တစ်မျိုးရဲ့အရသာသစ်ကို ကြိုက်တယ်....။ လက်နှစ်ဖက်ဘေးကို ဆန့်တန်းထားတဲ့အနေအထားနဲ့ သီချင်းတွေကို အဟောင်းလည်းလက်လှမ်းထားရင်း အသစ်ကိုလည်း လက်ကမ်းကြိုရတယ်....။
Cambodia က cover ပြန်ဆိုထားတာလေးလဲ သိပ်ကောင်း
_____________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment