Friday, 24 June 2022

မူယာမာယာမိုး.....

ပုသိမ်မောင်စမ်းသူရေးတဲ့မူယာမာယာမိုး မူလအဆိုရှင် မင်းမင်းလတ်


ကိုညီထွဋ်ပြန်ဆိုတဲ့ မူယာမာယာမိုး


Rapping ထည့်ထားတဲ့ မူယာမာယာမိုး Cover 



မူယာမာယာများတဲ့ မိုးက ရန်ကုန်မိုးလို့ ပြောရင်ရမလားပဲ....။ အခုနေပူပေမယ့် တအောင့်နေ မိုးအုံ့မယ် မိုးခြိမ်းမယ် လျှပ်စီးလျှပ်မယ် ရုတ်တရက်ရွာချင်ရွာချလိုက်မယ် သည်းကြီးမဲကြီးရွာမယ် ခပ်ဖွဲဖွဲမျှင်မျှင်လေးပဲရွာမယ် တဖြောက်နှစ်ဖြောက်နဲ့ လူတွေကိုခြိမ်းခြောက်မယ် အဲလိုပေါ့....။ ဘယ်လိုပဲရွာရွာ ကျမကတော့ မိုးရွာရင်ကို ပျော်တာပါပဲ....။ စတူဒီယိုခေတ်ဦးက ပုသိမ်မောင်စိမ်းသူရေးတဲ့ သီချင်းတွေက တော်တော်များများပေါက်ခဲ့တယ်.... Copy ရော ကိုယ်ပိုင်သံစဉ်တွေရော ခုခေတ်ထိပေါ့....။ သီချင်းဆိုတာ ကဗျာတစ်ပုဒ်ကို သံစဉ်ထည့်ထားတာလို့ ကျမမှတ်ယူတယ်....။ စကားလုံးတွေလှပကြွရွနေရမယ်...။ ခုခေတ် သီချင်းတချို့ကျ ပုံမှန် စကားပြောနေကျ စကားလုံးတွေကိုပါ သီချင်းလုပ်ဆိုကြတော့ နားထောင်ရတာ ဘယ်လိုမှကိုအရသာမရှိဘူး....။ 

ဒီနှစ်မိုးရာသီရဲ့ နောက်ထပ် ကျမရွေးပေးလိုက်တဲ့ ⛈ မူယာမာယာမိုး ☔️ ကို မိုးအေးအေးမှာ ကော်ဖီလေးတစ်ခွက်နဲ့နှပ်ပြီး နားထောင်လိုက်ရအောင်.....။



__________________
Revolution will prevail
မိုးငွေ့
 

No comments: