ဒီသီချင်းကို ကျမက ရန်ကုန်မိုးလို့ပဲ အမြဲတမ်းမှတ်လာခဲ့တာ မိုးရွာတဲ့တစ်ညမှာ သီချင်းတွေနားထောင်ရင်း ဒီသီချင်းအလှည့်ရောက်လာတော့ ဘလော့မှာ ရန်ကုန်မိုးကို မတင်ဖူးသေးဘူးဘဲဆိုပြီး You Tube မှာရှာကြည့်လိုက်တာ သီချင်းနာမည်က "တစ်ခါတုန်းက" ဖြစ်နေမှန်းသိတော့တယ်....။ ရန်ကုန်မိုးကို စသိတာ တစ်ချိန်က မနှင်းဆီကဗျာတွေနဲ့ ဘလော့မှာကျော်ကြားခဲ့ဖူးသူ ဖြိုး(ဖြိုးမောင်မောင်)ဆီကလို့ပြောလို့ရတယ်...။ အဲတုန်းက "ဖြိုးဘာလုပ်နေလဲလို့" အွန်လိုင်းမှာ ကျမနှုတ်ဆက်တော့ သူက "ရန်ကုန်မိုး"သီချင်းနားထောင်နေတာလို့ ဖြေတာ မှတ်မိတယ်....။ မိုးရာသီရောက်တိုင်း ပြန်နားထောင်ဖြစ်တဲ့ သီချင်းထဲမှာ သူပါတယ်...။ မိုးနဲ့ပတ်သက်ရင် ရူးသွပ်လွန်းတဲ့ ကျမအတွက် မိုးသီချင်းတွေဟာ ဘယ်တော့မှ ရိုးအီငြီးငွေ့သွားမှာမဟုတ်ဘူး...။
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment