Saturday, 19 February 2022

Energy.....




ကိုမျိုးသီဟကျော် Randy  ကို Telegram မှာ Join လုပ်ထားတယ် သူ့ကို မလေးက သူငယ်ချင်း ချောက တဆင့်သိတာပါ...။ နေ့စဉ်သူတင်ပေးနေတဲ့ ခွန်အားဖြည့်စာတွေက တကယ် Good Vibe ကိုဖြစ်စေပါတယ်...။ ခုလည်း သူရေးထားတာလေး သဘောကျလို့ ကျွန်မရဲ့ ဘလော့စာဖတ်သူတွေကို မျှဝေချင်တာနဲ့တင်ပေးလိုက်တာပါ တချို့လဲ သူ့ follower ဖြစ်ကောင်းဖြစ်နေကြပါလိမ့်မယ်....။ ခုလိုကာလမျိုးမှာ လိုအပ်တဲ့ အားဖြည့်စာလေးပါ....။ Everything is Energy ဆိုတာလေးကိုတော သဘောအရမ်းကျတယ်...။ သူပြောသလိုပဲ Negativity လူမျိုးနဲ့ စကားပြောဖူးတယ် တကယ်လဲ ကိုယ့်ရဲ့ Feeling တွေ Down တာပါပဲ... စိတ်ပျက်စရာတော့ကောင်းတယ်....။ မြန်မာလူမျိုးအများစုရဲ့ ပတ်ဝန်းကျင်တွေဟာ အကောင်းမြင်ဝါဒ Positive thinking သမားတွေအရမ်းနည်းတယ်....။ အဖြစ်အပျက်တစ်ခုခုကိုဆို မကောင်းတဲ့ဖက်ကပဲ အရင်မြင်တတ် တွေးတတ်ကြလွန်းတယ်....။ အဲဒီအကျင့်တွေ ပြင်နိုင်ကြရင်သိပ်ကောင်းမယ်....။ 


~~~~~~~~~~~~~~


♦️ Everything is Energy. ဆိုတော့ ကိုယ့်ကိုယ်ကို High Vibes ဖြစ်အောင် မြှင့်နေတဲ့သူတွေ အတွက် ကိုယ့်ရဲ့ Surrounding က လူတွေ၊ အရာဝတ္ထုတွေကိုလဲ သတိထားပြီး Shift လုပ်ဖို့ တွေးမိတာလေးကို မျှပေးချင်တဲ့ စိတ်ကူးနဲ့ ရေးဖြစ်တာပါ။

တစ်ခုခုကို ပြောင်းလဲချင်တယ်ဆိုရင် ကိုယ်ကစပြီး ပြောင်းလဲရမယ်ဆိုတဲ့ အလေ့အကျင့်က ကျွန်တော့် အတွက်တော့ တကယ်ကို မှန်လွန်းပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲတဲ့ အချိန်မှာ ကိုယ့် ပတ်ဝန်းကျင်က Low Vibes ဖြစ်နေတယ်ဆိုရင် ကိုယ်ကလဲ အဲ့ဒီ Energy စက်ကွင်းထဲက မနဲလွတ်အောင် ပုံမှန်ထက် ပိုရုန်းရတာလေးတွေ ရှိတတ်ပါတယ််။

ဥပမာ - ကိုယ်က အပြုသဘောဆောင်တဲ့ စိတ်နဲ့ ကောင်းတာတွေ တွေးနေ လုပ်နေတဲ့ အချိန်မှာ ကိုယ့်နဲ့ အနီးကပ်နေတဲ့ လူတွေက Negativity တွေ အရမ်းများနေတဲ့ အခါမျိုးတွေမှာ သူတို့ အတွေးအခေါ်တွေနဲ့ ကိုယ့်လုပ်ရပ်တွေက အမြဲဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်ပြီး ကိုယ့်ရဲ့ ကောင်းနေတဲ့ Feeling ကပါ အောက်ကို ပြန်ပြန် Down ပြီး စိတ်ပျက်စရာတွေ ကြုံရတတ်ပါတယ်။ ဒီလို အခြေအနေဆိုရင်တော့ ဒီလို လူတွေနားက သေသေချာချာ ရုန်းထွက်တတ်ဖို့ လိုပါတယ်။

ပြီးတော့ ကံအကြောင်းမလှလို့ သောကတွေ ဒုက္ခတွေနဲ့ ယှဉ်ပြီးမွေးလာရတဲ့ ကလေးတွေကိုဆိုရင် တချို့ မိသားစု အသိုင်းအဝိုင်းတွေမှာ ဘာအပြစ်မှ မရှိတဲ့ ကလေးကို ဂြိုလ်မွှေတယ်၊ ဒုက္ခပေးလွန်းတယ်၊ ဘာမှ အသုံးမကျဘူး၊ ဘာမှလဲ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး ဆိုပြီး အပြစ်တွေ Negative Energy ဝိုင်းဖို့ နေတာနဲ့ပဲ အဲ့ဒီ ကလေးလဲ အဲ့ဒီ Energy Field ထဲကကို မထွက်နိုင်တော့ပဲ သူလုပ်သမျှတွေက ဒုက္ခတွေ၊ သောကတွေ၊ အလွဲလွဲ အချော်ချော်တွေပဲ ထပ်ပြီး ဖြစ်လာကြရတယ်။

နောက်ထပ် သိသာတဲ့ ဥပမာက လောင်းကစားဝိုင်းတွေမှာပါ။ ကစားနေတဲ့ အဖွဲ့တစ်ဖွဲ့ထဲက တစ်ယောက်ကို မနိုင်စေချင်တဲ့ အခါမျိုးတွေမှာ ကျန်တဲ့သူတွေ အားလုံးက ဝိုင်းပြီး ပြောလေ့ရှိကြတယ်။ မင်းက ဘူကောင်ပါကွာ။ နိုင်မှာ မဟုတ်ပါဘူး။ မကစားနေပါနဲ့တော့ အရှုံးပေးလိုက်တော့။ စသည်ဖြင့် Energy ကို ဝိုင်းဆွဲချတာနဲ့ပဲ အပြောခံရတဲ့ တစ်ယောက်က ယောင်ယောင်မှားမှားနဲ့ ရှုံးလေ့ရှိတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို Lucky မကောင်းပါဘူးလို့ ယူဆထားတဲ့ သူတွေကလဲ ဘာဆော့ဆော့ ရှုံးလေ့ရှိကြသေးတယ်။ ဒါတွေက Energy တွေပါပဲ။

♦️ နောက်တစ်ချက်က ကိုယ့်နေထိုင်ရာ ပတ်ဝန်းကျင်၊ အခန်း အပြင်အဆင်တွေကလဲ သန့်ရှင်းသက်ရပ်ပြီး ရှင်းလင်းနေမယ်ဆိုရင် ကောင်းတဲ့ Vibe ကို ပိုပြီးဆွဲဆောင်နိုင်မှာပါ။ အိမ် သာရင်၊ ဧည့်လာတယ် ဆိုတာမျိုးပေါ့။ မကောင်းတဲ့ အနံ့တွေနဲ့ ရှုပ်ပွပြီး ညစ်ပတ်နေတဲ့ အိမ်တစ်အိမ်ကို သင် အလည်ရောက်သွားတယ်ဆိုရင် ဘယ်လို ခံစားရမလဲ။ ကိုယ့်ရဲ့ ကောင်းနေတဲ့ Feeling တွေပါ ပျောက်ကုန်မှာပါ။

ဒါ့ကြောင့် တချို့ ချမ်းသာတဲ့ အိမ်တွေ၊ လူကုံတိုင် အသိုင်းဝိုင်းတွေရဲ့ အိမ်တွေဆိုရင် ဧည့်ခန်း၊ ဘုရားခန်း၊ နားနေခန်း စသည်ဖြင့် အခန်းတိုင်းက သပ်ရပ်သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းပြီး နေထိုင်ရတာ စိတ်ကို ရှင်းလင်းပေါ့ပါးစေပါတယ်။ ဒါကြောင့်လဲ သူတို့က ရတနာရှိရာ ရတနာစုပြီး ပိုပိုပြီး Vibe တွေ Energy တွေကောင်းလာတတ်တယ်။

ဘုရား၊ ကျောင်း၊ ကန် အဆောက်အဦးတွေကို ရောက်တဲ့အခါ ရတဲ့ Vibe ကို ခံစားကြည့်ပေါ့။ အဲ့ဒါကြောင့် ချမ်းသာမှရယ် မဟုတ်ပဲ ကိုယ့်အခန်းကို၊ ကိုယ့်အိမ်ကို ရှိတာလေးနဲ့ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေး ပြင်ဆင်ပြီး နေရင် ကိုယ့်အတွက် အရမ်းကောင်းမယ််လို့ အကြံပေးချင်ပါတယ်။

ဟိုရက်က အစ်မတစ်ယောက်-မချောပြောတာလေး - FB ပေါ်မှာ မြန်မာနိုင်ငံက နေမကောင်းတဲ့ လူတွေရဲ့ အခန်းပုံတွေကို တွေ့လိုက်ရင် ရှုပ်ပွပြီး ကြည့်ရတဲ့ သူပါ အသက်ရှုမဝသလို ခံစားရတယ်ဆိုတာ အမှန်ပါပဲ။ တကယ်က နေမကောင်းဖြစ်တဲ့ လူရဲ့ အခန်းက လင်းထင်းပြီး လေဝင်၊ လေထွက်လေးလဲကောင်းပြီး ပစ္စည်းတွေလဲ အတန်သင့် ရှင်းလင်းနေမယ်ဆိုရင် လူနာလဲ စိတ်ကြည်လင်ပြီး ကျန်းမာရေးအတွက်လဲ ပိုအထောက်အကူပြုမယ်လို့ ခံစားရပါတယ်...။

♦️ ဒါ့ကြောင့် ကိုယ့်ရဲ့ Energy ကို ကောင်းအောင် ကြိုးစားနေတဲ့ အခါမျိုးတွေမှာ ကိုယ့်ရဲ့ Surrounding က လူတွေ ၊ အရာဝတ္တုတွေ ကိုလဲ Positive Vibe တွေနဲ့ သေသေချာချာ ဝန်းရံထားဖို့လဲ လိုပါတယ်။


Credit : ~ Myo Thiha Kyaw ~ Randy ~



__________________
Revolution will prevail
မိုးငွေ့

No comments: