ချစ်သောအိန်ဂျယ်.....,,
အပြာရောင် သစ်ရွက်တစ်ရွက်နဲ့ သစ်စေ့လေးတစ်စေ့ လက်အဆောင်ရထားတဲ့အကြောင်း မင်းကိုပြောပြချင်လို့ ကိုယ်ရောက်လာခဲ့တာပါ....။
လူတစ်ယောက်ချင်းဆီမှာ အထူးသဖြင့်ကိုယ်တို့ဘာသာမှာ ကိုယ်စောင့်နတ် (၁၂)ပါးရှိတယ်ဆိုတာ မင်းကြားဖူးလား...။ မင်းတို့ ဘာသာမှာဆိုရင်တော့ Angel ခေါ်မလား Messenger တမန်တော်လို့ခေါ်မလားပဲ.....။ ပြီးခဲ့တဲ့နှစ်ကုန်ခါနီးကတည်းက ကိုယ့်အိန်ဂျယ်က ကိုယ့်ကို စိန်ခေါ်မှုအကြီးကြီးတစ်ခုနဲ့ ခန္ဓာနဲ့စိတ်စွမ်းအင်ကို စမ်းသပ်ခဲ့တယ် ...။ Soul စိတ်နှလုံးကို ထိန်းချုပ်ရတာလောက် လောကမှာခက်ခဲတာမရှိဘူးလို့ထင်တယ်....။ ဒါပေမယ့်နောက်ဆုံးမှာတော့ ကိုယ်အောင်နိုင်ခဲ့တယ်...။ ကိုယ်တို့ သက်ရှိလူသားလာဖြစ်တာဟာလည်း အမျိုးစုံသောစမ်းသပ်မှုတွေအတွက် ရောက်လာခဲ့တာပဲမဟုတ်လား....။
အိန်ဂျယ်ရေ IT ပညာရပ်နဲ့အသက်မွေးနေတဲ့ မင်းကိုပြောပြရတာ နားလည်လွယ်မှာပါ...။ လူတွေရဲ့ဦးခေါင်းခွံထဲ မွေးကတည်းကပါလာတဲ့ ဦးနှောက်ဟာ ဆင်ခြင်သုံးသပ်တတ်ဖို့ တွေးတောတတ်ဖို့ဆိုတာ Positive thinking အတွက်နော်....။ တဖက်ကမ်းခတ် အစွန်းရောက် အလွန်အကျူးတွေဆိုတဲ့ လုပ်ရပ်ဟာ အသိဉာဏ်ဘယ်လောက်ရှိမရှိ ပြသလိုက်တဲ့ ရလဒ်တစ်ခုပဲ...။ ဥပမာဆိုပါစို့ မုန့်ငါးခုရထားတယ် တစ်ရက်ထဲအကုန်စားပစ်မလား တစ်နေ့တစ်ခုစားရင် ငါးရက်စာမရဘူးလား ….။ အဲလိုပေါ့ ဆင်ခြင်မှုနည်းတော့ အလကားရ တစ်ရက်ထဲအကုန်စားပစ်သူတွေဟာ တစ်ဖက်လူအတွက် တစ်သက်လုံး စိတ်ကုန်စရာဖြစ်သွားတတ်တာကို သတိထားမိဖို့ ပြောချင်တာပါ....။
Still flying…..
______________________
မိုးငွေ့
No comments:
Post a Comment