Wednesday, 23 February 2022

နင်သာရှိရင်.....ဆုတောင်းတွေပြည့်ချင်တယ်



"နင်သာရှိရင်" သီချင်းကို Nine One နဲ့ Featuring ဂေဂေး ဆိုတာကိုပဲ အရင်နားထောင်ခဲ့ဖူးတယ် ....။ ဂေဂေးရဲ့ အယ်လ်ဘမ်တစ်ခုအနေနဲ့ သူတစ်ယောက်ထဲ သီးသန့်ဆိုတာကိုတော့ ခုမှနားထောင်ဖူးတာ....။ ကျွန်မက ဂေဂေးတစ်ယောက်ထဲဆိုတာလေးကို ပိုသဘောကျမိတယ်....။ တခါတလေ Original ထက် New Version တွေက ပိုကောင်းတာရှိတတ်တယ်....။ Music Arrangement ပိုင်းနဲ့ ခေတ်ရဲ့ ရေစီးကြောင်းကြောင့် ပုံစံပြောင်းတွေက ပိုကောင်းတယ်လို့ထင်တာလဲဖြစ်နိုင်ပါတယ်....။ စတူတီယိုခေတ်အစက တီးဝိုင်းတစ်ဝိုင်းမှာ ဂီတာဆို Lead, Base နဲ့ Drum လောက်နဲ့ ဒုံချက်ချက် ဒုံချက်ချက် စည်းနဲ့ပဲ သီချင်းပေါင်းစုံကို အသံသွင်းခဲ့ရတာကိုး...။ ဒါကလဲ ကျွန်မနားလည်သလောက်ပြောတာပါ...။

ဘဝမှာတော့ ဒီသီချင်းထဲကလို "နင်သာရှိရင်" ဆိုတဲ့ သူမျိုး ခုထိမကြုံဖူးသေးဘူး....။ ကိုယ့်ကိုယ်ကိုကလွဲပြီး ဘယ်သူစိမ်းကိုမှ မချစ်တတ်ဘူးဆိုတဲ့ ထင်ရှားသော သဘော....။ ငါ့နားမှာနင်သာရှိရင် ဘာဖြစ်မယ် ညာဖြစ်မယ်လဲမရှိဘူး နင်သာမရှိခဲ့ရင်လဲ နီနီခင်ဇော်ရဲ့ "ဆုတောင်းတွေပြည့်ချင်တယ်" သီချင်းထဲကလို "မင်းသာငါ့ကိုထားသွားရင် ဒီကမ္ဘာကြီးက ငါအခုပျောက်ဆုံးသွားမယ်" ဆိုတာလဲမဟုတ်ဘူး....။ 





_______________________
Revolution will prevail
မိုးငွေ့

No comments: