Saturday, 12 February 2022

နွေဦး(၁၂).....

 


ဆောင်းအကုန် မနက်ခင်းရဲ့ မြူငွေ့တွေဟာ 

ပင်လယ်ပြင်ပေါ် ဝေ့သီရစ်သိုင်းနေသလိုပေါ့  အိန်ဂျယ်....          

မင်းကတော့ မြူငွေ့တွေ ပါးလျသွားအောင်စွမ်းတဲ့ နွေဦးရဲ့ မနက်ခင်း နေမင်းပေါ့.....

"မိုးငွေ့နှင့်အတူ" ထဲက အိန်ဂျယ်စာစုမှာတော့ ကိုယ်နဲ့မင်းဟာ ဘယ်တုန်းကမှ တကယ်ဝေးမသွားခဲ့ဖူးဘူးလို့ အမြဲယုံကြည်နေတာမျိုး....... 

စပ်ခွန်ဇရဲ့ "အိမ်ရဲ့အဝေး...." ထဲကလိုပဲ ချစ်ခြင်းမေတ္တာဟာ ခမ်းနားပါတယ်.....အိန်ဂျယ်

မမြင်ရတဲ့ ကိုယ်တို့နှစ်ယောက်ကြားက ကြိုးတွေအကြောင်း တဖွဲ့တနွဲ့ရေးပြရတာလည်း အားနာလှပြီ....

ခံစားသိနဲ့ပဲ သိနိုင်တဲ့ ရစ်ဖွဲ့နှောင်တွယ်မှုတွေလေ......

မပိုင်ဆိုင်ခဲ့ရလည်း တချို့အရာတွေက မြတ်နိုးဖို့ ထိုက်တန်တဲ့အကြောင်း.........ပြောပြချင်ရုံသက်သက်...။






______________________
Revolution will prevail
မိုးငွေ့


No comments: