ပြီးခဲ့တဲ့ July တစ်လလုံးအပြင် ဒီဖက်လဆန်းထိပါ အိန်ဂျယ်ရဲ့ မိုးရာသီအလွမ်းနဲ့ ဆက်တိုက်လိုက်ပြီး လွမ်းလာကြတာ အားနာလှပြီ။ ခုတလှည့် မုန့်တွေလုပ်ကျွေးမယ် ဟင်းတွေပြန်ချက်ကျွေးမယ် သူငယ်ချင်း စာဖတ်သူအားလုံးကို.......း))
I love you all !!!!
OK! check it out..........
ဝါတွင်းသုံးလ သက်သတ်လွတ်စားသူများ ညနေပိုင်းဟင်းချက်ရပျင်းရင် ဒီလိုလေးလုပ်စားလို့ရပါတယ်...။ အိမ်မှာ အမေက သက်သတ်လွတ်စားရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး ပဲပုပ်ချပ်လေးတွေကို ဆီကြော်ပြီး အမှုန့်ထောင်းပုလင်းလေးနဲ့ထည့်ထား ကြက်သွန်ဖြူဆီချက်လေးချက်ပေးထားတယ်...။ ၀ါမ၀င်ခင် ကတည်းက ကိုးန၀င်းပုတီးစိပ်ဖြစ်နေတော့ သက်သတ်လွတ်တစ်ရက်စားရတယ်...။ အဲဒါကြောင့် ထမင်းသုပ်လေးလုပ်စားဖြစ်တာလေးကို လာပြန်မျှဝေတာပါ...။ အာလူးပန်ကိတ်လေးက အီတာလျှံ အာလူးဟင်းချက်နည်းစာအုပ် (mini cook book) ထဲကနည်းလေးနဲ့ လုပ်ထားတာပါ...။
ထမင်းသုပ်နည်းကတော့ရိုးရှင်းပါတယ် ထမင်းတစ်ပန်ကန်လုံးစာကို ဇလုံထဲထည့် ပဲပုပ်မှုန့်တစ်ဇွန်း ကြက်သွန်ဖြူဆီချက်တစ်ဇွန်းခွဲ ငရုတ်သီးကြော်နဲနဲ ဆားထည့်ပြီး အချဉ်ကြိုက်ရင် သံပုရာသီးလေးတစ်စိပ်ညစ်ထည့်ပြီး နံ့စပ်အောင်နယ်လိုက်ပါ...။ အရသာပေါ့ငံမြည်းပြီးရင် စားမယ့် ပန်းကန်ပြားထဲ ပုံစံခွက်လေးနဲ့မှောက်ထည့် ကျန်တို့စရာ တွဲဖက်စားမယ့်အသီးအရွက်များ ကြိုက်နှစ်သက်ရာနဲ့တွဲစားနိုင်ပါတယ်...။ ထမင်းသုပ်လေးပူစပ်စပ်ကို မန်းလေးရင်ကွဲချိုချိုလေးနဲ့ အစပ်ဖြေလိုက်ပါလေ...။
အာလူးပန်ကိတ်လုပ်နည်းလေးက အာလူးကသလိတ်လုပ်တာနဲ့ ခပ်ဆင်ဆင်လေးပါ...။ အာလူးငါးလုံးကိုရေစင်စင်ဆေးပြီး ရေပွက်ပွက်ဆူအိုးထဲကို ငါးမိနစ်ထည့်ပြုတ်ပါ...။ အာလူးက မနူးပဲမာဆတ်ဆတ်ဖြစ်နေရပါမယ်...။ အာလူးအခွံခွာပြီးရေခဲသေတ္တာ အခဲခန်းထဲကို တစ်ညသိပ် ထည့်ထားပါ...။ မနက်ကျ အဲအာလူးကို ဂျစ်နဲ့အမျှင်လေးတွေခြစ်ပြီး ဆားငရုတ်ကောင်းထည့်နယ် ဒယ်ပြားမှာ ဆီနဲနဲနဲ့ အပြားလိုက်ဖိဖိပြီးကြော်ပေး...။ ဟိုဖက်ဒီဖက် ရွှေညိုရောင်သန်းလာပြီဆို ပူပူနွေးနွေးတစ်ခါတည်း သုံးဆောင်ပါ...။
မိုးငွေ့
3 comments:
မမိုးလက်ရာတွေကြည့်ရင်း အကြိုက်တွေမို့ သွားရေကျရတယ်..။ မမိုးလက်ရာကောင်းကို နွှဲချင်ပါသေးတယ်နော်..
ချစ်ခင်လျက်
သဒ္ဓါ
နောက်ကျလို့ကုန်ပြီထင်ပါရဲ့ ပဲပုပ်ထမင်းသုပ်ဆိုလို့အပြေးလေးလာခဲ့တယ်
မိုးရာသီအလွမ်းကလဲ လာဖတ်ဖြစ်ပါတယ်မီးမီးရေ
အာလူးပန်းကိတ်နည်းလေးရသွားပြီ စမ်းလုပ်ကြည့်မယ် တီတင့်က အာလူးဆိုလာထား ကြော်ကြော် ပြုတ်ပြုတ် မီးဖုတ်လဲကြိုက်တာပဲ မိုးငွေ့ရေ...
Post a Comment