Monday, 18 August 2014

အုန်စိမ်းဆွမ်းမွှေးနဲ့ ရောင်စုံဂျယ်လီနို့စိမ်းကျောက်ကျော.....


အုန်စိမ်းရည်နှစ်လုံး၊ အုန်းနို့တစ်ဗူးနဲ့ လုပ်ထားတဲ့ နှစ်ထပ် အုန်းစိမ်းဆွမ်းမွှေးကျောက်ကျော






စက်ရုံမှာလုပ်ဖြစ်တဲ့ ဝါဆိုသင်္ကန်းအလှူတုန်းက လုပ်ဖြစ်တဲ့ အုန်းစိမ်းအုန်းနို့ကျောက်ကျောလေးပါ...။ အုန်းစိမ်းရေနှစ်လုံးကိုအိုးထဲ မတ်ခွက်နဲ့ချိန်ပြီးထည့်တယ် ငါးခွက်ဆိုရင် အဲဒီဗန်းနဲ့တစ်ဗန်းစာရတယ် အုန်းစိမ်းငါးခွက်မပြည့်ရင် ရေထပ်ဖြည့်ရမယ်...။ သကြားဆယ့်ငါးဇွန်း ကျောက်ကျောမှုန့် 20g ထည့်ပြီးဆူလာတဲ့အထိကျိုလိုက်တယ်...။ ရေဆူတာနဲ့မီးပိတ်ခနအအေးခံ ကြိတ်ထားတဲ့ ဆွမ်းမွှေးရွက် (သုံးရွက်) အရေညစ်ထားတာ ထည့်ရောမွှေပြီးတာနဲ့ အုန်းစိမ်းဖတ်လေးတွေ ခင်းထားတဲ့ ဗန်းထဲကို ကျိုထားတဲ့ အုန်းစိမ်းရေသုံးပုံနှစ်ပုံကိုလောင်းထည့်မယ်...။ ကျန်တဲ့အုန်းစိမ်းရေတစ်ပုံကို အုန်နို့တစ်ဗူးနဲ့ရောပြီး ဆူအောင်ထပ်ကျိုမယ် အချိုကြိုက်တယ်ဆို သကြားထပ်ထည့်လို့ရပါတယ်...။ အုန်းစိမ်းအလွှာလေးတင်းလာပြီဆို ကျိုထားတဲ့ အုန်းနို့လွှာလေးအပေါ်ကထပ်လောင်းထည့်ပြီး အအေးခံ ရေခဲသေတ္တာထဲသိမ်းပြီး လိုသလိုလှီးစားလို့ရပါပြီ...။




ငှက်ပျောသီးနဲ့အာလူးဆနွင်းမကင်းက ရွှေပုစွန်က



 ရုံးကဘုရားမှာ တစ်ပွဲကပ်တယ်


ဥပုသ်အပတ်တိုင်းကို ကြုံသလို အနီးနားဓမ္မာရုံတွေမှာ သီလလာပေးတဲ့ ဘုန်းကြီးတွေနဲ့ ဥပုသ်သည်တွေအတွက် အချိုပွဲကို အပတ်စဉ်မပျက်လုပ်ဖြစ်အောင်ကြိုးစားနေတာ ခုဆို သုံးခါရှိပြီဆိုပါတော့..။ ပထမက ကော်ဖီနို့စိမ်းကျောက်ကျော နောက် အုန်းစိမ်းကျောက်ကျောနဲ့ ဒီနေ့ ရောင်စုံဂျယ်လီနို့စိမ်းကျောက်ကျောလေး လုပ်ဖြစ်သွားတယ်...။ လုပ်နည်းအတိုချုံးလေးကို ပုံနဲ့တကွ ရေးပေးထားပါတယ်...။



ရောင်စုံဂျယ်လီနို့စိမ်းကျောက်ကျော (broken glasses Jelly)



ရေ 500ml + တယ်လီဖုန်းကျောက်ကျော 20g + သကြားငါးဇွန်း + food color 2tsp

 

 အရောင်နဲ့လုပ်ထားတဲ့ ကျောက်ကျောလေးတွေကို အဲလို အတုံးကလေးတွေပြန်လှီးပြီး 
ဗန်းထဲဖြန့်ခင်းလိုက်တယ်





နို့စိမ်း+ရေ 1000ml + သကြား 10ဇွန်း + တယ်လီဖုန်းကျောက်ကျော 40g ကိုဆူတဲ့အထိကျိုပြီးရင် ရောင်စုံကျောက်ကျောတုံးလေးပေါ် ဇကာစစ်ပြီး လောင်းထည့်ပြီး အအေးခံထားလိုက်ပါ..။ ရေခဲသေတ္တာထဲထည့်သိမ်းပြီး လေးထောင့်စပ်စပ် စတုဂံတုံးလေးများလှီးပါ။

“ကုသိုလ်ဆိုတာ ယူတတ်ရင်နေရာတိုင်းမှာရှိတယ်”လို့ အရှင်ဆေကိန္ဒကပြောဖူးတယ်....။ အားလုံး အကုသိုလ်ကိုပယ် ကုသိုလ်သဒ္ဓါပွားများနိုင်ကြပါစေ....။


မိုးငွေ့

2 comments:

စံပယ္ခ်ိဳ said...

ကျေးဇူးပါမီးမီးရေ
ေ သေချာလေးရှင်းပြထားလို့လေ
လုပ်ဖြစ်တာနဲ့ ဖဘ တင်လိုက်မယ်နော်

Aunty Tint said...

မိုးငွေ့တော်တယ် ဥပုသ်နေ့တိုင်းလိုလို အလှူလေးတွေ လုပ်ဖြစ်တယ် အတိတ်က အထုပ်ကိုဖြည်စားနေချိန် အနာဂါတ်အတွက် ရိက္ခာစုခြင်းတစ်မျိုးပေါ့ကွယ် ... :)