Saturday, 22 February 2014

အိမ်လုပ်ပလာတာ.....

ဒီတပတ်ပိတ်ရက်လေးမှာလုပ်စားနိုင်ဖို့ လွယ်ကူမြန်ဆန်တဲ့ အိမ်လုပ် ပလာတာလေးရဲ့လုပ်နည်းလေးကိုပြောပြပါမယ်...



ဂျုံ နှစ်ခွက်၊ ကြက်ဥတစ်လုံး၊ ဆီ ခွက်တစ်ဝက်၊ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်၊ ရေလိုသလောက်နဲ့ နယ်ပေးပါ..။ မုန့်သားချောမွတ်လာတဲ့အထိနယ်ပေးရပါမယ်...။ (မုန့်ကိုအထပ်များများဖြစ်အောင်ဆီပိုထည့်နယ်လို့ရပါတယ်)

ရလာတဲ့မုန့်သားကို ရေစိုဝတ်နဲ့နာရီဝက်အုပ်ပြီး နှပ်ထားပေးပါ...။

နာရီဝက်ကြာရင် မုန့်သားကိုထပ်နယ်ပေးပြီး ခုနှစ်ပိုင်းပိုင်းထားပါ...။ မုန့်အလုံးလေးတွေကို ဒလိမ့်နဲ့ ပါးနိုင်သမျှပါးအောင်လှိမ့်ပေးပါ...။
 ဆိုင်မှာလို ပါးလွှာနေအောင်ရိုက်မယ့်နေရာမရှိရင် ဒီလိုနည်းလေးနဲ့အိမ်မှာပလာတာလုပ်လို့ရပါတယ် ဂျုံမုန့်ပြားကိုပုံထဲကအတိုင်းလိတ်လိုက်ပါ

လိတ်ပြီးသားဂျုံကိုပြန်ခွေပေးပါ


ကြော်ခါနီးကျ ခွေထားတဲ့မုန့်သားကို ဒလိမ့်နဲ့ ပြားအောင်ပြန်လိမ့်ပြီးကြော်ပါလေ...

သကြားနဲ့ဖြူးစားစား အာလူးဟင်း ပဲဟင်းနဲ့ပဲစားစား ကြိုက်ရာနဲ့စားသုံးနိုင်ပါတယ်

ကျွန်မက သကြားထက်နို့ဆီဆမ်းစားရတာကြိုက်တယ်...
 မြန်မာဆိုတော့ မြန်မာလက်ဖက်ရည်ကြိုက်တာပေါ့ ရွိုင်ရယ်တီးမစ်နဲ့သောက်ပါတယ်...

.....Happy Weekend.....

မိုးငွေ့

12 comments:

Aunty Tint said...

မိုးငွေ့ရဲ့ အိမ်လုပ်ပလာတာ စားချင်စရာ ... တီတင့်လဲ ဘာမုန့်လုပ်ရကောင်းမလဲ .... :P

မေတ္တာဖြင့်
တီတင့်

Iora said...

ကိုယ်အဲလိုလုပ်တာအလွှာလေးတွေသိပ်မရလို့ ဆီများများထဲ့ရင်အလွှာများများရတယ်ဆိုထပ်စမ်းအုန်းမယ်။း)
သိုင်းခရူး။
အိုင်အိုရာ

စံပယ်ချို said...

ဆိတ်သားပဲသီးအာလူးလေးကိုမဆာလာနဲ့ချက်ပြီးတီးလိုက်ရတော့နော်

မီးမီးငယ် said...

ပလာတာ၊ထပ်တရာ၊နံပြား၊ပူရီ
အားလုံးကြိုက်တယ်။
ကိုယ်တိုင်တော့မလုပ်တတ်ဘူး။
ဒီမှာရေခဲရိုက်တွေအများကြီးရှိလို့၊
အဲတာလေးတွေဘဲစားနေရတယ်..။
မိုးငွေ့လုပ်နည်းနဲ့စမ်းကြည့်မှ…

မိုးသက် said...

မကြီးမိုးငွေ့ ခွေပြီးမှ ကြော်လို့ အထပ်လေးတွေဖြစ်လာတာကို မန်းလေးမှာ ထပ်တစ်ရာလို့ ခေါ်တာဗျ.။ ဒါပေမယ့် အစ်မမိုးငွေ့ဟာက ပူရီနဲ့ ဆင်သွားတယ်..။

အမ်တီအန် said...

တို့ကတော့ ဆိုင်က ၀ယ်စားဖို့တောင် ပျင်းနေတာ အဲ့ဂလို လုပ်စားဖို့ဆို တွေးတောင်မတွေးဝံ့ဘူး..:)
ကိတ်မုန့်တွေဖုတ်စား... ပူတင်းတွေ ပေါင်းစား.. ဟော.. အခု ပလာတာပါ ကိုယ်တိုင်ရိုက်စားနေပြန်ပြီ.. မိန်းမပီသသော ညီမမိုးငွေ့.. :)

blackroze said...

မနက်ကလေးတင်ပလာတာစားလိုက်သေးတယ်..မကြီး
ကော်ဖီ နဲ့ဘဲ
ပစ်တို့စီမှာက အလုံးလိုက်ဝယ်ပြီးကွကို
ကြော်လိုက်တာ

Han Kyi said...

အောင်မလေး ပလာတာတစ်ချပ်စားဖို့ လက်ဝင်လိုက်လေခြင်းဗျာ...ဒါပေမယ့် ကိုယ်တိုင်လုပ်ဖြစ်သွားတဲ့ ပီတိကတော့ အတော်အရသာရှိမယ်ထင်ပါရဲ့...

Anonymous said...

very beaat fir

Anonymous said...

very

Anonymous said...

very

Anonymous said...

ကိုယ်တိုင်လုပ် like