Tuesday, 1 February 2011

မိုးငွေ့ပြန်လာပြီ...


မိုးငွေ့ပြန်လာပြီဆိုပြီး....ဘယ်ကပြန်လာသလဲ မေးစရာရှိနေမယ်...။ မိုးငွေ့ဘယ်မှမသွားရကြောင်းပါ...။ ပြီးခဲ့တဲ့တစ်လလုံး အလုပ်တွေတော်တော်ရှုပ်နေတာနဲ့ အိမ်မှာ ချက်စားဖြစ်တဲ့ ဟင်းလေးတွေနဲ့ပဲ တင်ဖြစ်နေတာ...။ လာဖတ်တဲ့ သူငယ်ချင်းတွေတောင် အမမိုးငွေ့လိုင်းပြောင်းသွားပြီလားလို့မေးနေကြပြီ....။ ကိုယ်က ခရီးထွက်တာနဲ့ ကုမ္ပဏီကပစ္စည်းသစ်မိတ်ဆက်ပွဲအတွက် ဖက်ရှင်ရှိုးအတွက်အလုပ်ရှုပ် နေရတာနဲ့ တော်တော်မအားဘူး ဖြစ်သွားတယ်ကွယ်...။ Facebook ရဲ့ A21 Nex မှာသွားကြည့်လို့ရပါတယ်..။ အဟဲ တစ်ခါတည်းကြော်ငြာဝင်တာ...။

မောင်ဗညားကလဲ ရသစာလေးတွေရေးပါဦး.....မမိုးလို့ တောင်းဆိုတယ်...။ ကျမအကြမ်းရေးထားတာလေး တွေရှိပါတယ် အချောမသတ်ရသေးတာနဲ့ မတင်ဖြစ်တာပါ...။ ပြီးတော့ ကိုယ်က အက်ဆေးဖြစ်ဖြစ် ဝတ္ထုတိုဖြစ်ဖြစ်တင်ရင် ပုံကလေးတွေပါမှ ကြိုက်တာကိုး...။ ဒီတော့ ပုံတွေရှာရတာလဲ အချိန်ပေးရသေးတယ် ...။ ဒီကြားထဲ လိုင်းမကောင်းတာနဲ့ ဘာနဲ့ဆိုတော့ အကြောင်းကြောင်းကြောင့် ဟင်းခွက်တွေပဲ ကိုယ့်ဘလော့ဂ်မှာ ပြည့်သွားတယ်...။ ဒီလတော့ ချစ်သူများနေ့အတွက် အချစ်နဲ့ပတ်သက်တဲ့ လူငယ်ဆန်ဆန် ဝတ္ထုတိုလေးတွေ အက်ဆေးလေးတွေ ပိုရေးဖြစ်မယ်ထင်တယ်...။ အဲလိုတော့ စိတ်ကူးထားပါတယ်...။



Red Sexy ဆပ်ပြာရေမွှေးကောင်တာ


White Flora ဆပ်ပြာရေမွှေးကောင်တာ


Blu Jean ဆပ်ပြာရေမွှေးကောင်တာ


Pink Candy ဆပ်ပြာရေမွှေးကောင်တာ





ရှေ့ဆုံးက Brand Angel တွေဖြစ်ကြတဲ့ ပန်းရောင်အိချစ်၊ ဂျင်းအပြာ ခင်နန်းထိုက်၊ အနီရောင် အောန်ဆိုင်းနဲ့ အဖြူရောင် ဝင့်ဒါလီ အသိပေးပြီးလာရောက်အားပေးသူတွေရော တိတ်တဆိတ်နဲ့စာလာဖတ်သွားသူတွေကိုပါ ကျေးဇူးတင်ပါတယ်.....။

မိုးငွေ့

6 comments:

အျဖဴေရာင္နတ္သမီး said...

အလဲ့...
မမိုးတို့ကတော့ မိုက်တယ်ကွာ...
အမဲရောင်လေးနဲ့...ဟိ
မြင်အောင်ကြည့်သွားတယ်...
း)

ချော(အစိမ်းရောင်လွင်ပြင်) said...

မော်ဒယ်တွေ မိုက်တယ်..
စိတ်ဝင်စားစရာ

pandora said...

ဝိုး.. ဒီအလုပ်မျိုးလုပ်ရတာ ပျော်စရာ နေမှာ
း)

ရွှေရတုမှတ်တမ်း said...

ဪ...ဒါကြောင့်မအားတာကိုး

Cameron said...

အဟဲဟဲ...ကိုကြီးကျောက်တို့ ပြန်ငယ်ချင်သွားတယ်မဟုတ်လားးး

သဒ္ဓါလှိုင်း said...

ငေးလို့ ကြည့်သွားပါကြောင်းးးးးးးးးးးးးးးးး
မိုက်စ်...