ကျမတို့ ဒုတိယနှစ်ကျောင်းပိတ်ခါနီးတော့ ဧပြီလမှာဖြစ်တယ်...။ ကျမတက္ကသိုလ်ကျောင်းသူဘဝမှာ အဲဒီတစ်ခါလေးပဲ ကျောင်းသင်္ကြန်ကျဖူးတာပါ...။ အဟဲ... သင်္ကြန်မှာ သူများတွေ ကိုယ်စီ သင်္ကြန်အလွမ်းဇာတ်လမ်းလေးတွေ ရေးပြီးတင်ကြတာတွေ့တယ်။ မိုးငွေ့လဲ သင်္ကြန်အကြောင်းလေးရေးဖို့ စိတ်ကူးရလာတယ်...။ ဒါပေမယ့် ဝတ္ထုတိုလေးရေးဖို့လည်း ကိုယ့်မှာ ကုန်ကြမ်းကမရှိဖူးခဲ့တော့ ...ရှိခဲ့ဖူးတာလေးကိုပဲ ရေးဖြစ်လိုက်ပါတယ်...။ အမှန်တော့ ကျမဒီ “တစ်ခါတုန်းကတက္ကသိုလ်မှာ” ဆိုတဲ့ခေါင်းစဉ်အောက်က ကျမကျောင်းစတက်တဲ့ အတွေ့အကြုံ အကြောင်းအရာတချို့တွေ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးစရာရှိပါတယ်...။ ခုသင်္ကြန်အကြောင်းလေးရေးချင်တာနဲ့ အဲဒါတွေကို ကျော်ခွလိုက်တယ်...။ နောက်မှ ကျမရေးပြီး တင်ပါ့မယ်..။ ကျောင်းပိတ်ခါနီး ကျောင်းသင်္ကြန်ရှိတယ်ဆိုတော့ တစ်ခါမှမကြုံဖူးတဲ့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားခဲ့တာပေါ့...။ ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး...။ ကျောင်းမှာ ဒီလိုပဲ ကျောင်းသားတွေ ရေသန့်ဗူးလေးတွေကိုင်ပြီး ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေကိုလိုက်လောင်းတာပါပဲ...။ အထင်သိပ်မကြီးကြနဲ့ ကျမကို ရေလိုက်လောင်းသူ သိပ်မရှိဘူးဗျ...။ ဘာလို့လဲဆိုတော့ တိုင်ကွမ်ဒိုခါးပတ်နက်က ကျမရဲ့ အနီးကပ်ကိုယ်ရံတော်တပ်မှူးဖြစ်ဖြစ်နေလို့လေ...။ မျက်နှာက အမြဲထန်နေလေတော့ ကောင်လေးတွေက အနားမကပ်ရဲဘူး...။ သူငယ်ချင်းတွေကပြောတယ် “နင်တော့ သွားပြီး ဘယ်သူမှ နင့်ကိုရေလာ ပက်ရဲမှာမဟုတ်ဘူး နည်းနည်းပါးပါးတော့ ပြုံးထားလေ ရေလာပက်ချင်အောင်”တဲ့..။ ဘုရားရေ... ကျမကပဲ ကောင်လေးတွေရေလာပက်ချင်အောင်လို့ ညုတုတု ခရာတာတာ အဲလိုအိုက်တင်ဖမ်းရမယ်...။ လုံးဝမဖြစ်နိုင်တာဗျို့...။ ရာဇဝင်မှာကိုမရှိတာ...။ ရေမလောင်းခံရတာ ဝမ်းနည်းစရာမှမဟုတ်ဘဲနော်...။ ကြယ်သီးခပ်ဆန်းဆန်းကလေးတွေနဲ့ ရောင်စုံရင်ဖုံးအကျီၤတွေကို အမြဲဝတ်ပြီးကျောင်းတက်တတ်တဲ့ ကျမကို လူအတော်များများစိတ်ဝင်စားကြပေမယ့် ခုနကပြောခဲ့သလိုပေါ့ ကျမရဲ့ ခါးပတ်နက်ကို လန့်တတ်ကြတာ...။ ကျမလည်း ဘာမှမလုပ်ပါဘူး ဘယ်သူ့ကိုမှ...။ ဒါပေမယ့် အလိုလိုနေရင်း လူရှိန်တာခံနေရတာပေါ့...။ ဒီလိုနဲ့ အိမ်ပြန်မယ်ဆိုပြီး ကျောင်းထဲကထွက်လာတော့ ကျောင်းဆင်ဝင်အောက်ကအကျော် ဂိတ်ဝနားမရောက်ခင် ပုဏ္ဏရိပ်ပင်နားမှာ လူတစ်ယောက်ကျမရှေ့ကို ရပ်ပြီးတားလိုက်တယ်...။ အရပ်ကရှည်တော့ ကျမမော့ကြည့်လိုက်ရတယ်...။ ဘယ်သူများလည်းလို့ ကျမတို့ Zool အတန်းရှေ့ Botany အတန်းက “စည်သူ”(အခုရုပ်ရှင်မင်းသားညီနန္ဒ(ခေါ်)နန္ဒပါ) ဆိုတဲ့ ကောင်လေးပါ..။ သူကကျမထက်တစ်နှစ်ငယ်တယ် ခုမှ ပထမနှစ်စတက်တာ...။ လက်ထဲမှာလဲရေဗူးနဲ့....ဘာမပြောညာမပြော ကျမကိုယ်ပေါ်လောင်းချလိုက်တာ...အားပါးပါး...ရေတွေက ရေနွေးတွေဗျ...။ ကျမကလဲလက်သွက်ပြီးသားမို့... အသင့်ကိုင်ထားတဲ့ ဘောလ်ပင်နဲ့ သူ့လက်ကို ထိုးလိုက်တာ...။ သွေးထွက်မထွက်တော့မသိဘူး...။ “နင်ကလဲ ဒီလောက်လေးရေပက်တာ ဘောလ်ပင်နဲ့ထိုးစရာလား”တဲ့...။ အော်...ကိုယ်တော်ချော ရှင့်ရေတွေကိုလဲ ပြန်စမ်းကြည့်ဦး ရေအပူတွေနဲ့လေ...။ ကျမပြောတော့ သူ့ဘာသာသူပြန်လောင်းကြည့်တယ်...။ ဟုတ်သားပဲ ဆောရီးနော်တဲ့...။ ကဲ... ရေလောင်းတဲ့သူရော...အလောင်းခံရတဲ့သူရော... အဲဒီရေနွေးကြောင့် သင်္ကြန်အရသာလေး ပျက်ကုန်ပါရောလေ...။ ရေသန့်ဗူးနဲ့ ကန်တင်းမှာ ဘယ်သူကများ ချောက်ချပြီး ရေနွေးဖြည့်ပေးလဲမှမသိဘဲ...။ ကျမတစ်သက်တာမှာတော့ သင်္ကြန်ကို အများအားဖြင့် အိမ်ကကားနဲ့ရေပက်ခံထွက်တာပဲရှိတယ်...။ မဏ္ဍတ်ထိုင်ဖြစ်တာကတော့ တစ်ခါပဲ ပိုင်ဇေတို့ (ပိုင်ဇေရဲထွန်း) အင်ယားလမ်းမှာ မဏ္ဍတ်လုပ်ဖြစ်တုန်းက တစ်ခါပဲရှိတယ်...။ ပိုင်ဇေနဲ့က တိုက်ကွမ်ဒိုမှာ သူငယ်ချင်းတွေ ဖြစ်တာရယ် စင်ပေါ်မှာလည်း သင်တန်းက သူငယ်ချင်းတွေ အများစုနဲ့မို့ သွားထိုင်ဖြစ်တာပါ...။ ဒီလိုပါပဲ အဲဒီတုန်းက ငယ်သေးတော့ ပျော်ဖို့ကောင်းပါတယ်..။ ကျမအတွက်တော့ သင်္ကြန်ဆိုတာ သိပ်ကြီးပျော်စရာကောင်းခဲ့တယ် မရှိပါဘူး...။ ငယ်ငယ်ကတော့ မန်းမှာ သင်္ကြန်လေးငါးနှစ် ဆက်တိုက်ကျဖူးတယ်...။အဲဒီတုန်းက ရုပ်ရှင်မင်းသားဝင်းဦး ငွေငန်းသင်္ကြန်ကားကြီးပေါ်မှာ သီချင်းဆိုတော့ မန်းတောင်ခြေမှာ သွားကြည့်ကြသေးတယ်...။ 2002 ဘွဲ့မရခင်ကတော့ မဟာစည်မှာ သီလရှင်ဝတ်ဖြစ်တယ်...။ နွေရာသီ ပူကလည်းပူ လူများတော့ နေရာမရတာနဲ့ ကျမတို့သီလရှင် လေးပါးက သက်ကြီးဆောင်မှာသွားနေရတယ်...။ ညဘက် အဖွားကြီးတွေစကားများလို့ အိပ်မရခဲ့ဘူး...။ မနက်ကျတော့ သုံးနာရီဆိုထရတယ်... မနက်တရားထိုင်ရတာကို အကြောက်ဆုံးပဲ အိပ်ငိုက်လွန်းလို့ ခြင်ကလဲ ကိုက်ခံရသေးတယ်လေ...။ အဲဒီတုန်းက အက်ဆစ်အဖွဲ့စပြီးနာမည်ကြီးတဲ့ အချိန်...။ ကျမတို့ တရားထိုင်တော့... မြရိပ်ညိုက ညဘက်စတိတ်ရိုှးလုပ်တော့ အက်ဆစ်က Hip Hop အသံတွေကြားနေရတယ်...။ ပထမတစ်ရက်နှစ်ရက် တရားထိုင်တော့ စိတ်ကိုမနည်းစုရတယ်...။ နောက်တော့ ကျင့်သားရသွားပါတယ်..။ တကယ်အေးချမ်းတဲ့ စိတ်ကျင့်စဉ်တစ်ခုပါ...။ သင်္ကြန်နဲ့ ပတ်သက်တဲ့ အရာတွေထဲမှာ ပိတောက်က အဓိကဇာတ်ဆောင်ဆိုပေမယ့် ကျမက ပန်းမကြိုက်တတ်လို့ ပိတောက်ပန်းလဲ မပန်ခဲ့ပါဘူး...။ အဲ...မုန့်လုံးရေပေါ်တော့ သိပ်ကြိုက်ပေါ့...။ ဒီနှစ်သင်္ကြန်တော့ မိုးငွေ့တို့ဘာမှလုပ်စရာမရှိပါ... ။ အိမ်တွင်းအောင်းပြီး မုန့်လုပ်စားမယ်... စာဖတ်မယ်...။ နက်ရရင် စာတွေရေးမယ်..။ နှစ်ဆန်းတစ်ရက်နေ့ကျရင် အဖွားကို ခေါင်းသွားလျှော်ပေး လက်သည်းခြေသည်း သွားညှပ်ပေးမယ်...။ အပြင်ထွက်လည်ဖို့တော့ လုံးလုံးစိတ်ကူးမရှိပါကြောင်း နိဂုံးချုပ်အပ်ပါသည်...။
မိုးငွေ့
5 comments:
သာဓု ... သာဓု ... သာဓုပါဗ်ာ ...
အစ်မဒီနှစ် သင်္ကြန်မထွက်တာ ကောင်းပါတယ်...
နို့မို့ဆို တိုက်ကွမ်ဒိုခါးပတ်နက်ကို လူတိုင်းကြောက်နေရမယ် ...
တိုက်ကွမ်ဒိုကို ခါးပတ်နက်ဆိုတော့ အားကျတယ်ဗျို့ ...
ကောင်းတာပေါ့...ဘယ်မှမသွားတော့
စိတ်အေးရတာပေါ့..:P
စာတွေများများရေးပြီးတင်..
အတာရေအေးအေးလေးနဲ့လောင်းမယ် ဆိုရင်တော့ ဘောလ်ပင်နဲ့မထိုးဘူးမလားး. :)
မမိုးရဲ့အကြံကောင်းတယ်...
ညီမလည်း ရန်ကုန်သင်္ကြန်မမှီတော့ဘူး...
မှီရင် မမိုးနဲ့အတူ မုန့်လုပ်စားရင်း မမိုးနဲ့အတူ ကုသိုလ်ကောင်းမှုလေးတွေ လုပ်ချင်တာ..။
ကြီုမပြောတော့ဘူး..လာမှဖုန်းခေါ်လိုက်တော့မယ်..
မမိုးရေ......
ဏီဏီကတော့....သင်္ကြန်ဆိုတာ ဘာမှန်မသိအောင်ကြာခဲ့ပြီလေ...........။
(ပြောမှ လွမ်းသွားသလိုလို........း))
မြန်မာပြည်ပြန်ရောက်ရင် မမိုးနဲ့တောင် လာမတွေ့ရဲတော့ပါဘူးဗျာ.....။
ဏီဏီကို ပိတ်ကန်ထည့်လိုက်မှာစိုးလို့.........ဟိဟိ....း))
ဏီဏီက သိုင်းဆိုရင် ပုဆိုးကွင်းသိုင်းတာလောက်ပဲ တက်သကိုးးးးးးးး..........
(အရက်မူးတဲ့ ချိန်မှာလေ........း))
(ဗညားပြောတယ်...... သူ့ နတ်ဆိုးပရပိုက် ပျက်သွားဘီတဲ့........း))
စကားမစပ်.... မမိုးက နာမည်ကြီးတွေနဲ့ ဇာတ်လမ်းရှိခဲ့တာကိုး....... ဟိဟိ.....း))
ခင်မင်တဲ့
ဏီလင်းညို
တိုက်ကွမ်ဒိုကစားတယ်ဆိုတော့ ခက်ကြောက်ကြောက်နဲ့ပဲ သင်္ကြန်အကြောင်းလေး လာဖတ်သွားပါတယ် ခညာ။အတာတန်ခူးနှစ်ဦးမှာ အတာရေပူပူလေး အဲလေ....ယောင်သွားလို့ ရေချမ်းချမ်းလေးနဲ့ ဖြန်းပက်သွားပါတယ်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေစစစစစ။
Post a Comment