Monday, 29 April 2019

Da Endorphine.....







ထိုင်းအဆိုတော် Da Endorphine ကို ကျွန်မစသိတာ 2008  2009 လောက်ကပါ...။ မိုးငွေ့နှင့်အတူ ဘလော့စရေးနေတဲ့အချိန်ဆိုပါတော့...။ အဲကတည်းက ကျွန်မရဲ့စာတွေကို ဒီနေ့အထိ အားပေးလာတဲ့ ကျွန်မရဲ့ စာဖတ်သူညီမလေး အနှိုင်းမဲ့ကို အဲဒီအဆိုတော်ရဲ့ MTV ဗီစီဒီပေးဖူးတယ်...။ မယ်နှိုင်းက ဂီတဝါသနာပါတယ် ပြီးတော့ Da Endorphine နဲ့ မယ်နှိုင်းက စတိုင်လ်ချင်းတူလို့ သူ့ကို Da ရဲ့ သီချင်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးဖူးခဲ့တယ်...။ Da က တေးရေး တေးဆိုအပြင် 2016 2017 မှာ The Voice Thailand မှာ ဒိုင်လုပ်ပါတယ်...။ သူ့အနုပညာလှုပ်ရှားမှုတွေက ဂီတလောကမှာ တော်တော်ကျယ်ပြန့်ပါတယ်.....။ ပြီးတော့ နှစ်တွေအများကြီး ပရိတ်သတ်ကို သိမ်းသွင်းလာနိုင်ခဲ့တဲ့ Pop နဲ့ R&B အဆိုရှင်တစ်ယောက်ပါ...။ သူ့သီချင်းတော်တော်များများ ဒီနေ့ခေတ်အထိ ရုပ်ရှင်နဲ့ တီဗီ စီးရီးဇာတ်လမ်းတွဲတွေမှာ သုံးခွင့်ရခဲ့ပါတယ်...။

မနေ့တနေ့တုန်းက အမှတ်မထင် မတွေ့တာကြာပြီဖြစ်တဲ့ မယ်နှိုင်းကို Shopping Mall မှာဆုံခဲ့သေးတယ် သူနဲ့ သေချာတောင်စကားမပြောလိုက်ရပါဘူး...။ ကျွန်မကို သူက အစ်မ ဒီဖက်ကို ပြောင်းလာနေပြီဆိုတဲ့... ဒါလေးပဲပြောလိုက်ရတာ...။  သြော်မေ့သွားလို့ Feeling 92 စာအုပ်ပူပူနွေးနွေး ထွက်ထားတဲ့ ကဗျာဆရာမလေးဆီက စာအုပ်လက်ဆောင် မတောင်းလိုက်ရဘူး...။ ကျွန်မခုထိ တီတင့်ဦးစီးထုတ်ထားတဲ့ ဘလော့ဂါ 92 ယောက်ပါတဲ့စာအုပ်ကို မဖတ်ရသေးတာ ဝယ်မယ်ဆိုတော့ အင်းဝပဲရှိတာလေ ဒီနားမှာက..။ တီတင့်ကတော့ လက်ဆောင်လာယူလို့ခေါ်ထားတာပဲ မရောက်ဖြစ်သေးတာ FMI ဖက်ကို...။ မေမေခရီးကပြန်လာလို့ တီတင့်ဆီအလည်သွားမှ အဲစာအုပ်လေးသွား ယူတော့မယ် စိတ်ကူးတယ်..။












မိုးငွေ့

Friday, 19 April 2019

ကန်စွန်းဥပြင်.....




ကန်ဇွန်းဥပြင်ရဲ့အခြေခံသဘောတရားက သာကူပြင်ကလာတာပါပဲ...။ ပထမဆုံးစားဖူးတာက ဗဟိုလမ်းမပေါ်မှာရှိတဲ့ “ပန်းခရေ”ဆိုတဲ့ အိမ်ချက်မုန့်ဟင်းခါးဆိုင်ကပါ...။ ပန်းခရေမုန့်ဟင်းခါး စားကောင်းတယ် ညွှန်းကြလွန်းလို့ သွားစားရင်း အော်ဒါမှာထားတဲ့ ကန်ဇွန်းဥပြင်လေးကို မြည်းကြည့်ဖြစ်သွားတာပါ...။ အရသာတော်တော်ကောင်းတယ် သာကူပြင်ထက်ကို ကောင်းတယ်...။ တခါသုံး အဖုံးပါတဲ့ ကော်ဗူးပျော့လေးနဲ့ နှစ်လက်မပတ်လည် ထုတစ်လက်မခွဲလောက် တစ်တုံးကို တစ်ခါစာစားဖို့ ဇွန်းပါပါပြီး 1500/- ပါ...။ အဲဒါနဲ့ ဆိုင်ရှင်ကိုနည်းနည်းစပ်စုလိုက်တယ် ဒီထဲမှာဘာတွေပါလည်းပေါ့...။ အချိုက သကြားမသုံးဘူး ကန်ဇွန်းဥရဲ့ သဘာဝအချိုနဲ့ပဲဖုတ်ထားတာတဲ့ ကန်ဇွန်းဥကိုအသားထဲ ဘာတွေထည့်ထားလဲတော့ မမေးတော့ပါဘူး စားကြည့်ရင်းနဲ့ မှန်းကြည့်လိုက်တာ...။ အိမ်မှာ ပြန်လုပ်ကြည့်တော့ဖြစ်သွားတယ်..။ အသစ်အဆန်းမုန့်လုပ်ရင် ပထမဆုံးအကြိမ်က ပျက်တာများတယ်လေ ဒီတစ်ခါ ကန်ဇွန်းဥပြင်ကို စမ်းလုပ်တာမပျက်ဘူး...။ အပေါ်ယံက အုန်းနို့ကျိုနည်းလေးပဲ You Tube မှာ သာကူပြင်လုပ်တဲ့နည်းကို သွားကြည့်လိုက်တယ်...။ အုန်းနို့ပျစ်လာအောင် ဂျုံမုန့်လေးအရေဖျော်ထည့်ကျိုရတာ...။

ကျွန်မ ဒီကန်ဇွန်းဥပြင်ကို သုံးကြိမ်လုပ်ကြည့်ပြီးပြီ မြန်မာကန်ဇွန်းနဲ့တစ်ခါ ဂျပန်ခရမ်းရောင်ကန်ဇွန်းဥနဲ့ တစ်ခါ နောက်ဆုံးရွှေကန်ဇွန်းနဲ့တစ်ခါလုပ်ကြည့်ခဲ့တယ်...။  ဂျပန်ကန်ဇွန်းက အသားစေးပြီး အရောက်လှတယ် အချိုပေါ့တယ်...။ မြန်မာကန်ဇွန်းတွေကတော့ စေးပျစ်မှုနည်းတယ် အချိုလေးတယ် မုန့်ဖုတ်တဲ့အခါ ပြောင်းကော်မှုန့်လေး နည်းနည်းထည့်နယ်တယ်...။ လုပ်နည်းကို အသေးစိပ်မသိပေမယ့် ကိုယ်ဘာသာ ကိုယ်နည်းနဲ့ကိုယ် ပြောင်းကော်မှုန့်ထည့်လိုက်တာ... မုန့်သားလေးကျစ်ပြီး အခဲလေးဖြစ်အောင်လို့...။ ကျွန်မလုပ်တဲ့ ကန်ဇွန်းဥပြင် Recipe လေးကို အသေးစိပ်ပြောပြပါမယ်...။

ပါဝင်ပစ္စည်းများ

ကန်ဇွန်းဥ တစ်ပိဿာ (မိမိနှစ်သက်ရာ ကန်ဇွန်းဥ)
အုန်းနို့ တစ်လီတာဗူးတစ်ဗူး 
ဆားအနည်းငယ်
ပြောင်းကော်မှုန့်ခွက်တစ်ဝက်
ဂျုံမှုန့် ထမင်းစားဇွန်း ငါးဇွန်း

Since I was (not use) stop posted on my face book, but I have been posting my baking and cooking on my instagram. Now I have to show you guys my new recipe of sweet potatoes cake with coconut cream. Let's see.

Ingredients :

Sweet Potato 1 1/2 Kg
Coconut Milk 1 Litter
Flour  5 Tbsp
Corn Starch 1/2 Cup
Salt 1/2 tsp
Butter for grease

First, Clean up all the sweet potatoes, drain and steam for about 20 mins, make sure the sweet potatoes can mash. Preheat oven and grease the 12'' x 12 '' square pan. Then let's cool the steam sweet potatoes and peel off. Put the sweet potatoes in the large bowl and start mash. Add the corn starch and knead with hands to the smooth dough. Press the dough into the pan, level with the spatula and set a side. Add 1/2 cup of water, salt into the flour and stir thoroughly. Add the flour into the coconut milk and stir to combine. Put the coconut mixture into a saucepan, simmer  on medium heat , stirring with the whisk it all the time, gently until thick. Pour the thick coconut mixture on the sweet potatoes and bake at 200 C for 25 mins. Remove from oven, cool down totally and chill for at least 5 hours before consume.


 ပထမ 10မိနစ်လောက်ပဲအပေါ်မီးအောက်မီးပေးပါ 
ကျန်တဲ့အချိန်ကို အောက်မီးပိတ်ပြီး အပေါ်မီးနဲ့ပဲဖုတ်ပေးပါ...










ဒါက ကျွန်မတို့ မနှစ်က သိက္ခာထပ်ပေးထားတဲ့ ဦးဇင်းဦးသုန္ဒရရှိတဲ့ သုစိတ္တာရုံ ပရိယတ္တိစာသင်တိုက်က စာဖြေကိုယ်တော်တွေ အတွက် အာရုံဆွမ်းသွားကပ်တုန်းက အချိုပွဲလေးပါ ရွှေကန်းဇွန်းဥပြင်ပါ...။ ဘုန်းဘုန်းတွေကိုကပ်တဲ့ပွဲ ဓါတ်ပုံမရိုက်ထားမိလို့ ရွှေကန်ဇွန်းဥနဲ့ နောက်တစ်ခါလုပ်ဖြစ်ရင် ထပ်တင်ပါ့မယ်..။ ဦးဇင်းက ဘုန်းပေးပြီးတော့ ချီးကျူးသေးတယ် ဒကာမရဲ့ ကန်ဇွန်းဥပူတင်းက သိပ်ကောင်းတာပဲတဲ့...။ ကန်ဇွန်းဥရဲ့ သဘာဝအချိုနဲ့ အပေါ်က အုန်းနို့နံ့မွှေးမွှေးဆိမ့်ဆိမ့်နဲ့မို့ သာကူပြင်ထက် ပိုစားကောင်းတယ်ဆိုတာ အာမခံပါတယ်...။ အချိန်အားလေးရှိရင် လုပ်စားကြည့်ပါ အရမ်းလွယ်လွန်းလို့ပါ...။


Enjoy Baking !!!!!!!!!


မိုးငွေ့


Saturday, 6 April 2019

Keto Mug Bread.....



ဒီမုန့်လေးက keto သမားတွေစားဖို့ Carb ကာဗိုဟိုက်ဒရိုက်မပါတဲ့(ဂျုံမပါတဲ့) အလွယ်ကူအမြန်ဆန်ဆုံး ပေါင်မုန့်တစ်မျိုးပါ...။ ကျွန်မ လုပ်နည်းကို You Tube ကကြည့်ပြီး လုပ်ထားတာပါ...။ သူငယ်ချင်းပို့လိုက်တဲ့ Almond Flour ရောက်လာလို့ စမ်းလုပ်ကြည့်လိုက်တာ...။




 
 မလေးရှား ကိုတာဘာရူးက သူငယ်ချင်းပို့လိုက်တဲ့ Almond Flour  ကြွက်နားရွက်မှိုနဲ့ ငါးမုန့်



 



လိုအပ်တာတွေက ကြက်ဥအကြီးတစ်လုံး ဆား 1/8 tsp  Baking Powder 1/4 tsp ဆီ 1Tbs  Almond Flour 1 cup ပါ...။ Keto ဖြစ်တဲ့အတွက် ဆီကို အုန်းဆီသုံးထားပါတယ်...။  ကိုယ်သုံးမယ် မတ်ခွက်ထဲ အမှုန့်တွေအားလုံးရောမွှေပြီးရင် ဆီနဲ့ကြက်ဥထည့်မွှေပေးပါ...။ သမသွားရင် Microwave ထဲ တစ်မိနစ်တိတိအပူပေးပါ...။ ဒါဆို မုန့်ရပါပြီရှင့် သိပ်လွယ်ကူတဲ့ မုန့်လုပ်နည်း...။



 







ခွက်အဝကျယ်သွားလို့လားမသိ မုန့်က အလယ်မြင်နှာပြင်မှာ အကျက်လိုနေတယ် အဲဒါလေးကိုတော့ ကျွန်မက အချပ်ဝိုင်းလေးပြန်လှီးပြီး ဒယ်အိုးမှာ ထောပတ်ဆီနည်းနည်းနဲ့ အိုးပူပြန်တိုက်လိုက်ပါတယ်...။ အဲဒါလေးတစ်ခုတော့ သတိထားရမယ် နောက်တခါထပ်လုပ်ရင် ခွက်ကို အဝကျဉ်းတာလေးနဲ့ လုပ်ကြည့်ဦးမယ်...။



 


အရသာကတော့ ဆိမ့်နေတာပေါ့ ဘာပြောကောင်းမလည်း နှစ်ချပ်စားပြီးရင် နေ့တဝက်လောက်က ဗိုက်မဆာတော့ဘူး...ကဲ....။ ထောပတ်လေးနဲ့ အိုးကင်းပူတိုက် Cream cheese လေးသုတ် ကိုယ်ထည့်ချင်တဲ့ အစာပလာလေးတွေထည့်ပြီး သုံးဆောင်လို့ရပါတယ်...။ ကျွန်မကတော့ အိမ်မှာအဆင်သင့်ရှိနေတဲ့ Salami အသားချပ်လေးနဲ့ ဆလပ်ရွက် ခရမ်းချဉ်သီးထည့်ညှပ်ပြီး ကျွန်မရဲ့  Keto customer ကိုအရင်ပေးမြည်းလိုက်ပါတယ်...။


Enjoy Baking !!!!!


မိုးငွေ့


Friday, 22 March 2019

My Instagram Photo.....(5)

Bad Wolf ကမ္ဘာလှည့်စာအုပ်ရောင်းဆိုင်ကြီး ရန်ကုန် MEP မှာ စာအုပ်အရောင်းပွဲလာလုပ်တုန်းက ၀ယ်ထားခဲ့တဲ့ စာအုပ်လေး.... ကျွန်မက အစားအသောက်နဲ့ ပေါင်မုန့်ကိုစိတ်ဝင်စားသူမို့ ဒီစာအုပ်တွေကိုဝယ်ဖြစ်ခဲ့တယ်


keto snack 


Keto ဆိုတာ ခုနောက်ပိုင်း ၀ိတ်လျှော့တဲ့သူတွေတော်တော်များများစားဖြစ်ကြတဲ့ ဆီးချိုသမားတွေအတွက် အဓိကထားတဲ့ အစားအစာပါပဲ။ ဘာမှမခက်ခဲပါဘူး Carbလို့ အတိုကောက်ခေါ်ကြတဲ့ ကာဗိုဟိုက်ဒရိတ်ကိုရှောင်ရတာပါ...။ ဆန် ဂျုံ ပြောင်း သကြား အဲလေးမျိုးကိုရှောင်ပြီး ကျန်တာ အကုန်စားလို့ရတဲ့ စနစ်...။






ကျွန်မမှာ Keto ချက်ပေးရတဲ့ Customer တစ်ယောက်ရှိတယ်။  ကိုယ်က Keto ကိုစနစ်တကျ အသေးစိပ်သိနေတာတော့မဟုတ်ဘူး...။ ဒါပေမယ့် Keto သမားတွေ လိုက်နာရမယ့် စည်းကမ်းစမ်းမျဉ်းနဲ့ အစားအသောက်အနေအထိုင်ကို နည်းနည်းပါးပါးလေ့လာထားတော့ ချက်ပေးဖြစ်တာပါ...။  သူတို့ ဟင်းက အကုန်ကျတော့များတယ် တကယ့်ဈေးကြီးပေ့ဆိုတဲ့ Cheese တွေ ထောပတ်တွေ ပြီးတော့ ဘာချက်ချက် ထောပတ်ဆီ အုန်းဆီနဲ့ သံလွင်ဆီပဲသုံးရတာမို့ပါ...။ ပြီးတော့ သရေစာဆိုလည်း သူသတ်မှတ်ထားတဲ့ အစေ့အဆံတွေ အသီးဆိုလည်း သကြားဓါတ်မပါတဲ့ Berry သီးတွေ ကီဝီတွေပဲစားလို့ရတာဆိုတော့ ဒီဟာတွေကလည်း မြန်မာပြည်မှာ မရှားတော့ပေမယ့် ဈေးကြီးပေးရတယ်လေ..။ ကျွန်မ ညီမ၀မ်းကွဲတွေတော့ နှစ်ပတ်စာမှာတာ ဒေါ်လာ300 ပေးရတယ်...။ ကျွန်မကတော့ တစ်ပတ်ကို နှစ်ခါ နှစ်ရက်စာဆီ ချက်ပေးတယ်။ ထမင်းမစားရပေမယ့် ဗိုက်တော့ တော်တော်ပြည့်တယ် တခါစားပြီး ဘာမှကိုထပ်မစားချင်တော့တာမျိုး ပြည့်အင့်တဲ့ ခံစားမှုကိုရတယ်...။ ကျွန်မချက်ပေးတဲ့ဟင်းကို နှစ်ပတ်လောက်စားလိုက်တာ တော်တော်သိသာသွားတယ် ဗိုက်ဆီတွေ ကျတယ်... အရင်ကမတော်တဲ့ အ၀တ်အစားတွေ ပြန်ထုတ်ဝတ်လို့ရသွားတယ် အဲလိုမျိုး...။ ကျွန်မ Client က အရင် ဘောင်းဘီကို 36 ၀တ်တဲ့သူ အခု 34 ကိုဝတ်တာ ကျွတ်ကျချင်နေပြီ...။ တချို့ကျတော့ သကြားတစ်မျိုးထဲရှောင်ပြီး ၀ိတ်လျှော့ကြတယ်...။ သူများတွေကို ချက်ပေးဖြစ်နေပေမယ့် ကိုယ်တိုင်တော့ မစားဖြစ်ပါဘူး နေ့လည်စာထိတော့ ထမင်းစားသေးတယ်...။ ညစာသာ ထမင်းကိုလုံးဝရှောင်ပြီး အိမ်မှာချက်ထားတဲ့ အသားဟင်း အသီးရွက်သုပ် ကြက်ဥပြုတ်တွေစားဖြစ်တယ်...။ နှစ်ပတ်မှာ 6ပေါင်ကျတယ်...။ အစက 142ပေါင်ရှိတယ် ခု 136 ပေါင်မှာရပ်သွားတယ် ထပ်မကျတော့ဘူး..။ လေ့ကျင့်ခန်းလေးပါတွဲလုပ်ရင်တော့ ပိုကောင်းတာပေါ့...။ ကျွန်မကတော့ တပတ်ကို 2ကြိမ်လောက်တော့ ရေကူးဖြစ်တယ်..။ သုံးရက်ကတော့ Gym နဲနဲပါးပါးကစားတယ်... Gym ကစားတယ်ဆိုတာကလည်း စက်ပေါ်နာရီဝက်လမ်းလျှောက်တယ်...။ အလေးတုံးမတယ် Yoga နဲ့အကြောလျှော့တယ် ဒါပါပဲ ဘာမှ ဟဲဗီးတွေမလုပ်ဘူး...။



ဒါက ကျွန်မရဲ့ Keto စားသုံးသူတစ်ယောက်အတွက် မနက် နေ့လည် ညစာ



ကျွန်မရဲ့ ညစာတွေထဲကတစ်ခု



ထမင်းမပါပြီးရော ဘာစားစားဆိုတော့ ကြုံသလို ရှိတာစားတယ် (ဂဏန်းဥချက်၊ ဘိုစားပဲအိုးပူတိုက်၊ကြက်ဥပြုတ်၊ မုန်လာဥနီပြုတ်၊ ကျွဲကော်သီးသုပ်၊ ထောပတ်သီးသုပ်)
ဂဏန်းဥလေးချက်စားတော့ တခါက ကျွန်မကို ဂဏန်းဥစားကောင်းကြောင်း
ညွှန်းဖူးခဲ့သူတစ်ယောက်ကို သတိရမိတယ်



သရက်သီးကိုခြစ်ပြီး ယိုးဒယားသဘောင်္သီးထောင်းလိုထောင်းစားတာ



ညစာထမင်းရှောင်ပြီးသကာလမှာ ထမင်းစားချင်လွန်းလို့ လက်ဖက်ထမင်းသုပ်လေးကို ဟောဒီလိုသုပ်စား



ရုံးက ရခိုင်မလေးချက်ကျွေးတာ သံတွဲရခိုင်မုန့်တီ ငါးများများနဲ့





သကြားလုံးဝမပါတဲ့  အိမ်လုပ် bagel ပေါင်မုန့် (ဂျုံ+ဆား+Yeast+ရေ)


ကျွန်မရဲ့ keto စားသုံးသူအတွက် မုန့်လေးလည်းလုပ်ပေးချင်တော့ တကယ်က ဂျုံစားမရဘူးဆိုပေမယ့် whole meal တော့ နည်းနည်းစားလို့ရတယ်...။ ဂျုံနေရာမှာ Almond Flour တို့ Coconut Flour တို့အစားထိုးပြီး မုန့်လုပ်ကြတယ်...။ အဲဒီလုပ်နည်းလေးတွေကို ကျွန်မ ပို့စ်သပ်သပ်တင်ပေးပါမယ်..။ လောလောဆယ် Almond Flour ကို အော်ဂဲနစ်လေးရချင်တော့ မလေးရှား ကေဘီ(Kotabaru)က သူငယ်ချင်းကို မှာထားတယ်...။




ကျွန်မညီမလေးက မုန့်နယ်ရတာအဆင်ပြေအောင်လို့ ဒီအခင်းပြားလေးဝယ်လာပေးတယ် ..။ ကိုယ်ခင်းတဲ့နေရာမှာ ကပ်နေတာမို့ မုန့်နယ်ရင်မရွေ့တော့ဘူးလေ အဆင်ပြေတယ်..။ မုန့်နယ်ဖို့ သီးသန့် စားပွဲ Space ကျယ်ကျယ်မရှိတဲ့သူတွေအတွက် အိမ်မှာ အလွယ်တကူ သုံးလို့ရတယ်...။






ပေါင်မုန့်နယ်ရတာ အားသုံးရတယ် ပင်ပန်းတယ်ဆိုပေမယ့် ပျော်ဖို့ကောင်းတယ်...။ စေးပိုင်လုံးချောတဲ့ အနေအထားရောက်အောင် 15-20 မိနစ်ထိ နယ်ရတယ်...။ လက်ဖနောင့်နှစ်ဖက်နဲ့ အ၀တ်လျှော်သလို ခပ်နာနာနယ်ရတာ လက်မောင်းအားကို မသုံးတတ်ရင်တော့ လက်ကောက်ဝတ်နာတတ်ပါတယ် ...။ မတ်တပ်ရပ်တဲ့အနေအထားကလည်း ညာခြေကို ရှေ့တစ်လှမ်းပို့ပြီး ကန်ထားတဲ့အနေရပ်ပြီး အားယူရတာ..။  ဒါက ပေါင်မုန့်နယ်စက်မရှိရင် ကိုယ်တိုင်လက်နဲ့နယ်ရတဲ့ position..။ အိမ်သုံး Bread Maker လေးတစ်လုံးရှိရင်တော့ အဆင်ပြေတာပေါ့..။


မိုးငွေ့


Friday, 15 March 2019

My Favorite Photos.....(1)

 

မမဝသုန်ချုပ်ပေးခဲ့တဲ့ဝတ်စုံနဲ့လှနေသောသူ 


2014 ဟာ ကျွန်မဘဝအတွက် အပြောင်းအလဲအဖြစ်ဆုံးနဲ့ ခံစားမှုရသတွေထုံမွှမ်းစေခဲ့တဲ့ နှစ်တစ်ခုလည်းဖြစ်တယ်...။ ကျွန်မအသက်လေးဆယ်မပြည့်ခင် လပိုင်းအလို ပုဂံမှာရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေက ကျွန်မ သက်တမ်းမှာ ကျွန်မအနှစ်သက်ဆုံးပုံတွေထဲမှာပါတယ်...။ ဒါကြောင့် အမှတ်ရတိုင်း ဒီနေရာလေးမှာ လာကြည့်လို့ရအောင် တင်လိုက်တာပါ...။ အဲဒီချိန်တုန်းက ပုဂံခရီးစဉ်ကို ပို့စ်မရေးဖြစ်ခဲ့ပါဘူး...။




အဲဒီနှစ်က နှုတ်ခမ်းဆိုးဆေးအနီရဲရဲကို စွဲစွဲမြဲမြဲဆိုးခဲ့ဖူးတယ်
အဲဒီနှစ်နောက်ပိုင်း ဓါတ်မကျတော့ဘဲ ဒီနှစ် 2019မှာ တကျော့ ပြန်ဆိုးဖြစ်တယ် ကြိုက်တယ်လေ




တန့်ကြည်တောင်တက်ဖို့ ဧရာဝတီမြစ်ကူး စက်လှေပေါ်မှာ မောင်လေးတွေနဲ့အမှတ်တရ 
အလယ်က မောင်နှစ်ယောက်က အမွှာအဒေါ်အကြီးတစ်ယောက်ကမွေးတဲ့ ကလေးတွေ 
အစွန်ဆုံးက ကျွန်မရဲ့ တတိယမောင်လေးအရင်း







 With my mummy and bro



   အမွှာအဒေါ်နှစ်ယောက်နဲ့



 
 အမွှာအဒေါ်နှစ်ယောက်နဲ့ မောင်လေးတွေနဲ့








ရုံးကညီမလေးတွေနဲ့
(အဲဒီတုန်းက ပုဂံမှာဝတ်ဖြစ်တဲ့ မြန်မာဝတ်စုံတွေအကုန်လုံး ဒီဇိုင်နာမမဝသုန်လက်ရာတွေ)



  ဦးလေးရိုက်ပေးတဲ့ snap shot အဲဒီတုန်းက ဆံပင်ရှည်လေးကို ပြန်လွမ်းမိ...



ကိုယ်ဟာ မြန်မာရင်ဖုံးကို Sport နာရီနဲ့ တွဲဝတ်တတ်သူပါ



 
 With my colleague 



နေဝင်ချိန်ကိုအသဲအမဲရိုက်ကြတာ



 
ဒီပုံတွေက တကယ်တော့ 2013 နိုဝင်ဘာတုန်းကပုံတွေ 
ခုမှ ဦးလေး ကင်မရာထဲက ပြန်ရတာ(အမွှာအဒေါ်အငယ်ရဲ့အမျိုးသား) ပြင်ဦးလွင်မှာရိုက်ခဲ့တာ



















Simply Chaungthar Belle Resort 2014 Jan



  အဲလိုဆံပင်ရှည်လေးပြန်ထားချင်ပါတယ် ဒါပေမယ့် 
ကျွန်မအသက်အရွယ်နဲ့ ဆံပင်ဖါးလျားချတာမလိုက်တော့ဘူးလေ







 Mirror Selfie တွေခေတ်မစားခင်ကတည်းက


ခုလက်ရှိအာဂျီးမားပုံ




မိုးငွေ့

Monday, 11 March 2019

ငပလီ.....

ငပလီရဲ့ ပင်လယ်ရေဟာ ကြည်ပြာစိမ်းလဲ့နေတာ







ကမ်းခြေခရီးသွားတွေရဲ့မရှိမဖြစ်လေးတွေ




ပုလဲကျွန်းမှာ ခရုတွေကောက်ခဲ့








ကိုယ့်အန်ကယ်(Angle)ကိုယ်သိတော့ ကွကိုယ်ပဲ Selfie တာကောင်းတယ်



 
ညီမလေးကို ကိုယ်တိုင် ဓါတ်ပုံဆရာလုပ်ပေးထားတာ
Angle အယူတွေကတော့ မမှန်သေးဘူးပေါ့ (ဟမ် ခုထိမမှန်သေးဘူးလား)




ညီမလေးဟာ ငယ်ကတည်းက ကျွန်မရဲ့ ဆံပင်ညှပ်ကပ်ကြေးအောက်မှာ အစမ်းသပ်ခံမော်ဒယ်လ်ဖြစ်ခဲ့ရတယ် ခုကြီးလာတော့ ဓါတ်ရိုက်အစမ်းသပ်ခံမော်ဒယ်လ်
























ကမ်းခြေမှာ နေ၀င်ဆည်းဆာကို ရအောင် ရခိုင်မုန့်တီနဲ့မြည်း







ရောက်ရောက်ချင်းညနေက နေ၀င်ဆည်းဆာ







ပုလဲကျွန်းမှာ



အမေနဲ့ညီမလေးနဲ့အတူ



ဘယ်ကမ်းခြေရောက်ရောက် ခရုကောက်ရတဲ့ ၀ါသနာကတော့အစဉ်အလာမပျက်


  ငပလီ ပုလဲကျွန်းက ခရုလေးတွေဟာ ချောင်းသာသဲဖြူကျွန်းက ခရုလေးတွေလောက် အရောင်အသွေးမစုံဘူး








 ပုလဲကျွန်းကအပြန် ဟိုတယ်မှာခဏနားပြီး ထမင်းစားဖို့ ထမင်းဆိုင်ကိုအသွား
တက်ကြွနေသောခြေလှမ်း နေပူကျဲထဲ ကျောပေါက်နဲ့ မိုက်နေသူ


 
သံတွဲလေဆိပ် view point မှာ 







ကျွန်မတို့ဟိုတယ်ရှေ့က မနက်ခင်းကမ်းခြေရှုခင်း



ဟိုတယ်က အပင်တစ်ပင်ကခူးလိုက်တာ ဇောင်းလျားသီး 
သူက မတည့်တဲ့အစာတွေများတယ် စားမယ်ဆို တခြားအစာတွေနဲ့ ခပ်ဝေးဝေးစားပေးပါ



မနက်ကမ်းခြေမှာလမ်းလျှောက် တံငါသည်တွေဖမ်းလာတဲ့ ငါးတွေသွားစပ်စု








ကမ်းသာယာကိုအဖြတ် ဓါတ်ပုံရိုက်တဲ့ view point တဲ့



အိမ်ပြန်လက်ဆောင် ရခိုင်ပြည်က ငှက်ပျောကောက်ညှင်းထုပ်ကလေးတွေ 
စားလို့ကောင်းတယ် ဆန်ကစေးနေရော


ဒီခရီးသွားပို့စ်မှာတော့ ပုံတွေကိုပဲပြတော့မယ် ဘယ်လိုသွားတယ် ဘယ်မှာတည်းလည်း ဘာတွေကျွေးသလဲဆိုတာတော့ မပြောတော့ဘူးနော်...။ ကမ်းခြေဆိုတော့ ပင်လယ်စာတွေကို အလျှံပါယ်စားရပါတယ်...။


မိုးငွေ့