ဒါ.... ကျမ... ကျမတို့ ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ပါ....။
အိမ်က နှစ်ထပ်အိမ် အရှေ့ပိုင်းကို ခေါင်မိုးမမိုးပဲ ဖလက်ခင်းထားတာပါ.....။ ငယ်ငယ်တုန်းက မိုးတွေရွာလာရင် လူကြီးတွေမသိအောင် တက်တက်ဆော့ခဲ့ဖူးတယ်...။ အိမ်ရှေ့က ကိုင်းကျလာတဲ့ ကုက္ကိုပွင့်တွေကို ခူးခူးဆော့ဖူးတယ် အဲဒီပေါ်ကနေ...။ အနောက်ဘက်မှာ အုတ်နံရံတစ်ချပ်ကျန်ခဲ့တယ် ..။ အဲဒီမှာ မြင်နေရတဲ့ ပြူတင်းပေါက်က အဖိုးရဲ့အိပ်ခန်းပဲ...။ ခုလိုအဖြစ်မျိုးမြင်ရတာ မယုံနိုင်စရာပါပဲ.....။ မနက်မိုးလင်းတိုင်း အဲဒီအဖြစ်အပျက်ကို အိပ်မက်တစ်ခုလိုပဲ ထင်နေမိတယ်...။ အဖြစ်အပျက်ညကများဆိုရင် တကယ်ရင်ဆိုင်နေရသူတွေ ဘယ်လောက်များ သွေးပျက်နေကြမလဲ...။ မြေကြီးကွဲအက် မြည်ဟီးသံ တိုက်ပြိုတဲ့အသံ လူတွေ အော်ဟစ်ငိုကြွေးနေမယ့်အသံနဲ့ တကယ့် လောက ငရဲပါပဲ.....။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို နှမြောတသ လွမ်းဆွတ်နေမိတော့တယ်....။ ပို့စ်တွေရေးတဲ့ အထဲမှာ ဒီပို့စ်ကိုရေးရတာ ရင်အနာဆုံးပဲ....။ ရင်ဘတ်ထဲ နုံးခွေနေတယ်...။ အခြားအခြားသော ရွာတွေမှာ ငလျင်ဒဏ်သင့်သူတွေ ပစ္စည်းအသုံးအဆောင် အစားအစာ သောက်ရေတွေလိုအပ်နေပါတယ်...။ အကယ်၍များ လှူဒါန်းလိုတယ်ဆိုရင် coralnyo@mail.com ကျမရဲ့ အီးမေးလ်လိပ်စာလေးကို ဆက်သွယ်နိုင်ပါတယ်....။ တာချီလိတ်မှာ ရှိတဲ့ ကျမမောင်လေးတစ်ဝမ်းကွဲက လိုအပ်မယ့် ပစ္စည်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးဖို့ကိုလဲ အကူညီတောင်းထားပါတယ်...။ လောလောဆယ်အချိန်မှာတော့ သူလည်း အိမ်ပြိုအိမ်ပျက်တွေရှင်းလင်းရေးမှာ လုပ်အားပေးကူညီနေပါတယ်...။ ရရှိလာမယ့် အလှူငွေ နဲ့ ပစ္စည်းများကို ဓါတ်ပုံနဲ့တကွ ကျမဘလော့ဂ်မှာ ပြန်တင်ပေးမှာပါ...။ ခုလို အလှူမျိုးကို တစ်ခါမှ မကောက်ခံခဲ့ဖူးပါဘူး...။ ခုက ကျမကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်တာကြောင့် တတ်နိုင်တာလေးကို လုပ်ပေးချင်တာပါ...။ ကုသိုလ်ဖြစ်ပါဝင်ချင်တဲ့ သူငယ်ချင်းတို့ကို နိုးဆော်လိုက်ရပါတယ်...။ နိုင်းနိုင်းစနေရဲ့ ပို့စ်မှာလဲ အလှူခံထားတာတွေ့ပါတယ်....။ နီးစပ်ရာ အလှူခံထည့်လို့ရပါတယ်...။ မြန်မာပြည်မှာ စိုင်း... စကာၤပူမှာ ဘွိုင်းဇ်.... အမေရိကားမှာ နိုင်းနိုင်းတဲ့....။
မိုးငွေ့



