Monday, 21 March 2011

မိုးငွေ့ရဲ့ မွေးနေ့အလှူဒါနလေး...

အနန္တမေတ္တာရိပ်မွန်က ကလေးလေးတွေ

အန်တီမိုးငွေ့ကျွေးတဲ့ ကြက်ဆီထမင်းကိုစားနေကြတာ





ကျမရဲ့ တစ်ဝမ်းကွဲညီမလေး လက်ဆောင်ပစ္စည်းတွေဝေပေးနေတာ



လက်ဆောင်ပစ္စည်းကိုယ်ဆီနဲ့



အိတ်ထဲမှာခဲတံ စာအုပ် မိုးကာအကျီ ထီး ကလေးသွားတိုက်ဆေး



ဆရာမဒေါ်ငိုက်ဇာကျင်းနဲ့အတူ


ထမင်းကျွေးပြီးအပြန်နှုတ်ဆက်ကြတာ...


တပေါင်းလပြည့်နေ့ ရုံးပိတ်ရက်လေးမှာ ကျမ ကလေးတွေဆီကို ကြက်ဆီထမင်းနဲ့ အချိုရည်ဗူးလေးတွေ ဒါနသွားပြုခဲ့ပါတယ်...။ ကျမညီမလေးကတော့ ကလေးတွေကျောင်းအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေ လှူခဲ့တယ်...။ နောက်...ခုနေတဲ့ အိမ်က အပြင်အဖီချထားတာ တာလပတ်မိုးနဲ့ပဲဆိုတော့ မိုးရွာရင်မိုးတွေယိုပါတယ် ပြီးတော့ ကလေးတွေထမင်းစားတဲ့ နေရာက တမံတလင်းဖြစ်နေတော့ အေးတယ် ဘုရားရှိခိုးလဲ ဒီနေရာ.... စာကျက်လဲဒီနေရာ.... အိပ်လဲ ဒီနေရာဆိုတော့ ကွပ်ပျစ်ကလေးလုပ်ချင်တယ်လို့ ဆရာမကပြောပြပါတယ်...။ ညီမတစ်ဝမ်းကွဲက လိုအပ်တာသူအကုန် လုပ်ပေးချင်တယ်ဆိုတော့ အဆင်ပြေသွားတယ်...။ နောက်တစ်ပတ်သွပ်မိုး မိုးပေးမယ် ကွပ်ပျစ်ရိုက်ပေးမယ်...။ ဆယ်တန်းဖြေထားတဲ့ ကလေးသုံးယောက်ကို စက်ရုံမှာ အလုပ်ခန့်ပေးမယ်....။ သိပ်ကို ကုသိုလ်ရတဲ့ အလုပ်ပါ....။ ကျမကတော့ ကိုယ်တိုင်ကိုယ်ကျ ကူညီဖို့ မတတ်နိုင်ပေမယ့် တကယ်ကူညီနိုင်မယ့်သူကိုတော့ ရှာပေးနိုင်ခဲ့လို့ ပီတိဖြစ်ရပါတယ်...။ မနှစ်ကတည်းက ကလေးတစ်ယောက် 15နှစ်ကောင်မလေး မွေးကတည်းကစအိုမပါလာလို့ ကလေးဆေးရုံမှာခွဲစိတ်ကုသစရိတ် အစအဆုံးကူညီပေးခဲ့တာလဲ အဲဒီညီမလေးပါပဲ...။ ကလေးမပုံကိုတောင် သီးသန့်မရိုက်ခဲ့မိဘူး...။ ကလေးတွေအများစုက မိဘမရှိကြတာမဟုတ်ဘူး မိဘတွေက အိမ်ထောင်ကွဲပြီး ကလေးကို တာဝန်မယူနိုင်ကြတော့လို့ လာပစ်ထားတာ ...။ တော်တော်ရင်နာဖို့ ကောင်းပါတယ်....။ ကျမအဲဒီကလေးတွေဆီကို စရောက်တုန်းကလိုပဲ ကျမညီမလေးကလဲ ကလေးလေးတွေကို သနားလို့တဲ့ မျက်ရည်ကျတယ်...။




တစ်ဝမ်းကွဲညီမလေးတစ်ယောက်ပို့ပေးလိုက်တာ
ကိတ်နာမည်လေးတွေကို ဘယ်ညာအပေးအောက်အစဉ်လိုက် ရေးပေးမယ်

Black Sesame Seed, Lime, Vanilla, Rainbow, Red Velvet and Chocolate



Sydney's Cup Cake ကိတ်သားကချောကလက် topping က
နှမ်းမဲတွေကိုကြိတ်ပြီး ထောပတ်နဲ့လုပ်ထားတာ မွှေးတေးတေးနဲ့စားကောင်းတယ်



ကွေ့သယို


မနက်ကလေထဲမိုးထဲ ဈေးထဲမှာ အဲဒီရွှေပဲညွှန့်ကိုထိုင်သင်နေခဲ့တာ
အဟဲ....ပိုက်ပိုက်ပေးစရာမလိုဘူး ရောင်းတဲ့အုပ်စိုးက
အလကားပေးလိုက်တာ
အမမွေးနေ့အတွက်စပွန်ဆာတဲ့
ဈေးထဲကအမတွေညီမတွေကို ဒံပေါက်ဝယ်ကျွေးဖြစ်တယ်



ကွေ့သယိုထဲထည့်မယ့်အစာပလာတွေ



ငရုတ်ကောင်းကြက်သားလုံးနဲ့ မုန်လာဥပြုတ်ရည်



အနန္တမေတ္တာရိပ်မွန်
အမှတ်(၁၉၄)၊ နဂါးနိုင်လမ်း၊ ၉ရပ်ကွက်၊
၇/၈ လမ်းဆုံ၊ မြောက်ဒဂုံ။
ဖုန်းနံပါတ် ၅၈၄၀၂၆



15 comments:

အဖြူရောင်နတ်သမီး said...

မမိုးရဲ့မွေးနေ့အလှူအတွက် သာဓု(၃)ကြိမ် ခေါ်ဆိုသွားပါတယ်..
အလွန်မွန်မြတ်တဲ့ အလှူဒါနလေးပါပဲ...။

kokoseinygn said...

အခုလိုမွန်မြတ်တဲ့ကုသိုလ်တွေကို
နောင်မွေးနေ့ပေါင်းများစွာတိုင်အောင်
အောင်မြင်စွာနဲ့ ဆင်နွှဲ နိုင်ပါစေ။

တောက်ပကြယ်စင် said...

မမိုးရဲ့မွေးနေ့အတွက် သာဓုခေါ်ပါတယ်နော် သာဓု၊ သာဓု၊ သာဓုပါ။ ကောင်းမှုအစုစုတို့ကြောင့် ယခုချိန်မှစ၍ နောင်နှစ်ပေါင်းများတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ပါစေတည်း...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Anonymous said...

အမရေ
အေးချမ်း မွန်မြတ်လိုက်တဲ့ မွေးနေ့ အလှုလေး။
သဘောလေးတွေကျလို့ အားကျအတုယူရင်း
ပီတိလေးတွေကို မျှဝေခံစားသွားတယ် မရေ။
အေးချမ်းပျော်ရွှင် အောင်မြင်ပါစေ။

rose said...

Happy Birthday, မမိုးငွေ့ !! အခုလို လိုအပ်တဲ့ နေရာလေးမှာ လှူဒါန်းပြီး မွေးနေ့ ကုသိုလ် ပြုလုပ်တဲ့ မမိုးငွေ့ အမြဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ လိုအင် ဆန္ဒများ ပြည့်ဝပါစေရှင်။

Han Kyi said...

ကောင်းသောမွေးနေ့အလှူဖြစ်တာမို့ သာဓုလှိုက်လှိုက်လှဲလှဲ ခေါ်ပါတယ် အသက်၁၂၀ရှည်ပါစေကြောင်းလည်း ဆုတောင်းလိုက်ပါရစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုးရဲ့ မွေးနေ့အလှူက ကြည်နူးပီတိဖြစ်ဖို့ကောင်းလိုက်တာနော်...
ခုလို ကုသိုလ်လုပ်ခွင့်ရတာ ကံကောင်းလိုက်တာ
ကြံစည်စိတ်ကူးအားလုံး ပြည့်စုံပါစေ စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိပါစေ မမိုးရေ
မျှဝေကုသလိုလ်ယူသွားပါတယ်

Cameron said...

ကျမမွေးနေ့လေးကို လာရောက်ဆုတောင်းပေးသွားကြတဲ့ သူငယ်ချင်းအားလုံးလဲ စိတ်ချမ်းသာလို့ကိုယ်ကျန်းမာကြပါစေ၊ ဘလော့မှာလည်း စာကောင်းများများရေးနိုင်ပါစေလို့..... ဆုမွန်ကောင်းထပ်တောင်းပေးလိုက်ပါတယ်...။

ချစ်ကြည်အေး said...

ညီမမိုးနဲ့ အမ အလှူလုပ်ခဲ့ပုံချင်းတူနေပြီ၊ ဓါတ်ပုံတွေ သိတ်မကြည်လို့ တင်ဖို့ စဉ်းစားနေတာ။ အမလည်း အဲလို အလှူကလေးတွေ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ရတာ သဘောကျတယ်...သာဓု ၃ကြိမ် ခေါ်သွားတယ် ညီမလေးရေ.....

Cameron said...

မကြီးက စစ်ကိုင်းမျက်မမြင်မှာလုပ်ခဲ့တာမဟုတ်လား...
တင်လေမကြီး... ဓါတ်ပုံဝါးတာကတော့စတိုလ်ပေါ့...

မိုးယံ said...

သာဓု သာဓု သာဓု ပါတော်... ဤသို့ သန့်စင်မွန်မြတ်လှူသော အလှူဒါနများ လက်နဲ့မပြတ်လှူနိုင်ပါစေရှင်။ အနာဂတ်ရဲ့ ကြယ်ပွင့်လို့ ဂုဏ်ရည်ရှိတဲ့ ကလေးတွေ ကောင်းကင်မဲ့နေတာကို စိတ်မကောင်းတော်တော်ဖြစ်ရပါတယ်။

Mya Mya said...

်အလှူနေရာလိပ်စာသိချင်ပါတယ်။

Cameron said...

အနန္တမေတ္တာရိပ်မွန်
အမှတ်(၁၉၄)၊ နဂါးနိုင်လမ်း၊ ၉ရပ်ကွက်၊
၇/၈ လမ်းဆုံ၊ မြောက်ဒဂုံ။
ဖုန်းနံပါတ် ၅၈၄၀၂၆

rose of sharon said...

ညီမလေးရယ်... မွေးနေ့မှာမွန်မြတ်တဲ့အလှုလေး လုပ်နိုင်တာ ကောင်းလိုက်တာ... ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါတယ်....

ရွှေရတုမှတ်တမ်း said...

မိုးငွေ့ရေ..ကိုကြီးလဲမအားလို့ ခုမှ မွေးနေ့ကိုရောက်တယ်..
မွေးနေ့အလှူ သာဓုခေါ်သွားပါတယ်ဗျာ..