Tuesday, 20 July 2021

နွေဦးတော်လှန်ရေး(၂၂).....









































ယုတ်မာမှုအပေါင်း ယုတ်နည်းမျိုးစုံ သရဖူဆောင်းထားတဲ့ စကစအာဏာရူးတွေ အမြန်ကျဆုံးပါစေ.....။


 ___________________________

Revolution will prevail 
မိုးငွေ့

Saturday, 17 July 2021

ကပ်ဆိုက်တဲ့အခါဘယ်လိုနည်းနဲ့ကာကွယ်ရမလဲ

 



ကပ်ဆိုက်တဲ့အခါ 


( ၁ ) ငါးပါးသီလ မြဲခြင်း

( ၂ ) အသားငါး စားသုံးမူ့နည်းခြင်း

 ( ၃ )ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ

      ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့ ။

ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ , ဒေါသ , မောဟတွေ များလို့ သဘာဝတရားကြီးက ရပ်တန့်သွားအောင် ပညာပေးတာ ။

ငါးပါးသီလ လုံခြုံအောင် စောင့်ထိမ်းခြင်းရဲ့ အကျိုးကို သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး ။

ကမ္ဘာလောကဓါတ်ကြီးဟာ သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ ။

ဘုရားရှင်တွေ မပွင့်တဲ့ အချိန် သာသနာပကာလမှာလည်း လူသားတွေ ငါးပါးသီလ လုံခြုံကြလို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့ နတ်တွေ စောင့်ကြပ်ပေးကြတယ် ။

အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ် ။ အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး။

လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲ တခြားလမ်းက သွားတယ် ။ အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ် ။ လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ် ။

ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ နည်းနည်းနောနောမဟုတ်ဘူး ။ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ် ။

ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့ အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ။

ဒါက လွဲချော်မှု  နံပါတ်တစ်  ပါ ။


 နံပါတ်နှစ် က

အသားငါး စားသုံးမှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး ။

ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ အသားငါး မစားရင် ကိုယ်ခံအား မကောင်းဘူး လို့ လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ် ။

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ် ။

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မရဘူး ။ အသားငါး စားထားသူဟာ အနံ့အသက် မကောင်းဘူး။အိမ်မက်ပေးဖို့မလွယ်ဘူး ။ နိမိတ်တွေပြဖို့ ခက်ခဲတယ် ။

အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီး သက်ရောက်စေတယ် ။

အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ် ။ ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ် ။ ဒါပေမယ့် သူတို့အနားကပ်လို့မရဘူး ။ 

အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာ။

ဒါက လွဲချော်မှု  နံပါတ် နှစ် ။


 နံပါတ် သုံး က ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့ တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက် ပရိတ်က အရံအတား မဖြစ်စေဘူး ။

ပရိတ်ရွတ်တဲ့ အခါ ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်

စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ် ။ ကပ်ဘေးကြောင့် လူတွေ သေကြတယ် ။

အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး , မြေဘုတ် , ပြိတ္တာတွေက လုယူစားသောက်ကြတယ်။ ဒါတွေကို ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။

ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖန်သူရဲ့ သီလ , သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ လူတွေကို မူးဝေအောင်လုပ်ကြတယ်။ ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။

ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့် ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့  အသံထွက် မှန်ရမယ် ယုံကြည်ရမယ်  ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံးချက်နဲ့ ညီရတယ်တဲ့ ။

ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်။ သိတာတောင် မယုံကြည်တဲ့သူက များတယ်။

ဒါက လွဲချော်မှု နံပါတ် သုံး  ပါပဲ။


အခုတော့ လက်ဆေးကြ , အပြင်မထွက်ကြနဲ့ ဆိုတဲ့ မျက်မြင်သဘော ကာကွယ်မူ့တွေပဲ တစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မမြင်နိုင်တဲ့ သဘောတွေနဲ့လည်း အခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေ ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေအတွက်ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့ အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့ ။


ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Credit.

(အဘီဓမ္မာပြန့်ပွါးရေးမှ)


#Alinပြန်လည်ဓမ္မဒါနပြုသည်

*နိဗ္ဗာန်နဿပစ္စယောဟောတု🙏


https://www.facebook.com/groups/422180825043177/?ref=share

https://www.facebook.com/groups/349494796316380/?ref=share

https://www.facebook.com/groups/971902613307340/?ref=share🙏🙏🙏🌹🌹🌹

Tuesday, 13 July 2021

ကူနိုင်သလောက်ပါ.....




 

🔴 COVID Positive ဆိုရင် (COVID ရောဂါကုသခြင်း)


1.  C-Vion ( Vitamin C 500g )တစ်နေ့  ၁ လုံး

(မည်သည့် Vitamin C ပါဆေးမဆို)

Vitamin C 1000 ဖြစ်အောင် ၂ ခါ သောက်ချင်လည်းရပါတယ် မနက် ၁ ည ၁ 


2.ImunActiv

တစ်နေ့ ၁ လုံး

ဒီကောင် က အနံ့ပြန်ရပြီးနေတာတောင် မှ ဆက်သောက်ရပါမယ် ကုသဖို့ နဲ့ ပြန်ကာကွယ်ဖို့ပါ

3.Becozinc (Zinc + Vitamin C)

တစ်နေ့ ၁ လုံး 

4.Alerday 120 

သူကတော့ ညဘက် ၁ လုံးသောက်ပါ 

5. Afrin (နှာခေါင်း အစက်ချဆေး) 

တစ်နေ့ကို ၃ကြိမ် သုံးနိုင်ပါတယ် 

နှာခေါင်းပေါက် တစ်ဖက်ဆီကို ၂စက်လောက်ချပေးပါ

6. ငှက်သိုက် တစ်နေ့ ၁ လုံးသောက်ပါ။

(သို့မဟုတ် BRANDS ကြက်ပေါင်းရည်) 

2လုံး သောက်ရန် မလို ဆီးချို တက်တတ် သည်။ 

7. ခြင် ကိုက် မခံရအောင်နေပါ။ 

8.ချွေးအရမ်း ထွက်တတ်ပါတယ် ဓာတ်ဆားရေ သောက်ပါ။

9. ကြက်ဥ တစ်နေ့ ၄ လုံးစားပါ။

အရေးအကြီးဆုံးအချက်က တော့ အစားကို ဝင်အောင်စားပါ တစ်နေ့ ထမင်း ၃နှပ် (မနက် / နေ့လည် / ည) ဝင်အောင်စားပါ အနံ့ပျောက်နေတော့ ဘာစားစားဝင်မှာ မဟုတ်ပါဘူး။ 

ကြက်စွတ်ပြုတ်ရည် လုပ်နိုင်လျှင်ကောင်းပါသည်၊ ဂျင်း၊ စပလင်ထည့်ပြုတ်ပီး ပူပူလေးသောက်ပေးပါ။


ကြိတ်မှိတ် စားပါ ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်ရတာ မို့လို့ အားရှိတာမှန်သမျှ အကုန်စားပါ...။


အသက်ရှု ကြပ်လာရင် အဓိက က မလန့်ဖို့ပါ

စိတ်ကို စုစည်းပါ ငြိမ်ငြိမ်လေး ထိုင်နေပါ အသက်ကို ပုံမှန်လေး ရှူသွင်းရှုထုတ် လုပ်ပါ....။

(ဖြစ်စဉ် တစ်ခုလုံး လန့်နေတုန်းလုပ်ရင် 50% လောက်သေဖို့ သေချာနေပါပြီ) မလန့်ပါနဲ့ 

Oxygen တွေ ရှားနေပြီ မို့ အတတ်နိုင်ဆုံး Oxygen မပါပဲ ဖြတ်သန်းရမှာပါ Oxygen ပဲ ကြပ်တိုင်း ရှုနေရင် Oxygen ဝယ်မရတဲ့ အခါကျ မတွေးရဲ စရာပါ။

🔻 မနက်ခင်း လေကောင်းလေသန့် ရူပေးပါ 

မနက်ခင်းနေရောင်ခံပေးပါ (၁၅ မိနစ်လောက်)

🔻 ရေသန့်များများသောက်ပါ၊ အဆုတ်ရောဂါကင်းစေဖို့ ရေများများသောက်ခြင်းဟာလည်းထိရောက်တဲ့လက္ခာတစ်ရပ်ပါ။ 

🔻 AirCon၊ ပန်ကာလေ၊ လေစိမ်းခံခြင်းမျိုး ရှောင်ကျဉ်ရန်။(အေးနေခြင်းသည် ရောဂါပိုးကိုအားပေးသည်။) 

🔻အိမ်တွင်းသီးသန့်နေထိုင်ပါ၊ သန့်ရှင်းမူရှိပါ၊လေ၀င်လေထွက်ကောင်းအောင် ပြတင်းပေါက်များဖွင့်ထားပါ။

🔻အိပ်ရေး၀၀အိပ်ပါ၊ တတ်နိုင်သမျှ မှောက်လျက်သာအိပ်ပါ၊ ဘေးစောင်းလှဲအိပ်ပါ၊ 

🔻 စိတ်ကျ၊ စိတ်ဖိစီးမှုကင်းဝေးပါစေ၊  Covid တစ်ခုလိုမခံစားပဲ သာမန်ဖျားနာခြင်းသာဟုတွေးပီး စိတ်နဲ့ကုသပေးပါ၊ ပျော်စရာများတွေးပါ။

🔻 အစားအသောက်မှန်အောင်စားပါ၊ ချိုလွန်းသော၊အရာများ ချောင်းဆိုးခြင်း၊‌ချွဲထခြင်းကိုအားပေးသောအစားအသောက်များ မစားရ။

🔻 တတ်နိုင်လျှင် အိမ်နေရင်းလည်း mask တပ်ထားပါ၊(မိသားစု၀င်များကူးစက်မခံရအောင်ပါ) မတပ်နိုင်ရင်တောင် ချောင်းချိုးလျှင်လက်ကိုင်ပဝါအုပ်ပါ။ 

(Covid စည်းကမ်းနဲ့အညီပြုမူနေထိုင်ပါ) 

နောက်ဆုံးအချက်ကတော့ စိတ်ပိုင်းဆိုင်ရာပါပဲ အများစုဟာ ဖြစ်လာပီဆိုရင် အားမလိုအားမရ စိတ်ပျက်၊ စိတ်ညစ်လာပီး ဘာမှမလုပ်ချင်မကိုင်ချင်၊ မစားချင်စိတ်တွေနဲ့ ဖြစ်လာမှာပါ။

ထိုသို့ဖြစ်နေရင်လည်းအနားက လူတွေကလည်း ပြောပြ၊ အားပေးပါ ခံစားနေရတဲ့ရောဂါကို အလေးမထားပဲ စိတ်နဲ့အနိုင်ယူပါ၊ ဒီရောဂါဟာ စိတ်နဲ့လည်းဆိုင်ပါတယ်။


စိတ်ဓာတ်ကျလာရင် ခန္တာကိုယ်ခုခံနိုင်မူတွေလည်းထိုးကျလာပီး မပျောက်နိုင်ပဲ တအိအိနဲ့သွားနေမှာပါ၊ ဒါကြောင့် စိတ်ဓာတ်မကျပါစေနဲ့ ကိုယ်စားစရာရှိတာစား၊ ဆေးသောက်မယ်၊ ကျန်းမာရေးစည်းကမ်းတွေနဲ့နေထိုင်မယ်၊ ဒါဆိုရင်တော့ အချိန်တစ်ခုဆိုရင်ပြန်ထူနိုင်ဖို့ သေချာနေပါပီ။

ဒါကြောင့် အနိုင်ယူတိုက်ကြပါစို့ 🙏🧡




🔴 လတ်တလော oxygen (အောက်စီဂျင်) ပြတ်တောက်မူများရှိနေသဖြင့် အလွယ်ကူဆုံး oxygen အနည်းငယ်ရလာအောင် နေထိုင်နည်းတွေကိုဖော်ပြလိုက်ရပါတယ်။ 

ဒီနေရာသို့၀င်ကြည့်ပါ။

https://www.facebook.com/100220108751687/posts/179186770855020/


COVID နဲ့ ပတ်သက်ပြီး volunteer ဆရာဝန်တွေ လိုင်းပေါ်က အခမဲ့ ကုသပေးနေတဲ့ Page တွေပါ။ 

သိရှိနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို အလွယ်တကူ မေးမြန်းနိုင်လို့ရပါတယ်။ 

လက်လှမ်းမှီသလောက် တင်ပေးလိုက်ပါတယ်။

🙏🙏🙏


မေတ္တာဖြင့် အခမဲ့ ကုသပေးတဲ့ဆရာ၀န်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

အမြန်ကျန်းမာကြပါစေ


🎁Charity C19 Call Center

https://www.facebook.com/CharityC19CallCenter/


🎁 ကိုယ်စိတ်ကျန်းမာ

https://www.facebook.com/ကိုယ်စိတ်ကျန်းမာ-354766471877471/


🎁 EZ Care

https://www.facebook.com/EZ-Care-101710902113175/


🎁 Online အခမဲ့ ဆေးခန်း

https://www.facebook.com/Online-%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7-%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-101495368869803/


🎁အသက်ရှု လေ့ကျင့်ခန်း သင်ပေးဖို့

https://www.facebook.com/thethninmoe.exercisephysiologist/


🎁တယ်လီကျန်းမာ - MoH, NUG of Myanmar 

https://m.facebook.com/telehealthmm/ 


🎁Yangon Medical Network 

https://www.facebook.com/yangonmedicalnetwork/ 


🎁 MFM_Covid_Telemed

https://t.me/MFM_Covid_Telemed 


🎁Healthy Tele Myanmar

https://www.facebook.com/Healthy-Tele-Myanmar-104697665227614/ 


🎁Teleclinic Mandalay 

https://www.facebook.com/Teleclinic-Mandalay-109108614778764/ 


🎁OnHealth - မေးလိုရာမေးကျန်းမာရေး

https://www.facebook.com/onhealth21/ 


🎁DR.Nay - GP - Home Visit

https://www.facebook.com/Dr-Nay-GP-Home-Visit-105741875089235/ 


🎁 University of Medicine - 2 12/2007 Alumni 

https://www.facebook.com/122007um2socialpunishment/ 


🎁O2 Myanmar

ဒါကတော့ အောက်စီဂျင် ကူရှာပေးတဲ့ Page ပါ ။

https://www.facebook.com/O2-Myanmar-104076671957275/ 


🎁Online အခမဲ့ဆေးခန်းတွေ စုစည်းမှု

https://m.facebook.com/story.php?story_fbid=260650352087306&id=100044270294535 


🎁သွားနှင့်ခံတွင်းရောဂါဝေဒနာများနဲ့ ပတ်သက်ပြီးတော့

Your MYOE - Your Dentist 

https://www.facebook.com/yourmyoe 


🎁 Better Health 

https://www.facebook.com/Better-Health-100797408886064/


🎁 Dr P Free Medical Consultation

https://www.facebook.com/Dr.PFreeMedConsultation/


Crd

#COVID19


Sunday, 11 July 2021

"ယုံကြည်မှုရဲ့စွမ်းအား"




#သေနတ်ကိုင်ဖို့နဲ့လူသတ်ဖို့ငြင်းဆန်ခဲ့တဲ့ စစ်သားတစ်ယောက်ဟာ 

#အမြင့်ဆုံးသူရသတ္တိဆုကိုရရှိခဲ့တယ်ဆိုရင် ယုံကြမယ်မထင်ပါ။


၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာအမေရိကန်သမ္မတထရူးမင်းက တပ်ကြပ်ဒက်စမန်ဒေါ့စ်ကို အမေရိကန်စစ်တပ်ရဲ့ #အမြင့်ဆုံးသူရဲကောင်းဆုဖြစ်တဲ့ Medal of Honor ကိုကိုယ်တိုင်ချီးမြှင့်ခဲ့ပါတယ်။

🎖️ Medal of Honor ဟာ အင်မတန်ရဲစွမ်းသတ္တိရှိပြီး တိုက်ပွဲမှာလူအများကိုကယ်တင်ဖို့ကိုယ့်အသက်ကိုစွန့်လွှတ်ဖို့ လုံးဝဝန်မလေးတဲ့ သေရွာပြန်သူရဲကောင်းမျိုးကိုမှ ရှားရှားပါးပါပေးတဲ့ဆုတံဆိပ်ပါ။ 

#သူ့ထက်မြင့်တဲ့ဆုတံဆိပ်မရှိတော့ပါ။ မြန်မာပြည်မှာအောင်ဆန်းသူရိယလိုဆုမျိုးပါ။

ထူးခြားတာက တပ်ကြပ်ဒက်စမန်ဒေါ့စ်ဟာ စစ်သင်တန်းဆင်းကတည်းက သေနတ်ကိုလက်နဲ့ထိဖို့တောင် ငြင်းဆန်ခဲ့ပါတယ်။

သူဟာ Conscientious objector တစ်ယောက်ဖြစ်ပြီး Seventh-day Adventist ပရိုတက်စတန့်ခရစ်ရှန်ဘာသာဝင်တစ်ယောက်ပါ။

ဒုတိယကမ္ဘာစစ်ဖြစ်တော့သူဟာ သင်္ဘောကျင်းလုပ်သားမို့ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရပါတယ်။ ဒါပေမယ့် တိုင်းပြည်အတွက်လိုအပ်တယ်လို့ယူဆပြီး မိမိဘာသာဗော်လန်တီယာလုပ်ကာ စစ်ထဲဝင်ဖို့စာရင်းသွားပေးပါတယ်။

စစ်တပ်ကိုစဝင်ကတည်းက သူဟာ Seventh-day Adventist  ဖြစ်ကြောင်း၊ #သေနတ်မကိုင်နိုင်ကြောင်းနဲ့လူမသတ်နိုင်ကြောင်း၊ အမြဲသက်သတ်လွတ်စားကြောင်းနဲ့ စနေနေ့မှာအလုပ်မလုပ်ပဲဘုရားဝတ်ပြုကြောင်း ကြိုအသိပေးထားခဲ့ပါတယ်။

ဒါပေမယ့် စစ်သင်တန်းရောက်တဲ့အခါမှာ သေနတ်ပစ်သင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် တပ်ခွဲရဲ့ချဉ်ဖတ်အဖြစ်ဝိုင်းသမတာခံခဲ့ရပါတယ်။

သူ့ကိုအပြတ်ချွတ်ဖို့ တပ်ခွဲဗိုလ်ကြီးကကြိုးစားခဲ့ပါတယ်။ ညဘက်အိပ်နေတုန်းဝိုင်းဝန်းကန်ကျောက်ထိုးနှက်ကြတယ်။

သူ့ကိုအိမ်သာဆေးခိုင်းတာမျိုး၊ သူများထက်အလုပ်နှစ်ဆခိုင်းတာမျိုး၊ သူများတွေနားချိန်မှာပေးမနားတာမျိုး၊ အပြင်ပေးမထွက်တာမျိုး၊ သူဖတ်နေတဲ့ကျမ်းစာအုပ်ကိုလွှင့်ပစ်တာမျိုး၊ စော်ကာမော်ကားပြောတာမျိုးစတဲ့ ဒုက္ခမျိုးစုံနဲ့ ဝိုင်းဖိအားပေးခဲ့ပေမယ့် #သူကသူ့ယုံကြည်မှုကိုလုံးဝမစွန့်လွှတ်ခဲ့ပါဘူး။

မျက်နှာတစ်ခုလုံးယောင်ကိုင်းနေအောင် ဝိုင်းသမတာခံရပေမယ့် သူ့ကိုဘယ်သူတွေလုပ်သလဲဆိုတာ လုံးဝမဖော်ခဲ့ဘူး။

အားလုံးဘယ်လိုပဲလုပ်လုပ် ဒက်စမန်ဒေါ့စ်ဟာ သူ့ရဲ့ကျမ်းစာအုပ်နဲ့သူ့ယုံကြည်ချက်ကို #လုံးဝလက်မလွှတ်ခဲ့ပါဘူး။

မင်းသေနတ်မကိုင်ပဲရန်သူကိုဘယ်လိုလို့နိုင်မလဲလို့မေးတဲ့အခါမှာ သူ့မှာအဖြေမရှိဘူးတဲ့။ ဒါပေမယ့် #သူ့ကိုယ်သူတော့ယုံတယ်တဲ့။ 

နောက်ဆုံးတော့သူ့ဟာဆေးတပ်သားအဖြစ် တပ်မဟာ ၇၇ မှာပဲတာဝန်ပြန်လည်ထမ်းဆောင်ရပါတယ်။

အားလုံးကသူရဲဘောကြောင်တဲ့အကောင်လို့ ဝိုင်းစော်ကားခဲ့တဲ့ ဒက်စမန်ဒေါ့စ်ဟာ ၁၉၄၄ ခုနှစ် ဂူအမ်ကျွန်းနဲ့ ဖိလစ်ပိုင်တိုက်ပွဲတွေမှာ အစွမ်းပြတော့တာပဲ။

Purple Heart (၃) ကြိမ်ရတယ်။ Bronze Star Medal နှစ်ကြိမ်ရတယ်။ အပေါ်ကနေ သူရသတ္တိအတွက် 'V' device လေးပါတင်ပေးထားတယ်။ တဒိုင်းဒိုင်းပစ်နေတဲ့ကြားကနေ ဒဏ်ရာရသူတွေကိုရအောင်တက်ဆွဲလို့ရတာ။

တကယ်ပွဲကြီးပွဲကောင်းက ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က မတ်ဆောက်နေတဲ့ Hacksaw Ridge ပေါ်ကဂျပန်စခန်းကိုတက်သိမ်းတဲ့ပွဲပဲ။

ဂျပန်ကလည်း သူ့မြေအိုကီနာဝါကျွန်းကိုအကျမခံနိုင်လို့ တက်မရတဲ့တောင်ပေါ်မှာခံတပ်အခိုင်အမာဆောက်ထားတယ်။

အဲ့ဒီ Hacksaw Ridge တိုက်ပွဲမှာ သူတို့တပ်ခွဲတစ်ခုလုံးအလွန်အထိနာပါတယ်။ အားလုံးတပ်ဆုတ်ပြီးပြန်ဆင်းသွားချိန်မှာ ဒက်စမန်ဒေါ့စ်ဟာ တောင်ပေါ်မှာကျန်ခဲ့ပြီး ဒဏ်ရာရတဲ့သူတွေ၊ မသေမရှင်ဖြစ်နေသူတွေကို တစ်ယောက်ခြင်းလိုက်ကောက်ပါတယ်။

ပြီးတော့တောင်စွန်းပေါ်ကနေအောက်ကိုကြိုးနဲ့ချပေးပါတယ်။ အဲ့လိုချပေးချိန်မှာတိုင်ကိုကန်ပြီး သူ့လက်တွေအပွန်းခံပြီးလူအလေးချိန်ကိုတောင့်ခံပြီးချပေးရတာပါ။

အဲ့ဒီမှာတောင်အောက်မှာဆေးလိပ်သောက်နေတဲ့ တပ်သားနှစ်ယောက်ကတွေ့သွားပြီး ချပေးတဲ့လူနာကိုဖြုတ်ယူကာယာယီဆေးရုံကိုပို့ပေးလိုက်ပါတယ်။

အဲ့လိုနဲ့ချချပေးရင်း တညလုံးမနားပဲ ဂျပန်တွေကိုပတ်ရှောင်ရင်း ရသမျှလူနာကိုတောင်စောင်းအထိထမ်းသွားကာ အောက်ကိုချချပေးသွားပါတယ်။  သွားရင်းနဲ့ ဂျပန်နဲ့တွေ့လည်းကယ်ချပေးတာ၊ ဆေးထည့်ပေးတာတွေလုပ်ပေးသွားပါတယ်။

သူကယ်တင်ပေးခဲ့တာ (၇၅) ယောက်လို့ပြောပေမယ့် တကယ်သူဆေးထည့်ပေးခဲ့တာ ၁၀၀ ကျော်ပါတယ်။ 

နောက်ဆုံးမှအောက်ကိုမဆင်းမဖြစ်လို့ ဆင်းပြေးခဲ့ရတာပါ။ 

အဲ့လိုတညလုံးအလောင်းပုံတွေထဲက ရှင်တဲ့သူရှိလိုရှိငြားလိုက်ရှာနေချိန်မှာ သူရေရွတ်တာက "အရှင်ဘုရား ... ကျေးဇူးပြုပြီးတစ်ယောက်လောက်ထပ်ပေးပါ။ တစ်ယောက်လောက်ပဲထပ်ပေးပါ" နဲ့  အားတင်းကာ တညလုံးရှာပြီး ကယ်သွားတာပါ။ 

Please Lord, help me get one more. Help me get one more!

လူသားဟာ မလုပ်နိုင်ဘူးထင်ပေမယ့်၊ တစ်ယောက်လေး၊ ခြေတစ်လှမ်းလေးနဲ့တိုးပြီး လုပ်သွားလို့ရပါတယ်။

Hacksaw Ridge ရုပ်ရှင်ရိုက်သူ မဲလ်ဂစ်ဘဆန်ရဲ့အပြောအရ Hacksaw Ridge တောင်ပေါ်မှာ ဒက်စမန်ဒေါ့စ်လုပ်ပေးခဲ့သမျှတွေကို လူတွေမယုံမှာစိုးလို့ အကုန်ထည့်မရိုက်ခဲ့ဘူးလို့ဆိုပါတယ်။ 

ဒက်စမန်ဒေါ့ဟာ စစ်သားတွေအတွက် အားကိုးရာ၊ ယုံကြည်အားထားရာဖြစ်လာခဲ့ပါတယ်။

နောက်တစ်နေ့ Hacksaw Ridge ကိုတက်ပြီးပြန်သိမ်းတော့ သူပါလိုက်ပေးဖို့တောင်းပန်ကြပါတယ်။

တချိန်ကသူ့ရဲ့ယုံကြည်မှုကိုပျက်ရယ်ပြုခဲ့သူတွေဟာ တိုက်ပွဲမစခင်မှာ သူဘုရားဝတ်ပြုဆုတောင်းနေတာကို အချိန်ပေးပြီးထိုင်စောင့်ခဲ့ကြပါတယ်။

ဒက်စမန်ဒေါ့စ်ဟာ အိုကီနာဝါကျွန်းပေါ်မှာ တိုက်ပွဲအတွင်းဒဏ်ရာလေးခါရခဲ့ပါတယ်။

နောက်ဆုံးတစ်ခါက သူ့လူတွေကိုကယ်ဖို့ ဂျပန်ကပစ်တဲ့လက်ပစ်ဗုံးကို ခြေထောက်နဲ့ကန်ထုတ်ဖို့ကြိုးစားရာက လက်ပစ်ဗုံးထပေါက်ပြီး သူ့ကိုယ်ခန္ဓာထဲကို ဗုံးစ (၁၇) စမှန်သွားခဲ့တာပါ။

ကိုယ်ကျိုးစွန့်ရင်း သေလောက်တဲ့ပေါက်ကွဲမှုမှာ အံ့ဩစရာကောင်းလောက်အောင်သူမသေခဲ့ပါဘူး။

လက်မောင်းကျိုးသွားခဲ့တာက ရုပ်ရှင်ထဲကလိုမဟုတ်ပဲ သူ့ကိုသယ်လာစဉ်မှာ ဂျပန်ကစနိုက်ပါနဲ့ပစ်တာခံခဲ့ရတာပါ။

သူ့ကိုအမြင့်ဆုံးသူရဲကောင်းဆုပေးရတာက တဒိုင်းဒိုင်းကျည်ဆန်တွေကြားနဲ့ မော်တာကျည်တွေတအုံးအုံးနဲ့ ကျရောက်ပေါက်ကွဲနေတဲ့ကြားထဲက ကိုယ့်တပ်သားတွေကို ကယ်တင်ခဲ့လို့ပါ။

သူ့ခြေထောက်နဲ့ကိုယ်လုံးမှာလက်ပစ်ဗုံးစ (၁၇) စစိုက်နေချိန်မှာ ဒဏ်ရာပြင်းထန်ပေမယ့်ဆေးတပ်သားကိုခေါ်ရင် ထိမှာစိုးလို့ သူ့ဟာသူဆေးထည့်ပြီး ၅ နာရီကြာစောင့်ပေးခဲ့ပါတယ်။

ဘဝမှာယုံကြည်မှုအရမ်းပြင်းထန်တဲ့အခါမှာ ထူးဆန်းစွာနဲ့ Will Power ရဲ့စွမ်းအားကိုရတတ်ပါတယ်။

ဒက်စမန်ဒေါ့စ်ဟာ လူသားဆန်စွာနဲ့ သေနတ်မကိုင်ပဲအပြောင်မြောက်ဆုံးသူရသတ္တိကိုပြသွားခဲ့ပါတယ်။ ရင်ဘတ်မှာဆုတွေတန်းစီနေတာပဲ။

ဘယ်လောက်ပဲတောင့်မခံနိုင်တော့သည်ဖြစ်စေ ဘယ်လောက်ပဲပင်ပန်းသည်ဖြစ်စေ ဒီတစ်ယောက်လေးတော့ငါရှာကယ်နိုင်ပါသေးတယ်၊ ဒီခြေလှမ်းတစ်လှမ်းတော့လှမ်းနိုင်ပါသေးတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့  ကယ်သွားခဲ့တာပါ။

အခက်အခဲအကြပ်အတည်းကြားမှာ #လူသားတို့ရဲ့လူသားဆန်လိုစိတ်နဲ့ #တောင့်ခံနိုင်စွမ်းအားကို ဒက်စမန်ဒေါ့ကပြသွားတာဖြစ်ပါတယ်။💯💯💯

ကျနော်တို့တစ်ရက်တော့တောင့်ခံနိုင်တာသေချာသေးတယ်။💯

ကျနော်တို့ ဒီတစ်တောင်တော့ကျော်နိုင်သေးတယ်။

ကျနော်တို့မှာပြင်းထန်တဲ့ယုံကြည်စိတ်မျိုးရှိဖို့ပဲလိုပါတယ်။

ဘုရားသခင်ဟာဇွဲသတ္တိရှိသူတွေကို ကြီးမားတဲ့ဆုလဒ်တွေပေးသနားစမြဲပါ။💯

Crd


အခု ကျွန်မတို့နိုင်ငံမှာဖြစ်ပျက်နေတာတွေနဲ့ ပြောင်းပြန်အချိုးကျသောပို့စ်တစ်ပုဒ်.....


_______________________

Revolution will Prevail

မိုးငွေ့


Friday, 9 July 2021

Thai Series OST.....

 

Plead OST


Plead ဆိုတဲ့ကားလေးက Bangkok stories တွေထဲက ဇာတ်ကားတစ်ကား  အရင်က ဒီပို့စ်မှာ တင်ခဲ့ဖူးပါတယ်...။ အခုတလော အဲဇာတ်ဝင်သီချင်းလေး နေ့တိုင်းနားထောင်ဖြစ်နေလို့ ပြန်တင်ပေးတာ....။ မှတ်မိသလောက်က ဒီသီချင်းရဲ့ မူရင်းအဆိုရှင်က ထုံးချိုင်းပါ....။ ဒီဇာတ်လမ်းတွဲအတွက် Slow ပုံစံ ဗားရှင်းအသစ်နဲ့ တရုတ်ရိုးရာ တီးလုံးနောက်ခံပြောင်းပြီး အမျိုးသမီးအဆိုရှင်တစ်ယောက်က ပြန်ဆိုထားတာ....။ ဗားရှင်းအသစ်လဲ တစ်မျိုးနားထောင်ကောင်းတယ်....။ တခါတလေ ဗားရှင်းအသစ်တွေဟာလဲ မူလသီချင်းထက်ပိုကောင်းသွားတတ်တာရှိပါတယ်....။ 



မင်းအနားနီးဖို့ အသစ်တဖန်ပြန်လည်မွေးဖွားပါရစေ



ဒီကားလေးလည်းအရမ်းကောင်းတယ် ဇာတ်ကားနာမည်က "Kor Kerd Mai Klai Klai Ter" ထိုင်းလိုပဲရေထားတာ...။ အဓိပ္ပါယ်က "မင်းအနားနီးဖို့ အသစ်တဖန်ပြန်လည်မွေးဖွားပါရစေ"တဲ့.....။ မင်းသားက အဆိုတော် တေးရေးဆရာ သရုပ်ဆောင် Two Popetorn .. ။  ဒီကားရဲ့ OST က သူကိုယ်တိုင်ဆိုတာ ....။ သီချင်းနှစ်ပုဒ်ပါတယ်....နောက်တစ်ပုဒ်ကျတော့ နာမည်ရပြီးသား တရုတ်ထိုင်းစပ် တက်သစ်စအဆိုတော်မင်းသား Tor Thanapob Leeratanakajorn ပဲဖြစ်ပါတယ်....။ သူတို့ထိုင်းမင်းသား မင်းသမီးတွေနာမည်က အသံထွက်ရတာခက်တယ်...။ nick name တွေကိုပဲခေါ်ကြတာများတယ်....။ မြင်သာအောင်ပြောရရင် တီဗီမှာ နေဗီယာမျက်နာသစ်ဆပ်ပြာကြော်ငြာတဲ့ မင်းသား အသားဖြူဆွတ်ဆွတ် အရပ်ရှည်ကိုင်းကိုင်းနဲ့ မျက်ရစ်မပါတဲ့ နှုတ်ခမ်းထူထူနဲ့ကောင်လေး....။ မင်းသမီးက ရုပ်ရှင်မရိုက်တာ ရှစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ဟိုအရင်ချိန်တွေတိုင်းက တီဗီဇာတ်လမ်းတွဲမှာ နာမည်ရပြီးသား Aff-taksaorn ဖြစ်ပါတယ်....။ ဒီဇာတ်လမ်းလေးထဲမှာ Two Popetorn နဲ့ Aff က ချစ်သူတွေ .....ပြီးတော့နှစ်ယောက်လုံးက လေယာဉ်မောင်းတွေ....။ တစ်နေ့ကျ Two က ကျွန်းတစ်ကျွန်းမှာ လျှို့ဝှက်လုပ်နေတဲ့ ဆေးသုတေသနတစ်ခုအတွက် လေယာဉ်အကြိုပို့လုပ်ပေးရင်း မသမာသူတွေရဲ့လုပ်ကြံခံရပြီး သေဆုံးသွားပါတယ်....။ တကယ်က သေမင်းတမန်က အချိန်မရောက်သေးဘဲ ၂၃နှစ်စောပြီး မှားခေါ်သွားမိတာ....။ နတ်ပြည်မှာ အဲဒီအမှားအတွက် သူ့ကိုလူပြည့်ပြန်ပို့လိုက်ပါတယ်...။ အဲမှာ သူက သူ့သားလေးနဲ့ရွယ်တူ သူ့သားရဲ့ အခင်ဆုံးသူငယ်ချင်းအဖြစ်ပြန်မွေးဖွားလာခဲ့တယ်....။ Aff နဲ့ အသက်၂၃နှစ်ကွာတဲ့ ကောင်လေးနဲ့ နောက်ထပ် အချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတယ်....။ 

ထိုင်းဇာတ်လမ်းတွေကြိုက်တယ်ဆိုတာ သူ့တို့ဇာတ်လမ်းတွဲတွေက ဇာတ်လမ်းမထပ်ဘူး ဇာတ်ညွှန်းကောင်းတယ် ဆန်းသစ်တယ်...။ ကိုရီးယားကားတွေလို ကင်ဆာဖြစ်မယ် မယားကြီးမယားငယ်ပြဿနာတွေ ကလေးချင်းလဲတာ ဒီအင်အေတွေပြန်စစ်တာ အဲဒါတွေနဲ့ထပ်မနေဘူး....။ ဇာတ်လမ်းတွေအများကြီး ကြည့်ခဲ့တာ တကားမှ ဆင်တူရိုးမှားမရှိသေးဘူး.....။ အဲဒါကြောင့် Night Owl ဖြစ်နေတာ မဆန်း....။  အထူးသဖြင့် Channel 3 နဲ့ One31 မှာအများဆုံးကြည့်ဖြစ်တယ်....။ အဲလိုင်းကလွှင့်တဲ့ကားတွေ အကုန်လုံးနီးပါးကောင်းတယ်....။ ထိုင်းဇာတ်လမ်းတွဲကြည့်ဖြစ်တယ်ဆိုတာ ထိုင်းစကားနားလည်လို့လည်းပါတယ်....။ ငယ်ငယ်တုန်းက တာချီလိတ် မယ်ဆိုင်နယ်စပ်နဲ့နီးတော့ တီဗီကြည့်ရင် ထိုင်းကလွှင့်တဲ့ ဇာတ်လမ်းတွေပဲကြည့်ရတာကိုး....။ အဲဒါကြောင့် သူတို့စကား သူတို့လေသံတွေကို နားယဉ်နေတာ....။ သူတို့တီဗီမှာက ဘယ်နိုင်ငံက ဇာတ်ကားပြပြ အကုန်လုံး ထိုင်းလိုပြောတာ...။ Club Friday တို့လို့ တကယ့်အဖြစ်ပျက်ကိုအခြေခံပြီးရိုက်တဲ့ ဇာတ်လမ်းတွေလည်း သိပ်ကြည့်လို့ကောင်းတယ်....။ Club Friday the series 8: True Love or Sympathy  နဲ့ Club Friday the series 10: Kwarn Lub  အဲဇာတ်လမ်းတွဲကို You tube မှာပြန်ရှာကြည့် Two Popetorn ရဲ့ ဇာတ်ကားကောင်းလေးတွေ....။ The Series:8 မှာ FM Radio တစ်ခုက သီချင်းတောင်းအစီအစဉ်မှာ VJ လုပ်ပေးရတဲ့ မျက်မမြင်အဖြစ်သရုပ်ဆောင်ရတာ...။ နောက်တစ်ခုက Gay အဖြစ်သရုပ်ဆောင်ရတာ....။ 



My Forever Sun Shine OST



My Forever Sun Shine မှာ Ep.19 ပိုင်းရှိတယ်....။ Cast တွေက Mark Prin Suparat နဲ့ Kao Supassara Thanachart  တို့ဖြစ်တယ်....။ မင်းသား Mark Prin က မြန်မာပြည်မှာ FB Fan page ရှိပြီးသား....။ ဒီကားလေးက Romance Drama ပါ...။ ကိုယ်ချစ်တဲ့သူတွေ အနားမှာတစ်ယောက်မှမရှိတဲ့အခါ ဘဝကို ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ကြံ့ကြံ့ခိုင်ရင်ဆိုင်နေထိုင်သွားရတယ်ဆိုတာလေးကို Kao ရဲ့ သရုပ်ဆောင်ချက်တွေမှာ ပီပီပြင်ပြင် မြင်ရမှာပါ....။ အချစ် အလွမ်း နဲ့ ဘန်ကောက်မြို့မဟုတ်တဲ့ သဘာဝရှုခင်းတွေ တောတောင်ရေမြေအလှအပတွေကို အများကြီးခံစားကြည့်ရှုနိုင်တဲ့ စီးရီးတွဲကောင်းတစ်ခုလဲဖြစ်ပါတယ်....။ ၂၀၂၀ ခုနှစ်မှာ rate များများရခဲ့တဲ့ ကားလေးလဲဖြစ်တယ်....။



Krachao Seeda Ost



2021 မှာ လူကြည့်အများဆုံး rate တက်နေတဲ့ Krachao Seeda ထိုင်းစီးရီးတွဲ ခုတော့ COvid တတိယလှိုင်းဖြစ်နေလို့ ရိုက်ကူးရေးဆက်မလုပ်နိုင်တာနဲ့ ရပ်ထားရပါတယ် Season 1 , Season 2 နှစ်ပိုင်းကွဲသွားတာပေါ့လို့ ထိုင်းပရိတ်သတ်တွေကို ဇာတ်လမ်းထဲက မင်းသား မင်းသမီးတွေက ရယ်စရာပြောနေကြတယ်...။ ဒီဇာတ်လမ်းတွဲမှာ ကျွန်မလောလောဆယ် အရမ်းကြိုက်ပြီး စိတ်ဝင်စားနေတဲ့ မင်းသား Got Jirayu ပါတယ်လေ....။ Cast တွေက Danish နဲ့ ထိုင်းကပြားမင်းသား Peter Corp Dyrendal မင်းသမီးက Nune Woranut နဲ့ ဒုတိယ မင်းသားမင်းသမီးတွေကတော့ Got Jirayu နဲ့ Green Ausadaporn တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်....။ GMM One 31 လိုင်းကနေ့ တစ်ပတ်မှာ ဗုဒ္ဓဟူး ကြာသပတေးနှစ်ရက်ပဲ လွှင့်ပါတယ်....။ ခုတော့ Covid-19 ကြောင့် ရိုက်ကူးရေးတွေပိတ်ထားရတာနဲ့ ဆက်မလွှင့်နိုင်သေးဘူး...။ OST သီချင်းသီဆိုသူကတော့ ထိုင်းနိုင်ငံရဲ့ R&B ဘုရင်မလို့တင်စားကြတဲ့ Rose Sirintip ပါ...။ သူ့အသံက အေးချမ်းပြီး အလွမ်းဓါတ်ခံပါတဲ့အသံ လုံးဝ drama ဆန်တယ်....။


ခုအပြင်မှာ Covid-19 ကပွထနေတာ ကူးနေကြ သေနေကြတာ ပြင်သစ်မှာဆို စတုတ္ထလှိုင်းစဖြစ်နေပြီတဲ့ ဘုရား ဘုရား ကမ်းခြေမှာ လှိုင်းမစီးရဘဲ ကိုးဗစ်လှိုင်းပဲစီးနေကြရတာ တစ်ကမ္ဘာလုံးလဲ မျော့မျော့သာကျန်တော့တယ် ...။ ဂရုစိုက်ကြပါ မက်စ်တပ်ပါ လက်ဆေးပါ လက်ဆေးပါ လက်ဆေးပါ အပြင်ကို တတ်နိုင်သလောက်မသွားကြပါနဲ့ သွားပြီးပြန်လာရင်လဲ ရေမိုးချိုးခေါင်းလျှော်ပစ်လိုက်ပါ ရေနွေးသောက်ပေးပါ မနက်အိပ်ရာထရင် ဆီပလုတ်ကျင်းတာလုပ်ပေးပါ သွားမတိုက်ခင်ပေါ့ ခံတွင်းထဲ အာခေါင်ထဲအောင်းနေတဲ့ပိုးကောင်ရေတွေလျော့အောင် အဆုတ်ထဲမရောက်ခင် လုပ်ပေးပါ....။ ရှာလကာရည်ကို ရေရောပြီးတစ်ခွက်လောက်သောက်ပေး ဂျင်းပြုတ်ရည်လဲသောက်ပေး ချင့်ချိန်ပြီးလုပ်ပါ နေ့တိုင်းသောက်ပါများလဲ အပူကန်တတ်....။ ချွေးများများထွက်အောင် လေ့ကျင့်ခန်းတစ်ခုခုလုပ် အားရှိတာစားထား ချေးမများနဲ့ခုချိန်....။ ချစ်သောသူများအားလုံးကို ဒီကပဲမှာလို့ရတာ ကျန်တာ ကိုယ်လုပ်မှကိုယ်ရတာပါ....။ ကံအကူအနေနဲ့တော့ ရတနသုတ်ရွတ်ပေး နာပေးပေါ့....။ ကျွန်မတို့တော့ ရုံးနှစ်ပတ်ပိတ်လိုက်ပြီ ခုကစပြီး Stay at Home...။ ဆိုတော့ Stay Home ကာလလေးမှာ စိတ်ပျော်အောင် ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်ကားလေးတွေကြည်လို့ရအောင်လို့ ကျွန်မကြည့်ထားခဲ့ဖူးတဲ့ ထိုင်းစီးရီးတွေကို အမြည်းတင်ပေးထားတာ OST လည်း နားထောင်ကောင်းလို့....။ 


_________________________

Revolution will Prevail
မိုးငွေ့


Monday, 5 July 2021

COVID-19 တတိယလှိုင်း.....

 






နှာခေါင်းစည်းကို 

စျေးထိုးကျအောင် လုပ်တတ်တဲ့

မှော်ဆရာမကို လွမ်းတယ်......။


ကိုဗစ်တိုက်ပွဲမှာ ဗျူဟာသစ်တွေနဲ့

ရှေ့တန်းတိုက်စစ်မှူးကြီးတွေကို

လွမ်းတယ်.......။


ပစ္စည်းလား ငွေလား 

ဗော်လံဒီယာလား လိုချင်တာ

အကုန်ဖြည့်ပေးမယ့် We Love

အဖွဲ့ကြီးကို လွမ်းတယ်......။


ခရိုနီဘဲလား တိုင်ကွန်းဘဲလား

ဘာလားညာလား မသိ

လိုမယ့်အရေး အကုန်တွေးပြီး

ဖြည့်ဆည်းတတ်တဲ့ 

လူကြီးတွေကို လွမ်းတယ်.......။


ကူးတတ်တာလား

သေတတ်တာလား 

အန္တရာယ်များ မှာလား မသိ

PPE တွေ တကားကားနဲ့ 

ဗော်လံဒီယာ ညီကိုတွေကို

လွမ်းတယ်.......။


ကိုဗစ် စင်တာ ၊ PUI စင်တာ

ကွာရန်တင်း စင်တာ တွေမှာ

နေ့မှန်း ညမှန်း မသိ ၊ ရူးမိုက်စွာ

ပေးဆပ်ခဲ့သော ဆရာဝန်

သူနာပြု့နဲ့ ဗော်လံဒီယာတွေကို

လွမ်းတယ် .......။


ဘာလိုတာလည်း 

အကုန်လှူကြမယ် ဆိုပြီး

တန်းစီစောင့်နေတဲ့ 

အလှူရှင်တွေကို လွမ်းတယ် ......။


နိုင်ငံဆင်းရဲတာနဲ့ မလိုက်အောင်

စွမ်းခဲ့ဘူးကြလေသော ကမ္ဘာသိ

သူရဲကောင်းတွေကို လွမ်းတယ်......။


Crd



ကိုယ်အလေးချိန် လေးငါးခြောက်ပေါင်လောက်ပြန်တက်လာတယ်......။  အစားအသောက်ပုံမှန် အသွားအလာအနေအထိုင်ပုံမှန်ပဲ ဒါပေမယ့် မသိစိတ်က စိုးရိမ်ကြောင့်ကြပူပန်မှုတွေ ဖိစီးမှုတွေရှိနေမှန်းသိသာတယ်....။ ဒီလိုအခြေနေမှာ ကိုယ်စိတ်ကို အပေါ်ယံအေးဆေးဖြစ်အောင်နေနေပေမယ့် အတွင်းဖက်မှာ ကြိတ်ပြီးသောကတွေဖြစ်နေတာကိုတော့ ညာလို့မရဘူး.....။ ကပ်ကြီးအမြန်ဆုံးပြီးဆုံးပါစေလို့ ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး....။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေပါ ဂရုစိုက်ပါ အစားပုံမှန်စားပါ အားရှိအောင်နေပါ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ အအေးမခံပါနဲ့ ကိုယ်ခံအားတက်အောင် အရွက်ပြုတ်ရည်သောက်ပေးပါလေရှူလေ့ကျင့်ခန်းလုပ်ပေးပါ တရားထိုင်ပါ အိပ်ရေးဝဝအိပ်ပါ စိတ်ကိုပျော်ရွှင်အောင်ထားပါ(အတတ်နိုင်ဆုံးပေါ့ နှိပ်စက်နေတဲ့ လူတစ်စုရှိနေသေးသရွေ့).....မဖြစ်မနေလုပ်ရမှာကအပြင်ထွက်ရင်  Mask တပ်ပါ Face Shield တပ်ပါ မကြာခဏလက်ဆေးပါ လက်ဆေးပါ လက်ဆေးပါ.....။ ကိုယ့်ကိုချစ်တဲ့သူအားလုံး ကိုယ်ကချစ်ရသူအားလုံးကို စိတ်ပူလို့ ဒီကနေပဲ ဂရုစိုက်ဖို့ မှာချင်ပါတယ်...။ 


______________________

Revolution will Prevail

မိုးငွေ့


Friday, 2 July 2021

တေမိမိုး.....




ငိုလို့မရတဲ့ လူတစ်ယောက်ရဲ့

ရင်ထဲမှာ ဝမ်းနည်းစရာတွေ

ကုန်ခန်းသွားပြီ လို့

မင်း ထင်ရက်သလား ။


ငါသာ ကောင်းကင်ကြီး ဖြစ်ခဲ့ရင်

မိုးရေစက်တွေအဖြစ်....ရွာချလိုက်ချင်ပါရဲ့။


ကြည့်စမ်းပါဦး

မင်းကိုဆုံးရှုံးရတော့မယ်....ဆိုတဲ့အသိက

ရင်မချိအောင်  ခံစားလိုက်ရပုံများ

ဘာစကားမှ

ပြောမထွက်တော့ဘူးလေ။


သစ်ရွက် တစ်ရွက် ဖြစ်ခဲ့ရင်

ငါ ကြွေပြလိုက်ချင်တယ် ။


အိပ်မက်ထဲမှာ တွေ့ဖို့မဆိုထားနဲ့..

အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့ ..

ငါ့ရဲ့ညတွေဟာ 

မင်းကခုန်ဖို့အတွက်

အမြဲ နိုးထနေပါတယ် ။


မင်းကို နှုတ်ဆက်ဖို့

ငါရဲ့လက်တွေ ထုံကျင်နေသလို

မင်းရဲ့ ကျောပြင်လေးကို 

ငေးကြည့်ကျန်ရစ်ဖို့

ငါ့မျက်လုံးတွေ

ဝေဝါးနေရပြီ ။


အဲဒါ ..

မျက်ရည်တွေလားဟင် !!!


ဘာမှမပြောဘဲ 

ခံစားနေရသူချင်းအတူတူ

ကောင်းကင်ကြီးကမှ 

ရွာချခွင့်ရပါသေးရဲ့ ။     ။


မောင်လှမျိုး(ချင်းချောင်းခြံ)

[ကြေကွဲမှတ်တမ်း -(လုံးချင်းဝတ္တု )-မှ]