သင်္ကြန်ပိတ်ရက်ရှည်တုန်းက ခြံစည်းရိုးနားကပ်ပေါက်နေတဲ့ နွယ်ပင်က ပန်းလေးတွေလှလို့ ခူးပြီး ပန်းအိုးထိုးကြည့်တာ....။ ကျမအညံ့ဖျင်းဆုံးအလုပ်က ပန်းအိုးထိုးခြင်းပဲ....။ ပန်းအိုးကို သပ်သပ်ရပ်ရပ်ပုံစံကျကျထိုးဖို့ ဝါသနာမပါသလို ထိုးလဲမထိုးတတ်ဘူး...။ အခုပုံတွေလိုမျိုးပေါက်တက်ကရထိုးတာတော့ အဆင်ပြေတယ်..။ သဘာဝကျကျ အရိုင်းဆန်ဆန်လေးပေါ့...။ ဘာရယ်မဟုတ် ပျင်းလို့ လုပ်ကြည့်တာ မီးဖိုချောင်ဝင်ရင်း ပြူတင်းပေါက်ကလှမ်းကြည့်တော့ နွယ်တက်နေတဲ့ ဘာပင်မှန်းမသိတဲ့ အပင်က ပန်းရောင်အပွင့်သေးသေးလေးတွေက လှလွန်းလို့ လျှောက်လုပ်ကြည့်လိုက်တာ...။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment