2/2/2023 မှာတင်ထားတဲ့ မချစ်ပို့စ်ကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုမှန်ထဲပြန်မြင်ရသလိုပဲ....။ ကျမနဲ့မချစ်က ရာသီခွင်မတူပေမယ့်မွေးတဲ့လတော့တူတယ်....။ အမူအကျင့်စိတ်နေစိတ်ထား အလွန်အန်မတန်နီးစပ်ကြတယ်လို့ ယူဆလို့ရတယ်...။ Sister from another mother တွေပေါ့....။
မချစ်ရေးထားတာလေးပဲ ပြန်ယူပြီးရေးပြရမယ်ဆို.....
ကျမက ခေါင်းမာတယ်...
အမှားအမှန်ဆိုတာကို လူတွေဆုံးဖြတ်တဲ့အတိုင်း မလိုက်နာချင်သူ
ကိုယ်လုပ်ချင် ဇွတ်တိုးလုပ်တတ်သူ
လမ်းချော်သွားလည်း လမ်းမှန်ပေါ်ပြန်မတက်ဘဲ ချော်တဲ့အတိုင်း ကိုယ်ကြိုက်ရင်ဆက်လျှောက်တတ်သူ..
ကျမရဲ့အားနည်းချက်ကလည်း ကိုယ့်ကိုယ်ကို အပြစ်တင်တတ်သူပဲ
အားနာတတ်တယ်, ယုံလွယ်တယ်, ကိုယ်လုပ်ချင်ပြီဆို သာတယ်နာတယ် မတွက်တော့ဘူး...။
ဒီလိုနဲ့ များလာတဲ့ ဒဏ်ရာတွေကို ကျေကျေနပ်နပ်ပဲလက်ခံလိုက်တယ်...။
ပြန်ပြင်လို့ရမယ့် အတိတ်ကိုပြန်သွားလို့ရမယ်ဆိုရင်တောင် I Say No ပဲ....။
တခါတလေ မာနကြီးချင်တယ် အထူးသဖြင့် ချစ်ရတဲ့သူတွေအပေါ် မာနထားတတ်ချင်တယ်...
CKA ပြောသလိုပဲ ရယ်စရာပဲဖြစ်ဖြစ်သွားတဲ့ စိတ်ကူးတစ်ခုမျှပါပဲ ဘာလို့ဆို
ကျမလေ....
ကျမက ကျမဖြစ်နေလို့ပဲ...
အခါပေါင်းများစွာ သဘောကောင်းရတာ လွယ်ပေးလိုက်ရတာတွေဟာ ကိုယ့်တန်ဖိုးကို သူများချနင်းဖို့ ခင်းပေးလိုက်ရတာမျိုးဖြစ်တတ်တာလေ မဟုတ်လား...။
ပန်းဖြစ်ရမယ်ဆို ရနံ့မမွှေးလည်း ဆူး သို့မဟုတ် အဆိပ်တော့ ရှိချင်တယ်....။
Revolution will prevail
မိုးငွေ့
1 comment:
ဟုတ်တယ်နော် မချစ်တို့တွေ တူတာလေးတွေ များတယ်၊ ညီမမိုးနဲ့ စတွေ့ဖူးကတည်းက အဲလိုခံစားရတယ်၊ ကိုယ်နဲ့တူတဲ့ညီမတယောက်လို့....။
Post a Comment