Wednesday, 25 January 2023

မြင်နေခွင့်လေး.....


ကိုအောင်ဖြိုးရဲ့ အောင်မြင်ခဲ့သော မြင်နေခွင့်လေး



ကျနော်ဒီသီချင်းကို နားထောင်ဖူးတာကြာလှပြီ ကြိုက်လည်းအရမ်းကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပေါ့...။ မူရင်းအဆိုတော်အောင်ဖြိုးရဲ့အသံကလည်း အသံလုံးကြီးအားကောင်း ကြည်လင်ပြတ်သားတော့ ဘာမှပြောစရာမရှိ သီချင်းစာသားဘာညာကလည်း အကုန်ကောင်းပြီး ပြည့်စုံတဲ့ သီချင်းတစ်ပုဒ်ပါပဲ...။

ခုနောက်ပိုင်း Sound Cloud မှာပဲ သီချင်းနားထောင်နေဖြစ်တော့ The Zero  cover ပြန်ဆိုတာလေးနားထောင်လိုက်ရတယ် သူတို့အဖွဲ့ သူတို့စတိုလ်နဲ့ပြန်ဆိုတာလည်း ကောင်းတာပဲ တစ်မျိုးဆီကြိုက်တယ် ကျနော်ကတော့...။

The Zero ရဲ့ သီချင်းတွေကို ကျနော် ရှေ့ပိုင်းမှာ တင်ထားခဲ့ဖူးပါတယ်....။ ခုနောက်ပိုင်းဆယ်စုနှစ်မှာထွက်လာတဲ့ အဖွဲ့တွေထဲက သီချင်းကောင်းတွေကို ဖန်တီးပေးနိုင်တဲ့ လူငယ်လက်သစ်အဆိုတော်အဖွဲ့လို့ဆိုရမယ်...။

မြင်နေခွင့်လေးရရုံနဲ့ကျေနပ်တယ်ဆိုတာ ဝတ္ထုတွေထဲမှာ သီချင်းတွေထဲမှာပဲရှိမယ်ထင်တယ်....။





 The Zero ရဲ့ မြင်နေခွင့်လေး Cover



_________________
Revolution will prevail
မိုးငွေ့



No comments: