Thursday, 5 January 2023

2023.....

 



2023 ကိုအားလုံးမျှော်လင့်နေကြတယ်....။

ကျနော်လည်း မျှော်လင့်တယ်....

ဘာကိုမှန်းမသိတဲ့အရာတွေကို....။ 

တခါတလေစဉ်းစားကြည့်တယ် "ငါဟာ ... သူများတွေအတွက်...ပြဿနာကောင်ဖြစ်နေပြီလား"လို့ အဲလိုဆိုရင်တော့ပြဿနာပဲ

နေရမှာက အချိန်တိုတိုလေးပဲ.... ကျနော်ခုနောက်ပိုင်း ကိုယ်ဖြစ်ချင်လုပ်ချင်တာကိုပဲ ဦးစားပေးလုပ်ဖြစ်တယ်... ကိုယ့်ကိုယ်ကိုပိုချစ်အောင်နေတယ် ကြီးတော်နွားကျောင်းရတဲ့ ကာလကိုဖြတ်သန်းလာခဲ့ရတာများပြီလေ....။

2022 ကတည်းကစဉ်းစားထားတာက....

"My goal for the next year is just to fall back in love with myself" ဆိုတာပဲ....

ကိုယ်ပျော်အောင် ကိုယ့်ကိုယ်ကိုများများချစ်မယ်...။

အလုပ်လုပ်မယ်......

အလုပ်လုပ်မယ်....

အလုပ်လုပ်မယ်....

မသေမချင်းတော့ အလုပ်လုပ်နေရဦးမှာပဲ.....။ ပြီးရင် quality time တွေကို ကောင်းကောင်းအသုံးချရမယ်...။

လိပ်ပြာတစ်ကောင်ကို ရှာဖွေတွေ့ရှိဖို့အတွက် ကျနော်အသက်ရှင်ရဦးမယ်....။


_____________________
Revolution will prevail
မိုးငွေ့


No comments: