နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ငါးပါးသီလ လုံခြုံ အောင် စောင့်ထိန်းပါ
လူတွေ ဆိုရင်
အနည်းဆုံး ငါးပါးသီလကို
လုံခြုံအောင် လုပ်ရမယ်။
ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။
တစ်ပါးမှ လျော့လို့ မရဘူးနော်။
ငါးပါးသီပြည့်စုံမှ လူ့ဘဝပြည့်စုံမယ်။
အဲဒါကို နည်းနည်းလောက်
ပြန်စဉ်းစား ကြည့်ရအောင်။
လူတစ်ယောက်ဟာ အရင်ဘဝတုန်းက
ငါးပါးသီလက လေးပါးလောက်ကို
ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်နော်။
အဲဒီထဲမှာ ပါဏာတိပါတကံကို
မလုံခြုံ ခဲ့ဘူးဆိုရင်
လူ့ဘဝရောက်လာတဲ့အခါမှာ
ချမ်းချမ်းသာသာဖြစ်ပေမယ့်လို့
အသက်တိုမယ်။
ပါဏာတိပါတကံ မလုံခြုံ ခဲ့ ရင်
လူဖြစ်လာတဲ့အခါမှာ အနာရောဂါများမယ်။
အသက်တိုမယ်။
ဒါက အပေါ့ဆုံး အပြစ်နော်။
ငရဲကျတာ မကျတာ အသာထားနော်။
ငါးပါးသီလရဲ့အပေါ့ဆုံးအပြစ်က
ဒီအထိအောင် ခံရမယ်။
အာဒိန္နာဒါနကံ မလုံခြုံ ခဲ့ ရင်
ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့။
ခဏခဏ ပျက်စီးသွားမယ်။
မီးလောင်တဲ့အထဲ ပါသွားမယ်။
ကိုယ်ရဲ့ပစ္စည်းဟာ အမြဲတမ်း ပျက်စီးနေမယ်။
နောက်တစ်ခု ကာမေသု မိစ္ဆာစာရ ကံ
မလုံရင် လူမုန်းများတယ်။
သူနဲ့ဘယ်သူမှ မတည့်ဘူး။
သူ့မျက်နှာမြင်တာနဲ့ အလိုလို မုန်းလာတယ်။
အခြောက်တိုက် မုန်းတာမျိုးပေါ့။
နောက်ပြီးတော့ ကျား မဟုတ်
မ မဟုတ် ဖြစ်တတ်တယ်။
မုသာဝါဒ ကံ မလုံရင်
သူ့စကားကို မယုံကြတော့ဘူး။
သူပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ
မယုံကြည်တဲ့အခါ
သူ့ရဲ့စကား အရာ မရောက် ဖြစ်တယ်။
ဒါကြောင့် မုသားဆို ရယ်စရာအနေနဲ့တောင်
မပြောဘဲ ရှောင်ကြဉ်သင့်တယ်လို့
မြတ်စွာဗုဒ္ဓ ဟောကြားထားတယ်။
သုရာမေရ ကံ မလုံခြုံ ခဲ့ တဲ့ သူဟာ
ဖြစ်ရာဘဝမှာ ဦးနှောက် မပြည့်ဘူး။
ကျပ်မပြည့်ဘူး ပြောကြတယ်။
ရူးနှမ်းနှမ်း ဖြစ်တတ်တယ်။
ဒါကြောင့်
လူတွေရဲ့အခြေခံသီလဖြစ်တဲ့
ငါးပါးသီလလောက်ကို လုံခြုံအောင်
စောင့်ထိန်းသင့်တယ်။
ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး။
လူရယ်လို့ ဖြစ်လာတဲ့အခါမှာ
အသက်ရှည်ရမယ်။ ကျန်းမာရမယ်။
အနာကင်းရမယ်။ ပစ္စည်းဥစ္စာ ရှိရမယ်။
လူချစ်လူခင်ပေါများရမယ်။
ဥာဏ်ပညာပြည်စုံရမယ်။ သြဇာရှိရမယ်။
ရူးနှမ်းနှမ်းမဟုတ်ပဲ တည်ကြည်သူဖြစ်ရမယ်။
ငါးပါးသီလ လုံခြုံရင် အဲဒီအကျိုးတွေ ရမယ်။
ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ ပြောလို့ရမယ်။
🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ
No comments:
Post a Comment