မင်းသမီးလေးက ရုတ်တရက်ကြည့်ရင် အွန်စောနဲ့ခပ်ဆင်ဆင်
Park Hee Soon ဆိုတာ ဒီဘဲကြီး
"My Name"(2021) K Series တွဲလေးကို ဖေ့ဘုတ်မှာတွေ့လို့ သူပေးထားတဲ့ လင့်နဲ့လိုက်သွားလိုက်တာ တယ်လီဂရမ်ကနေ ကြည့်လို့ရတာနဲ့ ကြည့်ဖြစ်သွားခဲ့တယ်....။ Netflix ရှိသူများတော့ ကြည့်ပြီးသားဖြစ်လိမ့်မယ်....။ Drama, Action, Thriller ကားလေးပါ....။ မူးယစ်ဆေးဂိုဏ်းနဲ့ ရဲတပ်ဖွဲ့ ဇာတ်လမ်းပါပဲ....။ ထုံးစံအတိုင်း ကျွန်မက မင်းသားချောချောလေးတစ်ယောက်ပါပေမယ့် တကယ်သဘောကျမိတာက Park Hee Soon သူက လူဆိုးဂိုဏ်းခေါင်းဆောင် သရုပ်ဆောင်အမူအရာ ဘာမှအပိုအလိုမရှိ သဘာဝကျ စမတ်ကျကျ သရုပ်ဆောင်သွားတာ သိပ်ကြိုက်တယ်....။ အထူးသဖြင့် ဆေးပြင်းလိတ်ကြီးခဲပြီး ဒေါသထွက်နေတဲ့အခန်းဆို အမိုက်ဆုံးပဲ....။ ဒီလောက်ပဲပြောတော့မယ် စိတ်ဝင်စားရင်ကြည့်လို့ရအောင် လာပြောပြတာ...။ Squid Games ကြည့်ပြီးကတည်းက ကျွန်မလဲ Thriller ကားတွေ ကြည့်ရဲလာပြီပဲ.......။ ဒီတစ်ခါတော့ ကျွန်မက(My Name) ဒီကားလေးကောင်းတယ် ကြည့်ကြည့်ဆိုပြီး ဟိုကလေးလေးကို ပြန်ညွှန်းတဲ့အလှည့်ပေါ့....။
My Name OST ဇာတ်နဲ့လိုက်ဖက်အောင် Hip Hop တို့ Soul တို့လို
Music အမျိုးစားတွေထည့်ထားတယ်
_____________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment