Hello December ❄️❄️❄️
Sweet December .... ပါ အိန်ဂျယ်ရေ ....
ဒီလိုမနှုတ်ဆက်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ.....။
ဒီနှစ်မှာ....,
ဒီဇင်ဘာဟာ အရင်လို မြူတွေမဆိုင်းတော့ဘူး....
ဒီဇင်ဘာဟာ အရင်လို နှင်းတွေမဝေတော့ဘူး.....
ဒီဇင်ဘာဟာ သောကအပူမီးတွေ ဒုက္ခတွေဝေနေလို့ အရင်လို မချိုမြိန်တော့ဘူး......
ဒီဇင်ဘာမှာ မတရားဥပဒေတွေနဲ့ အမေ့ကို အမိန့်ချမှတ်မယ့် နေ့တစ်ခုရှိနေတယ်....
ဒီဇင်ဘာမှာ အခန့်မသင့်ရင် နာမည်အသစ်နဲ့ ဧည့်သည်လဲရောက်လာနိုင်သေးတယ်.....
ဒီဇင်ဘာမှာ Receiver ကောင်းကောင်းရှိတဲ့သူတွေဆီကို လှိုင်းတွေပို့လွှတ်ဖို့ ခါတိုင်းတွေထက် စွမ်းအားတွေကို ပိုစိုက်ထုတ်ရမယ်....
ဒါကြောင့် ဒီဇင်ဘာမှာ စွမ်းအင်တွေကို ပိုစုဆောင်းရမယ်.....
ဘာပဲဖြစ်ဖြစ် ခါတိုင်းနှစ်တွေလို မချိုမြိန်တော့ပေမယ့်... ဒီဇင်ဘာဆိုတဲ့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလမှာ စေတန်ရဲ့စမ်းသပ်ချက်တွေအားလုံး အားလုံး အဆုံးသတ်နိုင်မယ့် လဖြစ်မယ်လို့ ယုံကြည်ပါတယ်.....။
Sweet December မှာ မျှော်လင့်ချက်တွေအားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်းပါတယ် ... ။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment