ခူးလိုက်တာတော့ နှင်းဆီပဲ...ဒါပေမယ့်
ဘယ်ဘက်လက်မှာ သစ္စာပန်း
ညာဘက်လက်မှာ ဗေဒါပန်း
မြူတွေကြားထဲ တိုးထွက်လာတဲ့
အလင်းအရိပ်လေးကိုကြည့်လိုက်တော့ ...
( ဟာ! ) ..... အမေ
လျှောက်လှမ်းလာတဲ့ အမေ့ခြေလှမ်းတွေဟာ
အရင်လို ပေါ့ပါးသွက်လက်စွာနဲ့
ကလေးတွေကြားမှာ ပြုံးပျော်နေလိုက်တာ
အမေ့အလုပ်စားပွဲမှာ
သစ္စာပန်းလေးထိုးထားပေးမယ်။
ဗေဒါပန်းကတော့ အမေ့ကိုပေးဖို့ ပြီးတော့ ...
ပန်းပေးရင်းနဲ့ နွေးထွေးစွာ
တင်းတင်းကြပ်ကြပ်လေး ပွေ့ဖက်မယ်လို့ ကြံရွယ်...
အမေပြန်လာလို့ ဝမ်းသာတယ် ` အမေ´...။
ဒေါင်းတောင်
4-3-2021
9:01 AM
ကဗျာမရေးတာကြာပြီဖြစ်တဲ့ ထာဝရစာဖတ်သူလေးဆီက ခွင့်တောင်းကူးယူထားတာပါ...တန်ဖိုးမဖြတ်နိုင်တဲ့ အမေ့အတွက်လှပတဲ့ နွေဦးကဗျာတစ်ပုဒ်ကို ဖန်တီးပေးခဲ့လို့ ကျေးဇူးအကြီးကြီးတင်ပါတယ်....:)
No comments:
Post a Comment