ရက်စက်မှုတွေက ကမ်းကုန်နေပြီဆိုတဲ့စကားလုံးနဲ့တောင် မလုံလောက်တော့ဘူး ...။ ဒီမနက်နိုးလာတာ သတင်းတွေဖတ်ရတာနဲ့ ရင်တွေကွဲရ နှလုံးသားတွေနာကျင်ရလွန်းပါတယ်...။ တော်လှန်ရေးရက်ပေါင်းလေးဆယ်ကျော်မှာ (၁၄.၃.၂၀၂၁ )ရက်နေ့ဟာ သူရဲကောင်းပြည်သူတွေ အသက်ပေါင်းများစွာပေးဆပ်ရတဲ့နေ့ အကျဆုံးအများဆုံးနေ့...။
အလှည့်ဆိုတာရောက်လာတော့မှာပါ ...အဲခါကျရင်အခုလုပ်ထားတဲ့လုပ်ရပ်တွေထက် အဆပေါင်း သိန်းသန်းမက တန်ပြန်ခံစားရမယ်....။ မရေမတွက်နိုင်တဲ့ ဘဝပေါင်းများစွာနဲ့ အဝီစိငရဲမှာခံစားရမယ်....။ နောက်လိုက်အပေါင်းပါများ ထောက်ခံသူများ လူပေါင်းများစွာကိုသတ်ဖျက် (ဒီလိုအမင်္ဂလာစကားလုံးကိုကျွန်မဘလော့မှာမရေးချင်ပါဘူး) ရိုက်နှက် နှိပ်စက်နေတာကို အားပေးအားမြှောက် ဝမ်းသာနေကြတဲ့သူတွေအားလုံး တန်ပြန်အကျိုးကိုခံစားစေရမယ်.....။
တိုင်းပြည်အတွက်ကိုယ်တတ်နိုင်သမျှ အဖက်ဖက်ကနေ ဝိုင်းဝန်းကူညီပေးကြပါ...။ အနည်းဆုံးကိုယ်ဟာ စစ်အကြမ်းဖက်လူသတ်ကောင်တွေကို အားပေးတဲ့သူမဟုတ်ဘူးဆိုတာကို လိပ်ပြာလုံစေချင်ပါတယ်....။
Revolution will prevail.....
မိုးငွေ့
#WhatsHappenInMyanmar
#RejectMilitaryCoup
#SaveMyanmar
ဒီနေ့ရန်ကုန်
No comments:
Post a Comment