အိမ်က ကလေးတွေကို ကယ်လိုက်တဲ့အိမ်ကမုတ်ဆိတ်တွေ အထူကြီးနဲ့ မူဆလင်အိမ်တဲ့ ...
မီးတွေလဲမှောင်နေပြီ......
သူတို့လဲခြေကုန်လက်ပမ်းကျလို့.....
ပိတ်မိပြီး မြေညီထပ်တွေနဲ့ အောက်ပိုင်းကအခန်းတွေက တံခါးတွေအားလုံးပိတ်ထားကြပြီ သူတို့သူငယ်ချင်းတွေက ဖမ်းမိလဲအတူတူဆိုပြီး တိုက်အပေါ်ဆုံးထိတက်ပြီး လှေကားလေးမှာထိုင်နေတုံး မုတ်ဆိတ်နဲ့လူကြီးက ရောက်လာတယ်.....။
ကလေးတွေကိုလာခေါ်တာ ကလေးတွေကလဲအားနာလို့ ဦးလေးတို့အဖမ်းခံရလိမ့်မယ် လာဖမ်းရင် ကျနော်တို့ အေးဆေးဘဲ လိုက်သွားလိုက်မယ်ပြောတော့ အဲ့လူကြီးက အခန်းထဲပြန်ဝင်သွားတယ်....။ ခနလောက်နေတော့ သူတို့လိုဘဲ ပိတ်မိနေတဲ့ ကလေးတယောက်နဲ့ အဲ့မုတ်ဆိတ်ကြီးနဲ့ အန်တီတယောက်ကပါလာခေါ်တယ်။
အဲ့ဒါနဲ့သူတို့လဲ အထဲလိုက်ဝင်သွားတော့ သူတို့လိုဘဲ အဲ့မှာပိတ်မိနေတဲ့ ကလေးဆယ်ယောက်ကျော်ရှိနေနှင့်တယ် ....။
သူတို့ရောက်တာနဲ့ မုတ်ဆိတ်နဲ့သူ့သားလေးက အဝတ်စားတွေထုတ်လာပေးတယ် တီရှပ်နဲ့ဘောင်းဘီတိုလေးတွေ အားလုံးကအသစ်ချည်းဘဲ သူတို့က အမျိုးသားဝတ် အဝတ်စားတွေ လက္ကားဒိုင်တဲ့ တခြားလူတွေလဲ လဲထားတော့ သူတို့လဲ အားနာနာနဲ့လဲလိုက်ကြတယ်။
ပြီးတော့ သူတို့အိမ်သားစားဘို့ကြော်ထားတဲ့ကြက်သားကြော်နဲ့ ထမင်းပူပူဆီဆမ်းဆားနယ်ပြီး ကလေးအယောက်စေ့ကို လိုက်ကျွေးတယ် ငရုပ်သီးစိမ်းနဲ့ဆားပန်းကန်ကပါသေးတယ် သူတို့လဲအရမ်းဆာနေတော့ ဟန်မဆောင်နိုင်တော့ဘူးကြိတ်ကြတာတဲ့......။
"အိမ်ပြန်ရောက်တော့ ကလေးက အဲ့ထမင်း စားကောင်းလိုက်ထာ မေမေရယ်တဲ့"
ထမင်းကျွေးရင်း မာမူကြီးက သူ့ရင်ဘတ်ကိုပုတ်ပြပြီး လာခေါ်ရင် ငါနဲ့ငါ့သားနှစ်ယောက်လိုက်သွားမယ် ကလေးတို့ကိုတော့မထည့်ဘူးတဲ့ ပြီးတော့ ရီစရာတွေလဲပြောပြတယ်တဲ့....။
အိပ်ခါနီး အန်တီကြီးက ဘီစကစ်လေးနှစ်ထုတ်စီလာဝေတယ် တကယ်လို့ဖမ်းခံရရင် သူတို့ဘာမှမကျွေးရင် လောလောဆယ်သားတို့စားဘို့တဲ့....။
သူတို့လဲ စားသောက်ပြီးတော့ မောမောနဲ့အိပ်ပျော်သွားကြတယ် ကံကောင်းချင်တော့ သူတို့ပုန်းနေတဲ့အခန်းကို ခွေးတွေတက်မလာဘူး....။
အိပ်ယာနိုးတော့ အနားနီးတဲ့ကလေးတွေက ပြန်ကုန်ကြပြီ သူတို့ကဝေးတော့ အိမ်ရှင်ဦးလေးမုတ်ဆိတ်ကိုယ်တိုင် အိမ်ရှေ့ထိလာပို့ပေးသွားတယ် မနေ့ကတော်လှန်ရေးမှာ ဝတ်ခဲ့တဲ့အဝတ်စားတွေကို အိတ်နဲ့သေချာထည့်ထားတဲ့ အထုတ်လေးတွေကိုယ်စီနဲ့ကားပေါ်ကဆင်းတော့ မာမူကြီးက နောက်နေ့တွေမလာတော့ဘူးလားတဲ့ ကလေးက ဟင့်အင်းဒီနေ့ဘဲလာမှာတဲ့....။
လွတ်လပ်ရေးရပြီးမှ ပျော်ပျော်နေမယ် အလုပ်ကောင်းကောင်းလုပ်မယ် ဂိမ်းပြန်ကစားမယ်တဲ့ ကလေးကပြန်ပြောတော့ အဲ့ဒါဆိုရင်လဲ အရေးကြောင်းဆိုရင် ဦးလေးတို့အိမ်ကိုဘဲ အချိန်မရွေးလာခဲ့ပါတဲ့....။
ကျေးဇူးတင် ချစ်ဘို့ကောင်းလိုက်ထာ ဦးမုတ်ဆိတ်ရယ် ....။ ဘာလူမျိုး ဘယ်ဘာသာမဆို လူစိတ်ရှိသူတွေက ရှိတာပါဘဲနော်....။ အိမ်ထိပြန်ပါလာတဲ့ ဘီစကစ်လေးနှစ်ထုတ်.....။
တကယ်ရင်ထဲထိမိတယ်
Post Crd
No comments:
Post a Comment