Tuesday, 23 April 2013

သင်္ကြန်တွင်းတုန်းက စားဖြစ်တာလေးတွေ.....


ဘဲဥစတူး

သင်္ကြန်တွင်းမှာ သူများအိမ်သွားနေတော့မှ ကိုယ့်ကိုယ်ကိုပိုသိလာရတယ်...။ သူများချက်တဲ့ဟင်းကိုပဲ နေ့စဉ်ရက်ဆက်မစားနိုင်ဘူးဆိုတာလေ...။ အဒေါ်တို့မိသားစုလိုက် ခရီးသွားနေတော့ အိမ်သွားစောင့်ပေးရတာ...။ အိမ်အကူတွေ စားဖိုမှူးတွေနဲ့ ဇိမ်ကျကျနေရပါတယ်..။ ဒါပေမယ့် တနေ့တနေ့ သူတို့ရဲ့ ပုံစံခွက်ထဲက အစားအသောက်တွေနဲ့ ငြီးငွေ့လာခဲ့တယ်...။ ဒါကြောင့် တစ်နေ့သော ညနေခင်းမှာ သူတို့ရဲ့ ဆီပျံဟင်း အတို့အမြှုပ်တွေကို မစားချင်တော့တဲ့သကာလ... ဒီဘဲဥစတူးဟင်းလေးကို ချက်ဖြစ်သွားတယ်ဆိုပါတော့...။ ချက်နည်းလေးက လွယ်လွန်လွန်းလို့....။ ဘဲဥကို မိနစ်နှစ်ဆယ်လောက် ကျက်တဲ့အထိပြုတ်ထား...။ နောက်အိုးအလွတ်တစ်ခုမှာ ရေ သုံးခွက် ပဲငံပြာရည်အနှောက် ထမင်းစားဇွန်းနှစ်ဇွန်း ဆားနဲနဲ ကြက်သားမှုန့်တစ်ဇွန်း ငရုတ်ကောင်းစေ့ရှစ်စေ့လောက် သကြား နဲ့ နာနတ်ပွင့် နှစ်ပွင့်ကို ဖျော်ထားလိုက်တယ်။ ဘဲဥကြက်ရင် ရေအေးခဏစိမ်ပြီး ခွာလိုက်မယ်...။ ခွာပြီးသားဘဲဥကို အစောက ပဲငံပြာရည်နဲ့အစာပလားများ ဖျော်ထားတဲ့အိုးထဲ နာရီဝက်လောက် မီးမြေ့မြေ့လေးနဲ့တည်ထား...။ စားခါနီးကျ အစိပ်လေးတွေစိပ်ပြီး ကိုယ်နှစ်သက်ရာ အသီးအရွက်တွေနဲ့အလှဆင်ပြီး ငရုတ်ဆီလေးနဲ့တို့စားလို့ရပါပြီ...။

ဒါက... အိမ်ရှေ့ဆိုင်က ဘိတ်မုန့်ဟင်းခါးဝယ်သွားတာ ချိုင့်ကလေးချစ်စရာနော်... ထိုင်းကုန်စည်ပြပွဲတုန်းက ၀ယ်ထားတာ အထဲက စတီးအံနဲ့

 မုန့်ဟင်းခါး ဆီထမင်း(သူများအိမ်က လာဝေသွားတာ) ကြက်ဥကြော် အမဲခြောက်ကြော်


 ဆီထမင်း ကြက်သွန်နီဆီချက်နဲ့ ပုစွန်ခြောက်ထောင်းလေးဆမ်းထားတာနဲ့ လက်ဖက်ရည် အိမ်ဖျော်

 ကြာဇံကြော်နဲ့ လက်ဖက်ရည်

 နေ့လည်နေ့ခင်း အားနေတော့ အွန်လိုင်းပေါ်မှာတနေကုန်တနေခမ်းပေါ့... ထမင်းမစားချင်ဘူး ရာသီဥတုကလဲ ပြင်းတယ်... ဟင်းနုနွယ်ရွက်ကို ပဲကြာဇံနဲ့ ဥနီနဲ့သုပ်ထားတာလေးရယ် လက်ဖက်ရည်ကြမ်းတစ်ခွက်ရယ်
 
ညကျတော့ ပုစွန်ခြောက်နိုင်နိုင် ပဲဆီရွှဲရွှဲ လက်ဖက်သုပ်ပန်းကန် လက်ဖက်ရည်ကြမ်းလေးနဲ့ ခင်နှင်းယုရဲ့ မဂ္ဂဇင်းဝတ္ထုရှည်စာအုပ်လေးနဲ့နှပ်တယ်...


သင်္ကြန်ဆိုတော့ အနည်းဆုံးမုန့်လုံးရေပေါ်တော့လုပ်ဖြစ်ခဲ့ပါတယ်


မိုးငွေ့


7 comments:

Candy said...

ဘဲဥစတူးလုပ်စားကြည့်ဦးမယ် ဒီမှာဘဲဥရှားတော့ ကြက်ဥစတူးပေါ့ :D :D

Aunty Tint said...

တီတင့် ရန်ကုန်မှာ ရှိနေရင် အဖော်လာလုပ်ပါတယ် မိုးငွေ့ရယ်... ကိုယ်တိုင်ကလည်း ရေခြားမြေခြား အလည်သွားနေလို့ :P
စကားမစပ် သင်္ကြန်တွင်း မရမ်းကုန်းရောက်နေတာလား?
ဒီသင်္ကြန်မှာ မုန့်လုံးရေပေါ်မစားခဲ့ရဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သဒ္ဓါလှိုင်း said...

စားစရာအားလုံး သွားရေကျအောင်ကြည့်ပြီးပြန်လှည့်သွားပါပြီ....
ချမ်းမြေ့ပါစေ မမိုး။။

ချစ်တဲ့ သဒ္ဓါ

Thandar Lwin said...

ကော်ဖီခါးခါးကြိုက်ပြီး ဖက်ရှင်မိုက်တဲ့ မိုးငွေ့လေးရဲ့ ဘဲဥစတူးကို အရမ်းခိုက်သွား...:D

Aunty Oo said...

အားလုံးနဲနဲစီမြည်းရုံနဲ.အမယ်များတော့ဗိုက်ကိုပြည့်သွား
တာဘဲ။ကျေးဇူးဘဲမိုးငွေ.ရေ။

စံပယ်ချို said...

နှိပ်စက်လေခြင်းကွယ်

မောင်သီဟ said...

ရိပ်သာသွားနေမလား တွေးနေတား)
လက်စသတ်တော့ အီမားအိမ်တွင်းအောင်းနေတာကိုး

ပုံ

မောင်ဘကြိုင်