Tuesday, 30 April 2013

ကောင်မလေးရဲ့ Holiday.....





ခုတလော...နားထောင်ဖြစ်နေတဲ့ ဟဲလေးရဲ့ “ဒယ်ဒီဟဲလေး” အမ်ဘမ်ထဲက သီချင်းလေးပါ.....။ 
ယူကျုကနေ ချစ်စရာကာတွန်းပုံလေးတွေနဲ့လုပ်ထားတာကို ဆွဲယူထားတာပါ....။ သီချင်းလေးထဲမှာ ကောင်လေးနဲ့ကောင်မလေးက အပြင်မှာ တခါမှမဆုံဖူးသေးတဲ့ သူတွေ အွန်လိုင်းသူငယ်ချင်းတွေပေါ့...။ အားလပ်ရက်လေးတစ်ရက်မှာ ကော်ဖီဆိုင်လေးမှာ တွေ့ချင်တဲ့အကြောင်းလေးကို ချစ်စဖွယ်လေးရေးဖွ့ဲထားတာ... ။ ဟဲလေးနဲ့အတူ  အစ္စဏီ ဒီယံ ဉာဏ်လင်းအောင် တို့က featuring ဆိုပေးထားတဲ့ လူငယ်ကြိုက် အချစ်သီချင်းအေးအေးလေးပါ ...:)

ဒီနေ့လကုန်ရက်ဆိုတော့ .. ပျော်ရွှင်သောနေ့ ကောင်းသောနေ့ကလေးဖြစ်ပါစေလို့...။ 
ဒါနဲ့ နက်ဖန်ပိတ်တယ်နော်... အိမ်မှာ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်းအနားယူနိုင်ကြပါစေလို့လဲ ထပ်ပြီးဆုတောင်းပေး လိုက်ပါတယ်...။


မိုးငွေ့ 

No comments: