Friday, 27 April 2012

လမင်းလှေငယ်.....





တန်ခူးလဆန်း ၆ ရက်နေ့ညရဲ့ ကောင်းကင်ယံမှာ ချိပ်ဆွဲထားတဲ့ လခြမ်းလေးက ... ရေအိုင်မှာ ပေါလောမျောနေတဲ့ လှေငယ်တစ်စင်းလိုပဲ... လှတပတရှိလိုက်တာ.....။

နက်ပြာရောင်ကောင်းကင်းက ဒီညမှာ ခပ်ဖျော့ဖျော့ရှိလှတယ်...။ ငွေမှင်ရောင်ဖိတ်လက်နေတဲ့ လခြမ်းငယ်လေးကြောင့်ထင်တယ်...။ လနဘေးမှာ အလင်းရောင်ပြန် ဝိုင်းစက်စက်လေးရှိနေလေရဲ့.....။ ဒီညလခြမ်းလေးကြည့်ရတာ စိတ်ထဲတစ်မျိုး ကြည်နူးမိနေတယ်....။ ကြယ်တွေကင်းစင်တဲ့ကောင်းကင်မှာ သူတစ်ဦးတည်း ပြုံးနေသလိုပဲ......။

တစ်စုံတစ်ဦးရဲ့ အပြုံးတွေ ထင်ဟပ်နေလို့လား.....။ နောက်ဖေးပြုတင်းပေါက်မှာ လက်ဆေးရင်း အကြာကြီးငေးမောကြည့်မိတယ်....။ ညဉ့်လေပြေ အေးမြမြက ဆံနွယ်တွေကို ကလူကျီဆယ်သွားသေးတယ်..။

တကယ်ဆို ကိုယ်တို့နှစ်ယောက်က တူညီတဲ့ ကောင်းကင်တစ်ခုတည်းရဲ့ အောက်မှာအတူရှိနေကြတာပါ...။

မင်းလည်း ကိုယ့်လို လခြမ်းကိုမော့ကြည့်နေသလား အိန်ဂျယ်..။
ကောင်းကင်ပြင်မှာ လခြမ်းငယ်ကိုအတူစီး လှေလှော်တမ်းကစားကြမယ်လေ.....။ မင်းမပျင်းအောင် ကိုယ် ပုံပြင်လေးတွေပြောပြမယ်....။ မင်းအိပ်မငိုက်အောင် မင်းကြိုက်တဲ့ အမေကန်နိုဖျော်တိုက်မယ်.......။ မင်းသီချင်းလေးတွေဆိုရအောင် ကိုယ်ကိုယ်တိုင် ဂီတာတီးပေးမယ်......။ မင်းအပြုံးတွေ လတ်ဆတ်အောင် ကိုယ်စွမ်းဆောင်ပေးမယ်....။

မင်း အမြဲပြုံးပျော်ပါစေ..... ဟော...ဟိုမှာ တွေ့မြင်နေရတဲ့ ခပ်ပြုံးပြုံး လခြမ်းငယ်လေးလိုပေါ့.....။
ရှပ်အကျီၤဖြူလွလွနဲ့ လုံချည် သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူငယ်လေးတွေကို မြင်တိုင်း မင်းကိုပြေးမြင်မိတယ် ...။
ဒီည လခြမ်းငယ်လေးကိုကြည့်ရတာ လွန်ခဲ့တဲ့ နှစ်က ကမ်းခြေမှာ ပြုံးပျော်နေတဲ့ လူငယ်ကလေးတစ်ယောက်ကို လွမ်းတမိပါရဲ့.....။

အော်....ခက်ပါရဲ့ကွယ်..... အလွမ်းဓာတ်ခံရှိသူမို့.... မြင်မြင်ရာတိုင်း လွမ်းဆွေးနေရလို့...လူတွေတောင် ကိုယ့်ကို အလွမ်းမင်းသမီးလို့ဆိုကြပြီကွယ့်....။

အိန်ဂျယ်ရေ....
နေ့လည်တုန်းက မင်းကိုတွေ့လိုက်တယ်....ကွန်ရှေ့မှာထိုင်နေတဲ့ မင်းနောက်ကျောလေးကိုပါ...။ ကိုယ် နှုတ်မဆက်တော့ပါဘူး....။ ရုတ်တရက်ကိုယ့်ကို မင်းတွေ့လိုက်ရင် ရှော့ခ်ရသွားမစိုးလို့ပါ...:)

ဒီညတော့...ဘာရယ်မဟုတ်ဘူး သိပ်လှတဲ့ လခြမ်းလေးကိုမြင်ပြီး မင်းကိုသတိရသွားလို့ ရေးလိုက်တာ...။


မိုးငွေ့

10 comments:

ကိုရင် said...

ဖတ်ရတာ ရှတတနဲ့..
ပေါ့သလားဆိုတော့လည်း လေးသလိုလို..
လေးသလားဆိုတော့လည်း ပေါ့သလိုလိုနဲ့..

အင်း..လုပ်တိုင်းကို ဖြစ်နေကြတော့တာပဲ :)

မိုးသက် said...

ကောင်းတယ်.. အစ်မ.. ။ အိန်ဂျယ်လေးနဲ့လည်း ခုထိကို မဆုံဖြစ်သေးဘူးလား.။ ကြာပြီနော်.။

လွင်ပြင်လှိုင်းငယ် said...

အိန်ဂျယ်လေးရေ မြန်မြန်သိလိုက်ပါတော့

စံပယ်ချို said...

တစ်ကယ်လို့လပြည့်ကြီးကိုမြင်ခဲ့ရင်????
(လူကြုံကလဲတစ်ကယ်ပါပဲ စိတ်ညစ်တယ် ပြောရတာလဲအားနာနေပြီ-----
တာဝန်မယူချင်ရင် အစကတဲက တာဝန်မယူနဲ့ပေါ့နော်)
ပြန်လာရင်တွေ့ကြမယ် ဟင်းဟင်း

မောင်သီဟ said...

အမ်မလေးဗျာ အိန်ဂျယ်တော့ သိဖူးရယ် ဖတ်မိတဲ့ မောင်ဘကြိုင်တောင် ရင်တုန်ပန်းတုန်ဖြစ်ရတယ်
အိမ်ဂျယ် သြော် အိမ်ဂျယ်းဝး)း)း)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ိအိန်ဂျယ် တစ်ယောက် မသိဟန်ပြုနေလေသလားပဲ...

ညိမ်းနိုင် said...

အမေကန်နိုတော့တိဝူးဗျ၊အမေကန်ငိုတော့တိရယ်..၊
ငယ်ငယ်က စာမကျက်ပဲအိပ်ငိုက်ရင် အမေက ကန်
ရော...ဒီတော့ ငိုရရောပေါ့....၊အဲ့ဒါ အမေကန်ငို..
ပဲဗျိုး....:P (စတာနော်...မမိုး...:)))
တိုက်တိုက်ဆိုင်ဆိုင် ၂၆ရက်နေ့က ညဘက် လခြမ်း
ကွေးလေးကို တမေ့တမော မော့ကြည့်နေမိသေးတယ်
ဗျ...၊လဆိုတာ မပြည့်လည်းလှ ပြည့်လည်းလှ
နေတာပဲဗျနော်.....။

ညလင်းအိမ် said...

ရှပ်အကျီင်္ဖြူလွလွနဲ့ လုံချည် ....

မမီး .. မမီး ...

ခံစားတတ်လိုက်တာ ..း)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လခြမ်းလေးရဲ့အောက် ခပ်လှမ်းလှမ်းထောင့်တစ်နေရာလေးမှာ ကြယ်လေးတစ်လုံးလည်း လင်းလက်နေခဲ့သေးတယ်။
း)

San San Htun said...

ကြယ်တွေကင်းစင်တဲ့ကောင်းကင်မှာ သူတစ်ဦးတည်း ပြုံးနေသလိုပဲလား..အရေးအသားက မိုက်တယ် မမိုးငွေ့ 