ဝက်ပေါင်ခြောက်က ခဲအိုတစ်ဝမ်းကွဲလေး စင်ပူကလာလို့လက်ဆောင်ရထားတာ....။ အချပ်လိုက်လေးကို ကပ်ကြေးနဲ့ညှပ်ပြီး ထမင်းပေါင်းအိုးထဲ ခဏနှပ်ထားရင်စားလို့ရပြီ....။
စီးတီးမတ်က သုံသုံပဲပြားဗူးလေးတစ်ဗူးဝယ်လာတယ် အပျော့စားလေးပါ ပဲပြားက...။ ပဲပြားကိုပေါင်းမယ့် ပန်းကန်ထဲအတုံးမပျက်ထည့် ပြီးရင် ဓါးလေးနဲ့ အတုံးလေးတွေလှီးပေး ပဲငံပြာရည်လေးအပေါ်က လောင်းပြီးဘေးမှာခဏထားထား....။ ပဲပြားပေါ်တင်မယ့် ကြက်(သို့)၀က်သားနုတ်နုတ်စင်းကို ကြက်သွန်ဖြူလေးဆီသတ် ဟင်းခတ်မှုန့်နဲ့ ပဲငံပြာရည် ငရုတ်ကောင်းလေးနဲ့ ကြော်လိုက် အသားလေးမွှေးလာပြီဆို စောစောက ပဲပြားပေါ်ခပ်ပြီးဖြန့်ခင်းလိုက်...ပေါင်ချောင်ထဲကို ဆယ်မိနစ်ထည့်ပေါင်း စားခါနီး ကြက်သွန်နီမှိတ်ကလေး လှီးပြီးဖြူးလိုက် အိုကေပြီ......။ လုပ်စားကြည့်နော် လွယ်လွယ်လေးပါ......။
မိုးငွေ့
7 comments:
လုပ်စားကြည့်ဦးမယ် မိုးငွေ့ရေ.. ဘာချက်စားရကောင်းမလဲ ဆိုပြိး တစ်ရက် တစ်ရက် စဉ်းစားရတာ က ပိုပြီး အချိန်ကုန်နေတယ်.. ခုတော့ စိတ်ကူးရပြီ..
ချစ်တဲ့
ဝသုန်
သွားရည်ယိုလိုက်တာ ငါ့နှယ် ပုံကြည့်ပြီးတောင် ငတ်ကြီးကျတဲ့ အဖြစ် ဂလု
ရှလွတ် ဂလု.. အဟိ
တံတွေးပဲပြန်မြိုချသွားရတယ် :P
မမီးရေ .. သွားရည်ကျသွားပါတီ.... :D
အဲ့ ဝက်သားအပြားက ဈေးကြီးတယ်ဂျ...၊
ကျွန်တော်ဆို နှစ်ကူးမှာ သူဌေးလက်ဆောင်ပေးမှ
စားနိုင်တာ....:)))
ဆိုတော့ လာမယ့် နှစ်ကူးမှလုပ်စားတော့မယ်နော်..:P
စားချင်စရာကြီး. ဟီးဟီး. ရှမ်းခေါက်ဆွဲထဲထည့်စားလိုက်ရရင် အဆင်ပြေမယ့်သဘောရှိတယ်.။
လွယ်သားဟ လုပ်စားဦးမယ်
Post a Comment