Wednesday, 11 April 2012

နှစ်သစ်နှုတ်ဆက်စာ.....

သာမီးရဲ့ ခပ်ညံ့ညံ့လက်ရာ ပိတောက်ပန်းလေး
မိုးလေးတစ်ဖျောက်နှစ်ဖျောက်ရွာလိုက်လို့ထင်ပါ့.... မနက်လင်းချင်း ၀ရံတာထွက်ကတည်းက မျက်စောင်းထိုးနားက အပင်ကကြွေတဲ့ ပိတောက်တွေ ကတ္တရာလမ်းပေါ် ပျံ့ကျဲလို့......။ ဒီမနက်မြင်မြင်ရာ အမျိုးသမီးတွေရဲ့ ခေါင်းမှာ ပိတောက်ပန်းတွေဝေလို့.......။ ပိတောက်ကကိုယ်အကြိုက်ပန်းထဲက မဟုတ်ပါဘူး....။ တကယ်ဆို ကိုယ်က ပန်းတွေကို သိပ်မနှစ်သက်တတ်တဲ့ မိန်းမ မဆန်တဲ့ မိန်းမတစ်ယောက်ပါ......။ ပန်းမကြိုက်တဲ့ အကောင်ပလောင်လေးတွေကို မချစ်တတ်တဲ့သူရဲ့ နှလုံးသားဟာ နူးညံ့နိုင်ပါ့မလား....။ ဒီနေ့ အလုပ်နောက်ဆုံးတက်ရမယ့်နေ့...။ လက်စသတ်စရာရှိတာတွေလုပ်ရုံပါပဲ....။ ကိုယ့်အလုပ်စားပွဲဆီကို ညီမတစ်ယောက်က ပိတောက်ပန်းခက်ကလေးကိုင်ပြီးရောက်လာတယ်.....။ ကိုယ့်အထင်တော့ သူတို့လမ်းနားက အပင်ကရလာလို့လာပေးတယ်ပေါ့....။ အမနာမည်နဲ့ကောင်လေးတစ်ယောက် လာပေးသွားတာတဲ့....။ လာပေးတဲ့ကောင်လေးကလဲ... အစ်ကိုတစ်ယောက်ကပေးခိုင်းလိုက်တာလို့ပြောသတဲ့..။ ဟမ်!!!! ကိုယ့်ကို ဘယ်သူ ပိတောက်ပန်းပေးတာလဲ.....???? ပိတောက်ခက်ကလေးကို ကိုင်ပြီး ကိုယ်အတွေးများနေမိတော့တယ်...။ ဆက်စဉ်းစားနေရင် အလုပ်ဖြစ်မှာမဟုတ်...။ ပန်းကို ဘုရားကပ်လိုက်တယ်......။ ကိုယ်မှပန်းမပန်တတ်တာ....။ အပွင့်ဝါ၀ါလေးတွေကိုကြည့်ရတာ အပြစ်ကင်းစင်လိုက်တာ ရနံ့ကလေးမွှေးပျံပျံနဲ့ ပိတောက်မကြိုက်တတ်တဲ့ ကိုယ်တောင် အဲဒီပန်းကလေးကို ကြိုက်ချင်သလိုလိုဖြစ်သွားတယ်... (သူဆွဲဆောင်နေတာလေ)။ ဘာပဲဖြစ်ဖြစ် ဒီပိတောက်ခက်ပိုင်ရှင်ကိုတော့ ကျေးဇူးတင်မိပါတယ်...။ နှစ်သစ်မှာ ပိတောက်ပန်းမကြိုက်တဲ့ ကိုယ့်ကို သိပ်လှပြီး မွှေးပျံ့တဲ့ ပိတောက်ခက်ကလေးတစ်ခက်နဲ့ ပဟေဠိဆန်ဆန် နှုတ်ဆက်လိုက်လို့ပါပဲ.....။ အိန်ဂျယ်.......အိန်ဂျယ်များလားဟင်........ မမျှော်လင့်ရဲပေမယ့် ကိုယ့်မျှော်လင့်ချက်ငွေ့ငွေ့ကလေးက လေထဲမှာ စက္ကန့်ပိုင်းကလေးပဲလွင့်ပြယ်သွားတယ်...။ အိန်ဂျယ်က ကိုယ်အလုပ်လုပ်တဲ့နေရာကိုမှမသိတာ......။ မင်းဆီက ပိတောက်ပန်းတစ်ခက် ရေချမ်းတစ်စက်လောက်တောင်မှာ ကိုယ့်မှာမျှော်လင့်ပိုင်ခွင့်မရှိတော့ဘူးလား.......။ စောစောက ကြည်နူးရာကနေ အတွေးစတွေက စိုနင့်တဲ့ဖက်ကူးလာတယ်....။ ဒါနဲ့ မှတ်မှတ်ရရလေးဖြစ်သွားအောင် မတတ်တခေါက်နဲ့ အိန်ဂျယ့်အတွက်ရည်ရွယ်ပြီး ပိတောက်ပန်းခက်ကလေး ဆွဲလိုက်မိတော့တယ်......။ မဆုံဖြစ်ပေမယ့် ဒီစာလေးနဲ့နှုတ်ဆက်လိုက်ပါတယ် အိန်ဂျယ်......။ ပျော်ရွှင်အေးချမ်းသော နှစ်သစ်လေးဖြစ်ပါစေ။ မိုးငွေ့

16 comments:

ညိမ်းနိုင် said...

ပျော်ရွင်ကြည်နူးဖွယ်နှစ်ကူးသမယလေးဖြစ်ပါစေနော်..။
စကားမစပ် ပိတောက်ပန်းပုံလေးကိုသဘောကျသွားတယ်၊
ရေးမထားရင် ပိတောက်ပန်းမှန်းကိုသိမှာမဟုတ်ဘူး...
ဟီး..စတာ...။

Yin Sue said...

မကြီးမိုးငွေ့က ပုံဆွဲလည်းတော်တာဘဲ...အခုမှသိတယ်....မကြီးမိုးငွေ့ရဲ့
ဇာတ်လိုက်မင်းသားအိန်ဂျယ်လေး ပေးတာဖြစ်ပါစေ...

ညီလင်းသစ် said...

အလုပ်နေရာကို မသိချင် ယောင်ဆောင်နေတာ ဆိုရင်ကော..?း) ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်ရွှင်သော နှစ်သစ်နဲ့အတူ မျှော်လင့်ခဲ့တာတွေက ပိတောက်တခက်လို ဝါဝါညက်ညက်လေး သင်းပျံ့ပြီး ရောက်လာပါစေဗျား...။း)

ညီရဲသစ် said...

အလုပ်တွေ ပိတ်ပြီပေါ့နော် အစ်မ... အားကျတယ် အစ်မတို့ ရဲ့ အလုပ်ပိတ်ရက်တွေကို... အိန်ဂျယ်ပို့ ပေးလိုက်တဲ့ ပိတောက်မဟုတ်ရင် ဘယ်သူပို့ ပေးလိုက်တဲ့ ပိတောက်လဲ အစ်မ...

မိုးသက် said...

အစ်မမိုးငွေ့ ကိုနှစ်သစ်နဲ့အတူ ပျော်ရွှင်ပါစေ. လို့ဆုတောင်းပေးပါတယ်.။ မဆွဲတတ်တဲ့ပိတောက်ပန်းလေးကလည်း လှတယ်ဗျာ.။ဟီး.

Snow May said...

ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ မမ !!
အက်ဆေးလေးလာဖတ်သွားပါတယ် :)

Han Kyi said...

တစ်ယောက်ပျို ပိတောက်ကိုချစ်သလို
တစ်ယောက်ပျိုကို ကိုယ်ကချစ်ခဲ့
မင်း...ပိတောက်ချစ်သလိုပါကွယ်...

ပိတောက်ပန်းပေးတဲ့လူက အနှီသီချင်းလေးပါ ဆိုပြသွားရင် ဘယ်လောက် ရိုမန်းတစ် ပိုဆန်သွားမလဲမသိ...

ဦးဟန်ကြည်တို့ကတော့ တောသားဆိုတော့ တောသီချင်းပဲ စိတ်ကူးမိတာပ...မိုးငွေ့ရဲ့ အိန်ဂျယ်ကတော့ ရက်ပ်တွေနဲ့များ ဆိုပြသွားသလား စဉ်းစားစရား)

ပျော်ရွှင်ပြည့်စုံသော မြန်မာနှစ်ကူး အခါသမယဖြစ်ပါစေဗျား...

အိမ့်ချမ်းမြေ့ said...

ပိတောက်ပန်းလေးက ချစ်စရာ...း))
ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ မိုးငွေ့..

စံပယ်ချို said...

ပန်းလာပေးတဲ့သူတွေဘာတွေနဲ့ပဲ
နှစ်သစ်မှာပျော်ရွှင်ပါစေ

လရိပ်အိမ် said...

ပိတောက်ပန်းလေးကလှပါတယ်
နှစ်သစ်ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ....

လွင်ပြင်လှိုင်းငယ် said...

ပိတောက်ပုံလေးက ကဗျာဆန်တယ်

blackroze said...

မကြီးရဲ့ မပီမပြင် ပိတောက်ပန်းလေးက
မွေးလိုက်တာလေ..
ပန်းလေးမြင်လိုက်ကထဲက
ပိတောက်နံလေးပါသင်းလာသလိုဘဲ
ပစ်ပစ်ဆိုသင်္ကြန်နဲ့ဝေးတာကြာပေါ့
အမရယ်..
သင်္ကြန်အငွေ့သက်လေးတွေကိုလွမ်းတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အိန်ဂျယ်ဆိုတာ အရာရာသိနိုင်တာမို့ မမိုးအလုပ်ကိုလည်း သိကောင်းသိနေမှာပါ
ဘာဘဲဖြစ်ဖြစ် အိန်ဂျယ်ပေးတယ်လို့ တွေးပြီး စိတ်ချမ်းသာရရင်လည်း ဖြစ်တယ် မဟုတ်လား
မမိုးရဲ့ လက်ဆောင်းပိတောက်ခက်လေးကိုကြည့်ပြီး အိန်ဂျယ်လည်း ပျော်ရွှင်နေမှာပါ
နှစ်သစ်မှာ မင်္ဂလာရှိပါစေ
ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေ မမိုးရေ

San San Htun said...

ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ မိုးငွေ့ ရေ..ဗွမ်း..ဗွမ်း..ဗွမ်း

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ပိတောက်တစ်ခက် ဘယ်သူလက်ဆောင်ပေးလဲဆိုတာ သိချင်ပါရဲ့မိုးငွေ ရာ..

ချစ်တဲ့ဝသုန်

မဒမ်ကိုး said...

အိန်ဂျယ်ရေ

ပိတောက်တွေနဲ့မင်းပျော်နေမလား ရေတွေရွှဲလို့မင်းချမ်းနေမလား

မမမိုးငွက်ရေ

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်

ချစ်တဲ့

ဂျာရစ်