Sunday, 25 December 2011
ကိုယ်ယောင်ဖျောက်ချစ်သူ.......
ကိုယ့်ရဲ့ ညတွေက မှောင်လွန်းတယ် ... အလွမ်းငွေ့တွေက အေးစက်စက်နိုင်လွန်းတယ် ... ကိုယ်ယောင်ဖျောက်သူကို ရှာဖွေရလွန်းလို့လဲ မောပန်းလှပြီ ... ဒီဇင်ဘာရဲ့ နှင်းစက်တွေကြား အလင်းမြူမှုန်တစ်ပွင့်စာမှ ဝေးကွာနေရလား ချစ်သူ ဖူးပွင့်အံကျလာတဲ့ နှလုံးသား ဗုံသံတွေ စည်းချက်ကျနစေဖို့ ကိုယ့်မျက်ရည်တွေ ချောင်းစီးပေးရမှာလား ... အလွမ်းနဲ့ရေးတဲ့ ဇာတ်ထုပ်တခုက ဒီဇင်ဘာမှာ မဖိတ်ခေါ်ပဲ ရောက်လာတယ် .. (သူ့လို့ ကိုယ့်လိုပေါ့) နှင်းသားနန်းတော်အောက် ပန်းမကြွေလည်း ကောက်ကြစို့ ချစ်သူ ... ဖြူစင်ကြွရွနေတဲ့ အလင်းဖြာဖြာ အပွင့်တွေ ရင်ထဲမှာ အဆုတ်လိုက်ပါပဲ ... တဖြည်းဖြည်းကြွေမလို့နဲ့ ဝှေ့ကာဝင်တိုက်ခတ် နှလုံးသား တစ်ခန်းရပ်တံ့သွားရတယ် ... ကိုယ်ယောင်ဖျောက်သူကတော့ ဝေးမြဲဝေးဆဲ ...။(ညလင်းအိမ်)
မှတ်ချက် ။ ။ ကျမရဲ့ နစ်မှာ “ကိုယ့်ရဲ့ ညတွေက မှောင်လွန်းတယ် ... အလွမ်းငွေ့တွေက အေးစက်စက်နိုင်လွန်းတယ်....ကိုယ်ယောင်ဖျောက်သူကို ရှာဖွေရလွန်းလို့လဲ မောပန်းလှပြီ”လို့ရေးထားတာကို ကျမရဲ့ မောင်လေး အသဲကွဲကဗျာဆရာ ညလင်းအိမ်က ခုလို ကဗျာတစ်ပုဒ်အဖြစ်ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်...။ ကျေးဇူးပါ မောင်တူး ...။
Subscribe to:
Post Comments (Atom)

4 comments:
ခံစားအားပေးလျှက်ပါ...မမ
ကဗျာကို ခံစားသွားပါတယ်။
သြော်သြော် သူရေးတာလား
သူက ကဗျာဆရာလေ
း)
သူ့ကဗျာတွေကိုကြိုက်တယ်
ကဲ မဝေးဘဲ အမြန်ဆုံးနီးနိုင်ပါစေ မိုးရေ
အေးမြတဲ့ဒီဇင်ဘာညတွေ အမြန်ဆုံးနွေးထွေးပါစေနော်
ချစ်တဲ့
မဒိုးကန်
Post a Comment