Thursday, 8 December 2011

စောင့်နေမယ်....နှင်း




ဒီခုံတန်းလေးက နွေတုန်းကတော့ အောက်ခြေမှာ ရွက်ကြွေတွေထူထပ်ရှုပ်ပွလို့......။ မိုးရာသီမှာတော့ ဒီနေရာလေးကို ကိုယ်တခါမှမရောက်ဖြစ်ဘူး......။ ခုံတန်းလေးမိုးရေတွေနဲ့ စိုစွတ်ပြီးရေညှိတွေတက်ချင် တက်နေမှာ..။ ခုလို ဆောင်းဦးမှာတော့ နှင်းတွေစိုစွတ်စွတ်နဲ့ရှိနေတယ်...။ နဲနဲပိုအေးလာရင် နှင်းခဲတွေအပုံလိုက်ဖုံးလွှမ်းလာလိမ့်မယ်......။
ခုံတန်းလေးကနေ ကိုယ်စောင့်နေခဲ့တယ် မင်းကို....။ ဟိုးးနှစ်... ဆောင်းကတည်းကပေါ့....။ ခုတော့ ဆောင်းဦးပေါက်ကိုတောင်ပြန်ရောက်လာပြီ....။ မင်းကတော့ လမ်းကြုံရင် ဒီခုံတန်းရှေ့ကနေဖြတ်ဖြတ်သွား တတ်တယ်....။ တခါတလေလည်း မင်းက စိတ်ရှည်လက်ရှည်နဲ့ ကိုယ်နဲ့အတူစကားလာထိုင်ပြောတယ်.....။ မင်းစကားလာပြောတဲ့ချိန်ဆို.... ခုံတန်းနောက်က မေဘယ်လ်ပင်ပေါ်က အရွယ်ကလေးတွေက ဆောင်းလေထဲလွှင့်မြူးလို့ ခုန်ဆင်းလာတတ်ကြတယ်.......။ သူတို့ကတောင် မင်းကို ကြိုဆိုနေတတ်ပြီ.......။ ကိုယ်ကတော့ မင်းဖြတ်အလာကို စောင့်မျှော်ရသူလေ.....။ ကြာကြာနေမှ ကိုယ်တို့တွေ့ဖြစ်တာပါ......။ ခုံတန်းနေရာမှာ ကိုယ်ကသာ အမြဲရှိနေတတ်ပေမယ့် မင်းကတော့ တခါတလေမှ အဲဒီရှေ့ကဖြတ်လျှောက်တတ်သူလေ....။

ကိုယ်ကြိုက်တတ်မှန်းသိလို့ထင်တယ် မင်းရောက်လာရင် ကော်ဖီခါးခါးမွှေးမွှေးလေးတစ်ခွက်အမြဲပါလာတယ်.....။ အဲဒီလောက်ဂရုစိုက်မှုရတာနဲ့တင် တစ်နှစ်ပတ်လုံးမှာ မင်းတစ်ခါတည်းပဲရောက်ခဲ့မယ်ဆိုရင်တောင် ကိုယ်ကျေနပ်တယ်....သိလား ...။ ပြီးတော့ မင်းလာရင် ကိုယ့်ကို အမြဲ မေးခွန်းတွေမေးတတ်တယ်....။ တခါတလေ မင်းကမေးခွန်းတွေကို တန်းလန်းထားခဲ့ပြီး ပြန်သွားတတ်သေးတယ်....။

မင်းကိုစောင့်ရင်း ကိုယ့်အနားမှာ ခုံတန်းရယ် သစ်ပင်တွေရယ် နှင်းတွေရယ်ပဲ အဖော်ရှိတာ....။ သူတို့နဲ့ကိုယ် တော်တော်ရင်းနှီးနေပြီ....။ တကယ်တမ်း....မင်းက နှင်းနဲ့တူတယ်........။ မင်းစိတ်က နှင်းတွေလိုပဲ အဖြူထည်သက်သက်ပဲ....။ မင်းအမူအကျင့်ကလဲ နှင်းလိုပဲ အေးစက်စက်နဲ့လေ...။ ကိုယ်ကတော့ တခါတလေမှ ရောက်လာတတ်တဲ့ နှင်းကို လွမ်းနေတတ်သူပေါ့....။ ဒီနှစ်ဆောင်းကပိုအေးတယ်နော်......။ မင်းလဲ အလာကျဲသွားတယ်.......။ ဆောင်လေအမြူးမှာ ပျောက်ကွယ်သွားပြန်တယ်.......။ ခုလိုချမ်းချမ်းစီးစီးမှာ ကိုယ့်အတွက်အနွေး ဓါတ်ဖြည့်ဖို့ မင်းဆီက ကော်ဖီပူပူတစ်ခွက်လောက်သောက်ရရင် သိပ်ကောင်းမှာပဲ.....။ ကိုယ့်ဆီကို နောက်တခါ ဘယ်ချိန်ရောက်လာမလဲဆိုတာမသိပေမယ့် ကိုယ်မင်းကိုစောင့်နေပါ့မယ် .....နှင်း...။ 


မိုးငွေ့


6 comments:

မဒမ္ကိုး said...

ကိုယ်လဲတွေ့ချင်ပါသေးတယ်နှင်းရေး)

အမ်တီအန် said...

ဒီနှစ်ဆောင်း မအေးသေးဘူး...
နှင်းတွေကြားမှာ အဲ့လို ခုံတမ်းလေးမှာ ထိုင်ခဲ့ဘူးတယ်...:)

စံပယ်ချို said...

ချစ်သူအနားမှာ မရှိတဲ့အချိန်ဆိုဘယ်ရာသီ
ဖြစ်ဖြစ်အေးနေတယ်လို့ခံစားရပါတယ်
ချစ်တဲ့ jasmine

ညီရဲသစ် said...

ဒီနှစ်ဆောင်းက ပိုအေးတယ်လား...
ကျွန်တော်တော့ ဆောင်းအရသာကို မခံစားရတာ ကြာပါပြီ အစ်မရယ်...

မီးမီးငယျ said...

နှင်းရေ..
ကိုယ်အားသေးဘူး။
အားရင်တော့အပြေးလာခဲ့မယ်။
အေးနေမှစိုးလို့ ။
အိမ်ထဲမှာဘဲစောင့်နေနော်..:P

Candy said...

နှင်းမပြောနဲ့ ဆောင်းဆိုတဲ့အရသာလေးတောင် ခံစားခွင့်မရှိတာပါ မမရယ် :(